Monday 2 February 2015

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲ မပြီးပြတ်သေး၊ အင်္ဂါနေ့တွင် နေပြည်တော်၌ ဆက်လက်ဆွေးနွေးမည်

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် လေး ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရာတွင် အကြိုသဘော တူညီမှုဆိုင်ရာ အချက်ကိုးချက်အနက် တစ်ချက်သာဆွေးနွေး ရန်ကျန်ရှိပြီး ဒုတိယအကြိမ် လေးပွင့်ဆိုင် ဆွေးနွေး ပွဲကို ဖေဖော်ဝါရီ၃ရက်၌ နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာနတွင် ပြုလုပ်သွားရန် သဘောတူ ညီခဲ့ကြကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ရက်က ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်း ပပြုလုပ် ခဲ့သည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင် ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန် ရက်၊ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ တို့ပါဝင်သည့် လေးပွင့် ဆိုင်တွေ့ ဆုံဆွေးနွေး ပွဲတွင် ကျောင်းသားထုကိုယ်စားပြု ဒီမိုကရေ စီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီမှ စမနခသညိငအငသည ကိုးချက် ကို တင်ပြဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

အဆိုပါအချက်ကိုးချက်အနက် လက်ရှိဖွဲ့စည်းထားသော ကျောင်း သားသမဂ္ဂ၊ ဆရာသမဂ္ဂများ တရား ဝင်ရပ်တည်မှုအား အသိအမှတ်ပြု ရေးအချက်နှင့် ပတ်သက်ပြီး အချေ အတင် ဆွေးနွေးခဲ့သော်လည်း သဘောတူ ညီမှုမရရှိဘဲ ဆွေးနွေး ရန် ကျန်ရှိနေ ခြင်းဖြစ်သည်။

ဒီမိုကရေစီပညာရေးလှုပ်ရှား မှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုး အောင်က ''ဒီနေ့ဆွေးနွေးပွဲက အ ကြမ်းဖျင်းအားဖြင့် အောင်မြင်တယ် လို့ပြောလို့ရတယ်။ ရှစ်ချက်လုံးနီးနီး သဘောတူလိုက်တယ်လို့ ပြောလို့ရတယ်။ အချက်နံပါတ် ငါးဖြစ်တဲ့ ကျောင်း သား၊ ဆရာသမဂ္ဂတွေ ရဲ့ ရပ်တည် မှု၊ တရားဝင်မှု အပေါ်မှာ အစိုးရဘက်က အခက်အခဲရှိနေတဲ့ အနေအထား မျိုး တွေ့ရတယ်။ ဒီနေ့အခြေ အနေကြည့် ရင် ပညာရေးဝန်ကြီးဌာနရဲ့အနေအ ထားက ကျွန်မတို့လိုချင် တဲ့လေးပွင့် ဆိုင်ဆွေးနွေးရေးရဲ့ အဓိကရည်ရွယ် ချက်ကို မရောက်တာတွေ့ရ တယ်'' ဟု ပြောသည်။

ကျောင်းသားထုမှ တင်ပြသည့် အချက်ကိုးချက်တွင်ပါဝင်သည့် ဒီမို ကရေစီ ပညာရေးသပိတ်တွင် ပါဝင် သူ မည်သူ့ကိုမှ သပိတ်နှင့် ပတ်သက် ပြီး အရေးယူခြင်းမပြုရန် တောင်းဆို သည့်အချက်အပေါ် အစိုးရဘက် မှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က ''သပိတ်မှောက်ကျောင်း သား များ၏လုံခြုံရေးကို ပုပ္ပားအထိ တာဝန် ယူသော်လည်း ဆက်လက်ချီတက် မည့်ခရီးအတွက် လုံခြုံရေးကို အာ မခံချက်မပေးနိုင်ဘဲ အထက်သို့ဆက် လက်တင်ပြပေးမည်ဟု ဆွေးနွေးခဲ့ သည်။

ဦးအောင်မင်းက ''ပုပ္ပားအထိ ကျွန်တော်တာဝန်ယူတယ်။ ဝဲလောင် တို့၊ တောင်သာတို့မှာ ဖြစ်သွားတာ တွေက ကျွန်တော့်မှာတာဝန်ရှိ တယ်။ အဲ့ဒီအတွက် တောင်းပန်ပါတယ်။ပုပ္ပားကျော်သွားရင်တော့ ကျွန် တော့် တာဝန်မဟုတ်တော့ဘူး။ ဒါပေမဲ့ ဆက်တင်ပြပေး မယ်''ဟု ပြောသည်။

ယနေ့ဆွေးနွေးပွဲတွင် ကျောင်း သားကိုယ်စားလှယ်များ တင်ပြလာ သည့် အချက်များအနက် ဆွေးနွေးပွဲ တစ်ကြိမ်ပြီးတိုင်း သဘောတူ ထုတ် ပြန်ချက်များ ပူးတွဲထုတ်ပြန်ရန်၊ ဆွေး နွေးပွဲဆိုင်ရာ အကြောင်း အရာများ ကို ပြည်သူလူထုသို့ လွတ်လပ်စွာ သတင်းထုတ်ပြန် ခွင့်ရှိရန်၊ ဆွေးနွေး ပွဲအတွင်း တန်းတူအခွင့် အရေးရှိရန်၊ သဘောတူညီမှုသည် ကျောင်းသား များလိုလားသော အချက် ၁၁ချက် ကို အခြေခံပြီး ဆက်လက်ဆွေးနွေး ဆောင် ရွက်သွားရန်၊ ပညာရေး မူဝါဒ နှင့် ဥပဒေ၊ နည်းဥပဒေများ၊ ဆက်စပ် ဥပဒေ များရေးဆွဲရာ တွင် ကျောင်း သား၊ ကျောင်း သူကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန် အမျိုးသားပညာရေးဥပဒေ ကိုပြင်ဆင်သည့်ဥပဒေကြမ်း ကို ပြည် ထောင်စု အစိုးရအဖွဲ့မှ လွှတ်တော် သို့ ဆောလျင်စွာတင်သွင်းရန်၊ လွှတ် တော်မှ အတည်ပြုရာတွင် ကျောင်း သားထု၏ လိုလားချက်နှင့် ကိုက်ညီ မှုရှိရေး တိုက်တွန်းရန်ဟူသည့်အချက် များကို သဘောတူခဲ့ကြသည်။

ယနေ့ဆွေးနွေးပွဲတွင် အစိုးရ ဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီနှင့်အဖွဲ့၊ လွှတ် တော် ဘက်မှ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေး ရာနှင့် ပြည် တွင်းငြိမ်း ချမ်းရေးဖော် ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်း ဇော်၊ ဦးခိုင်မောင် ရည်၊ ဒေါ်ခင်ဝိုင်းကြည် ပါဝင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုးဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦးအ ဖွဲ့၊ ပညာရေး စနစ်ပြုပြင်ပြောင်းလဲမှုနိုင်ငံလုံးဆိုင်ရာကွန်ရက်မှ ဒေါက် တာသိန်း လွင်၊ ဒေါက်တာ တင်လှိုင် ၊ ဒေါက်တာညိုညိုသင်းတို့ ပါဝင်သည့် ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော် မတီဝင် ၁၅ဦးတို့ တက်ရောက်ခဲ့ကြ သည်။

အမျိုးသားပညာရေး ဥပဒေပြင် ဆင်ရေးအတွက် ကျောင်းသားထုဘက် မှ တောင်းဆိုထားသည့်အတိုင်း ရရှိ စေရေး တွန်အားပေးနိုင်ရန် အတွက် ဒီမိုကရေစီပညာရေး သပိတ်စစ် ကြောင်းသည် ဆက်လက်ချီတက် မည်ဖြစ်ကြောင်း ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီ အဖွဲ့ဝင်များထံမှ သိရသည်။

‎Democracytoday‬

No comments:

Post a Comment