Monday 2 February 2015

ဒဂုံ (၄) မြို့နယ်အား စက်မှုဇုန် အကောင်အထည် ဖော်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဒဂုံမြို့သစ် လေးမြို့နယ်အား ကုန်စည် ပို့ဆောင်ရာတွင် အချက်အချာ ကျသည့် စက်မှုလုပ်ငန်းများ ထွန်းကားသည့် နေရာတစ်ခုအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့် က ပြောသည်။

ဒဂုံ လေးမြို့နယ်က ဟံသာဝတီ လေဆိပ်နဲ့ သီလ၀ါအထူးစီးပွားရေးဇုန်အကြားမှာ အချက်အချာကျတဲ့ နေရာတစ်ခုပါ။ Master Plan  အရ စက်မှုဇုန်တွေလည်း ထပ်ပြီးတည်ဆောက်မှာဖြစ်တယ်ဟု မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။ အဆိုပါ လေးမြို့နယ်အား ကုန်စည် ပို့ဆောင်ရာတွင် အချက်အချာကြသည့် နေရာ ဖြစ်စေရန်လာမည့် ဘဏ္ဍာနှစ်မှစ၍ ၂၀၃၀- ၂၀၃၁ ခုနှစ် ဘဏ္ဍာနှစ်အထိ ဆောင်ရွက်သွားမည် ဖြစ် ကြောင်းသိရသည်။

ထို့ပြင် တိုးတက်လာသည့် လူဦးရေနှင့်အညီ ဒေသဖွံ့ဖြိုးရေးများဖြစ်သည့် ရေပေးဝေရေး၊ တံတားများ တည်ဆောက်ရေး၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ရေစီးရေလာ ကောင်းမွန် စေရေးနှင့် ရေဆိုးသန့်စင် စက်ရုံများ စသည်တို့ကိုလည်း လာမည့်ဘဏ္ဍာနှစ်တွင် ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ် ကြောင်းသိရသည်။

အခုဆို ဒဂုံမြို့သစ်တွေထက် လှိုင်သာယာကတောင် ပိုပြီးဖွံ့ဖြိုးနေတယ်။ အဲဒါကြောင့်  ဒေသဖွံ့ဖြိုးရေး တွေ လုပ်သင့်ပါတယ်။ ဒါပေမဲ့ အစိုးရက အမှန်တကယ်ပံ့ပိုးပေးဖို့တော့ လိုတယ်ဟု စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကပြောသည်။ လက်ရှိ ဒဂုံ လေးမြို့နယ်သည် ရန်ကုန် မြို့ မြေဧရိယာ၏ (၄၀) ရာခိုင်နှုန်း အကျယ်အ၀န်းရှိပြီး၊ လူဦးရေကိုးသိန်းကျော် နေထိုင်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment