Monday 2 February 2015

မော်စကို စာကြည့်တိုက် မီးလောင်ကျွမ်း မှုကြောင့် သမိုင်းဝင်ရှားပါး မှတ်တမ်း တစ်သန်းကျော် ပျက်စီး ဆုံးရှုံး

ရုရှနိုင်ငံရှိ အကြီးဆုံးစာကြည့်တိုက်များထဲတွင်ပါဝင်သော မော်စကိုရှိ စာကြည့်တိုက် တစ်ခုတွင် ဇန်နဝါရီ ၃ဝ ရက်က မီးလောင်ကျွမ်း မှုဖြစ်ပွား ခဲ့သောကြောင့် စာကြည့်တိုက်ရှိ သမိုင်းဝင် စာရွက်စာတမ်း တစ်သန်း ကျော် ပျက်ဆီးဆုံးရှုံးခဲ့ရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကို ယဉ်ကျေးမှုဆိုင်ရာ ချာနို ဘိုင်းနျူးကလီးယား ဘေး ဒုက္ခဆိုး အဖြစ် အချို့ကပြော ဆိုကြသည်။

မီးသည် ဇန်နဝါရီ ၃ဝ ရက်က စတင်လောင်ကျွမ်းခဲ့ပြီး ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းထိပင် ဆက်လက် လောင် ကျွမ်းနေခဲ့ ရာမော်စကို ရှိလူမှု သိပ္ပံဆိုင်ရာ သိပ္ပံ သတင်း အချက်အလက် ဌာန၏ စတုရန်းမီတာ ၂,ဝဝဝ (စတုရန်းပေ ၂၁,၅ဝဝ) ရှိ အစိတ် အပိုင်းကို ပျက်စီး ဆုံးရှုံးစေ ခဲ့သည်။ အဆိုပါ ဌာနကို ၁၉၁၈ ခုနှစ် ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၆ ရာစုနှစ်များမှ မှတ်တမ်းအချို့အပါအဝင် စာတမ်းအချက် အလက်ပေါင်း ၁ဝသန်းကျော်ကို ထိန်းသိမ်း ထားခြင်းဖြစ် သည်။

''ဒါဟာ သိပ္ပံပညာလောက အတွက် ဆုံးရှုံး မှုကြီးပါပဲ။ ကမ္ဘာပေါ်မှာ ရှားပါး မှတ်တမ်း မျိုးတွေကို စုဆောင်း ထိန်းသိမ်းထားတဲ့ အကြီးဆုံးနေ ရာတစ်ခုပါ။ ဒီလို စုဆောင်း ထိန်းသိမ်းမှုက အမေရိကန်  ကကွန်ဂရက် လွှတ်တော် စာကြည့် တိုက်နဲ့ ညီကောင်း ညီနိုင်ပါ လိမ့်မယ်'' ဟု ရုရှ သိပံ္ပ ဌာနမှ အကြီး အကဲ ဗလာဒီ မာဖော်တော့ဗ် ကိုကိုးကား၍ ရုရှမီဒီယာအေဂျင်စီ များကဖော်ပြ ကြသည်။

''ဒီလိုမှတ် တမ်းတွေက တခြားဘယ်နေရာမှာ မှတွေ့ဖို့မလွယ် ကူပါဘူး။ လူမှုသိပ္ပံ ဆိုင်ရာ ဘာသာရပ်အား လုံးအတွက် ဒီစာကြည့်တိုက်ကို သုံးပါတယ်။ ဒီလို ဆုံးရှုံးခဲ့မှုက ချာနိုဘိုင်းဘေးဆိုး ကိုပြန်ပြောင်း အမှတ် ရမိပါတယ်'' ဟု ၎င်းက ၁၉၈၆ ချာနို ဘိုင်းဘေးဆိုးကို ရည်ညွှန်း ၍ပြောကြား သွားသည်။

မီးလောင်ကျွမ်းမှုကြောင့်စာကြည့်တိုက် တွင်စုစည်းထိန်းသိမ်းထားသည့် မှတ်တမ်းအထောက်အထား များ ၏ ၁၅ရာ ခိုင်နှုန်းထိပျက်စီး သွားကြောင်းဖော်တော့ဗ် ကဆိုသည်။ပျက်စီးဆုံးရှုံးမှုအများစုမှာ မီးကို ရေဖျန်းငြိမ်းသတ်ခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကပြောသည်။ ဇန်နဝါရီ ၃ဝ ညနေပိုင်းက စာကြည့်တိုက် ဒုတိယ အထပ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး နောက်တစ်နေ့ ထိပင်ဆက်လက်လောင် ကျွမ်းနေခဲ့ရာ မီးသတ်သမား ၂ဝဝ က မီးကိုကြိုးစားငြိမ်း သတ်ခဲ့ရသည်။

Mizzima - News in Burmese 

No comments:

Post a Comment