Monday 2 February 2015

ကျိုက်ထီးရိုးတောင်တက်လမ်း အကွေ့နေရာများတွင် ဘလောက်တုံးများချသွားရန် စီစဉ်

ကျိုက်ထီးရိုးတောင်တက်ကားများ အရှိန်ဖြင့် မဆင်းစေရန် တောင်တက်ကားလမ်း ကွေ့နေရာများတွင် ဘလောက်တုံး များချသည့်အစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးတောင်တက် မော် တော်ယာဉ်အသင်းမှ သိရသည်။

ကျိုက်ထီးရိုးတောင်ပေါ်မှ အဆင်းတွင် တောင်တက်ကားများ အရှိန်ဖြင့် ဆင်းသက်ခြင်းများရှိနေ သော ကြောင့် အန္တရာယ်ကင်းရှင်းစေရန် ဆောင် ရွက်ခြင်းဖြစ်ပြီး ဖေဖော် ဝါရီလအတွင်း စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌဦးဝိတင်က ပြောသည်။

''ကားတွေကအဆင်းမှာ အရှိန် နဲ့ဆင်းလာတာမျိုးတွေရှိတယ်။ အဲဒါ ကြောင့် အန္တရာယ်ဖြစ်စေမယ့် ကွေ့ နေရာတွေမှာ ဘလောက်တုံးတွေချ သွားမယ်။ အန္တရာယ်ကိုကြိုတင်ကာ ကွယ်တဲ့သဘောပါ''ဟု ဦးဝိတင် က ဆက်လက်ပြောသည်။

ကျိုက်ထီးရိုးတောင်တက်ကားလမ်းအရှည်မှာ ၉မိုင် ၄ဖာလုံ ရှိပြီး စုစုပေါင်းငွေကျပ်ဆယ်သိန်းခန့် ကုန်ကျ မည် ဟု ခန့်မှန်းထားပြီး မော်တော်ယာဉ်အသင်းမှပင် အကုန်အကျခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထီးရိုးဘုရားဖူးခရီးသွား များအနေဖြင့် တောင်တက်ကားဖြင့် တက်ရောက် ရာတွင် အသက်အန္တရာယ် လုံခြုံမှုရှိစေရန်နှင့် ယခုအခါတွင် တောင် တက်ကားဖြင့် နေ့ချင်းပြန် သွားရောက်ဖူးမြော်သူ ပိုမိုများပြား လာသည့် အတွက် ဘုရားဖူးများ လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင် သင့်ကြောင်းသိရသည်။

''တောင်ပေါ်အတက်ရောအ ဆင်းရော အန္တရာယ်များတယ်။ မောင်း တဲ့သူတွေအနေနဲ့ ဘယ်လိုပဲအတွေ့ အကြုံရှိရှိ ကြိုတင်ပြင်ဆင်မှုဆိုတာ လုပ်ထားသင့်တယ်။ အခု ဘလောက် တုံးချမှာကလည်း အဟန့်အတား တစ်ခုအနေနဲ့ဖြစ်တော့ ကောင်းပါ တယ်။ ခရီးသွားတွေအတွက်လည်း ပိုပြီး စိတ်ချလက်ချဖြစ်သွားတာပေါ့'' ဟု ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ကို ယခုလအတွင်းက သွားရောက်ခဲ့သူ ကုမ္ပဏီဝန်ထမ်း ကိုကျော်ကျော် က ပြောသည်။

ယခု ဘလောက်တုံးချသည့်အစီအစဉ်ကို ယခုနှစ်ဧပြီလအတွင်း အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ပြီး တောင်တက်မော်တော်ယာဉ် အသင်းအနေဖြင့် ဘုရားဖူးခရီးသွား များအတွက် တောင်တက်ကားအစီး ရေ ၁၅ဝဖြင့် ပြေးဆွဲပေးလျက်ရှိ ကြောင်းသိရသည်။ 

MTZ
Democracytoday

No comments:

Post a Comment