Monday 2 February 2015

မြန်မာ-လာအိုချစ်ကြည်ရေးတံတားတည်ဆောက်မှုလုပ်ငန်းကို အရှိန်မြှင့်

မြန်မာ - လာအို ချစ်ကြည်ရေး တံတား တည်ဆောက်နေ မှုအား တွေ့ရစဉ်။ ဓာတ်ပုံ - MNA
မဲခေါင်မြစ်ကိုဖြတ်လျက် ရှမ်း ပြည်နယ်ရှိ တာချီလိတ်နှင့် လာအို နိုင်ငံ လောင်နမ်သာပြည်နယ် တို့ကို ပေါင်း ကူးပေးမည့် ချစ်ကြည်ရေးတံ တားဆောက်လုပ်နေခြင်းကို မြန်မာ နှင့် လာအိုတို့က အရှိန်မြှင့်လိုက် သည်ဟု တရားဝင် သတင်းတစ်ရပ် က ဖေဖော်ဝါရီ ၁ရက်၌ ဖော်ပြသည်။
ထိုကိစ္စကို နေပြည်တော် ၌ ကျင်း ပသည့် မြန်မာ-လာအိုနှစ်နိုင်ငံ ဝန် ကြီးအဆင့်အစည်းအဝေးတွင် ဆွေး နွေးသည်။ ထိုချစ်ကြည်ရေး တံတားသည် ကားလမ်း နှစ်လမ်းသွားသံတံတား ဖြစ်သည်။ ၇၅တန်လေးသော ယာဉ် များ ဖြတ်သန်းသွားနိုင်သည့် ခံနိုင် ဝန်အားရှိသည်။

ထိုချစ်ကြည်ရေးတံ တားပြီးလျှင် မြန်မာ-လာအိုနှစ်နိုင်ငံကုန်းလမ်း ဆက်သွယ်ရေး ချောမွေ့မြန်ဆန်မည့် အပြင် ကုန်စည်စီးဆင်း မှုလျင်မြန်ပြီး စီးပွားရေးလည်း တိုးတက်ကောင်း မွန်မည်ဟု သတင်းတစ်ရပ် က ဖော် ပြ ခဲ့သည်။ 

လာအိုဝန်ကြီးချုပ် သောင်ဆင် သမ်မာဗောင် ၂၀၁၁ခုနှစ် ဇူလိုင်လ အတွင်း မြန်မာနိုင်ငံသို့ အလည်အ ပတ်လာရောက်စဉ် ထိုစီမံကိန်း ကို ဆောင်ရွက်ရန် နှစ်နိုင်ငံသေဘော တူညီခဲ့ကြသည်။ ထိုစီမံကိန်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလထဲ၌ စတင်ဆောင်ရွက်ခဲ့သည်။

Ref:Xinhua
‎Democracytoday‬

No comments:

Post a Comment