Monday 2 February 2015

ပညာရေး ရည်ရွယ်ချက်သည် အတန်းပညာ သင်ကြားနိုင်သူများအတွက်သာ ပါဝင်

မြန်မာနိုင်ငံပညာရေး ရည်ရွယ်ချက်ထဲတွင် အတန်းပညာ သင်ကြားနိုင်သူများသာပါဝင်ပြီး အတန်းပညာကို အခြေအနေအရပ်ရပ်ကြောင့် မသင်ကြားနိုင်သူများအတွက် ထည့်သွင်းစဉ်းစားမှု နည်းနေကြောင်း CAE ကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဒေါ်နှင်းနှင်းမော်က မဇ္ဈိမကို ပြောသည်။

''ကျောင်းဆက်တက်မယ့် သူတွေအတွက်တော့ ရည်ရွယ်ချက်များပြီးကျောင်း ထွက်သွားတဲ့ကလေး၊ ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက်တော့ ထည့်မစဉ်းစားသလိုဖြစ်နေတဲ့အတွက် ဒါတွေဟာ နစ်နာ မှုရှိတယ်'' ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအတွင်းတွင် မူလတန်းကျောင်းသို့ နှစ်စဉ်ကလေးငယ် တစ်သန်းခန့် သင်ကြားမှု မပြုလုပ်သည့် ဖြစ်စဉ်များ၊ မူလတန်းတွင် ငါးရာခိုင်နှုန်း၊ အလယ်တန်းတွင် ၁ဝ ရာခိုင်နှုန်း၊ အထက်တန်းတွင် ၃၅ ရာခိုင် နှုန်းခန့် နှစ်စဉ် ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း၊ အခြေခံပညာကျောင်းအဆင့် အသက်မွေးဝမ်းကျောင်း ပညာရပ် သင်ကြားပေးနိုင်သော ကျောင်းများရှိရန် လိုအပ်ကြောင်း၊ သို့မှသာ အတန်းပညာမသင်ကြား နိုင်သည့် ကလေးများအတွက် ဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

ထို့သို့သောဖြစ်စဉ်များ မဖြစ်စေရေးအတွက် သက်ဆိုင်ရာ ကိုယ်ပိုင်ကျောင်းများမှာ တတ်နိုင်သ၍ ပြင်ဆင် သင်ကြားပေးရန်လိုအပ်ပြီး သက်ဆိုင်ရာကိုလည်း တင်ပြဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဟု ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်ထားသူများ၊ ပညာရေးဆိုင်ရာကျွမ်း ကျင်သူများက ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment