Monday 2 February 2015

မန္တလေးမြို့လယ်ရှိ မြေ ၁၅ဧကကျော် လုပ်ကိုင်ခွင့်ရခဲ့သည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များအကြား မြေပိုင်ဆိုင်မှုအငြင်းပွား

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဘူတာကြီးအနီးရှိ မြေ(၁၅)ဧကကျော်ကို မန္တလေးမြို့တော်စည်ပင် ထံမှ BOT စနစ်ဖြင့် နှစ်ရှည်လုပ်ကိုင်ခွင့်ရရှိထားသော စီးတီးမင်းကုမ္ပဏီမှ တရုတ် စီးပွားရေးလုပ်ငန်းရှင်များ အကြား မြေယာပြဿနာအငြင်းပွားမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ယခင်က မြန်မာ့မီးရထားပိုင်မြေဖြစ်ပြီး    လက်ရှိမန္တလေးမြို့ တော် စည်ပင်သာယာရေးပိုင်မြေအဖြစ် သတ် မှတ်  ထားသည့် ချမ်းအေးသာစံမြို့နယ် (၇၇) လမ်းနှင့် (၇၈)လမ်းကြား၊ လမ်း (၃၀)နှင့် (၃၃) လမ်း ကြားရှိ မြေ (၁၅)ဧက ကျော်ကို စီးတီးမင်းကုမ္ပဏီက ၁၉၉၇ မေလတွင် မန္တလေးမြို့တော်စည်ပင်ထံမှ လွှဲပြောင်း လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

ယင်းစီးတီးမင်းကုမ္ပဏီကို တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး လက်ရှိတွင် စီးတီးမင်းကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဂရိတ်ဝေါဦးတင်မောင် (ခ) လီစန်းရှင်နှင့် စီးတီးမင်းကုမ္ပဏီ၏  ဒါရိုက်တာ ဦးရန်ဂျာရီတို့အကြား အုတ်တံတိုင်းကာရံခြင်းနှင့် ပတ်သက်၍ မြေယာပိုင်ဆိုင်မှု အငြင်းပွား နေခြင်း ဖြစ်ကြောင်း ဦးရန်ဂျာရီ၏ ရှေ့နေ ဦးစိန်မြင့်ကပြောသည်။

စီးတီးမင်းကုမ္ပဏီတွင် လက်ရှိအစုရှယ်ယာရှင် ၁၆ ဦးရှိပြီး အ များစုမှာ တရုတ်လူမျိုးစီးပွားရေး လုပ်ငန်းရှင် များ ဖြစ်ကြသည်။ စီး တီးမင်းကုမ္ပဏီ၏ အစုရှယ်ယာ ရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင် များတွင် ဂရိတ်ဝေါ ဦးတင်မောင် (ခ) လီစန်းရှင်၊ ဦးရန်ဂျာရီ၊ နယူး စတားဒေါ်ရင်ရွင်၊ ဦးအိုက်စန်စ သည့် နာမည်ကြီးစီးပွားရေး သမားများပါဝင်သည်။

၁၉၉၇ မန္တလေးမြို့တော်ဝန် ဦးစိန်ဝင်းအောင် လက်ထက်တွင် တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်း (BOT) စနစ်ဖြင့် စည်ပင်ထံမှ မြို့လယ်ရှိ မြေ (၁၅)ဧကကျော်ကို လုပ်ကိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ ရွှေဘုံသာ ဘုရားနှင့် လမ်းနယ်မြေများ ဖယ်ရှားပြီးနောက် စုစုပေါင်း မြေ (၁၂)ဧကကျော်ကို လက်ရှိတွင် စီးတီးမင်း ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်အချို့က အိမ်ရာများ၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်နှင့် ဆေးရုံအဆောက်အအုံ များ တည်ဆောက်လျက်ရှိသည်။

ချမ်းအေးသာစံမြို့နယ် ဘူ တာကြီးအနီးရှိ (၇၇)လမ်းနှင့် (၇၈)လမ်းကြား၊ (၃၁)လမ်းနှင့် (၃၂) လမ်းကြားရှိ ဦးတင်မောင် (ခ)လီစန်းရှင်ပိုင်ဆိုင်ပြီး လက်ရှိ တွင် တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးခန်းဖွင့်လှစ်မှုဖြင့် ချိတ်ပိတ်ခံထားရသည့် တော်ဝင်နှင်းဆီဆေးရုံနှင့် ယင်းဆေးရုံနှင့် မျက်နှာချင်းဆိုင်နေရာတွင် ဦးရန်ဂျာရီ က အဆောက်အအုံဆောက် လုပ်ခြင်းနှင့် အုတ်တံတိုင်းကာရံ ရာမှ စတင်ကာ ဦးတင်မောင်(ခ) လီစန်းရှင် နှင့် ဦးရန်ဂျာရီတို့ကြား မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုဖြစ် ပေါ်နေခြင်းဖြစ်ပြီး လက်ရှိအချိန် တွင် တရားရုံး၌ နှစ်ဖက်အမှု ရင်ဆိုင်နေရသည်ဟု ဦးရန်ဂျာရီ၏ ရှေ့နေဦးစိန်မြင့်က ဖေဖော်ဝါရီ၁ ရက်တွင် ပြောသည်။

ဦးရန်ဂျာရီက တော်ဝင်နှင်း ဆီဆေးရုံနှင့် မျက်နှာချင်းဆိုင်ရှိ မြေကွက်တွင် ဟိုတယ်ဇုန်ဖွင့်လှစ် နိုင်ရန် မြေအောက်ထပ်အပါအ၀င် ၁၂ ထပ်အမြင့် RC အဆောက်အအုံကို တည်ဆောက်နေပြီး ယင်းအဆောက် အအုံ အတွက် အုတ်တံတိုင်းကာရံရာမှ တော်ဝင်နှင်းဆီဆေးရုံပိုင်ရှင် ဦးတင်မောင် (ခ) လီစန်းရှင်က ကျူးကျော်မှုဖြင့် အမူဖွင့်တရားစွဲဆိုထားခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းပိုင်မြေပေါ်သို့ ကျူးကျော်နေသည့်အတွက် ခြံစည်းရိုး ခတ်ခြင်းကို ဖြိုဖျက်ပေးရန်နှင့် မြေကျူးကျော်ခံရမှု အတွက် လျော်ကြေးပေးအပ်ရန် ဦးတင်မောင် (ခ) လီစန်းရှင်က ဦးရန်ဂျာရီအား အမှု (၂)မှုဖြင့် တရားစွဲဆို ခဲ့သည်ဟု ဦးရန်ဂျာရီ၏ ရှေ့နေဦးစိန်မြင့် က ပြောသည်။ ယင်းအမှုကို တရားရုံးက ဆုံးဖြတ်ချက်ပေးပြီး ဖြစ် သော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဆက်လက်အယူခံဝင်သွားမည်ဟု ဦးစိန်မြင့်က ပြော သည်။

တစ်ချိန်တည်းမှာပင် အုတ်တံတိုင်းကာရံမှုကို နှောင့်ယှက်သည့်အတွက် ဦးရန်ဂျာရီကိုယ်စား အဆောက် အအုံဆောက် လုပ်ရေးတာဝန်ခံ ဦးခင်မောင်မြင့် က ဦးတင်မောင်(ခ)လီစန်းရှင်အ ပါအ၀င် နှောင့်ယှက်သူ များကို ပြန်လည်အမှုဖွင့်တရားစွဲဆိုခဲ့သည် ဟု ဦးခင်မောင်မြင့်က ပြောသည်။

ဦးတင်မောင်(ခ)လီစန်းရှင် သည် မန္တလေးစည်ပင်နှင့် ချုပ်ဆို ထားသော စာချုပ်ပါအချက်အချို့ နှင့် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုထားချက်ကိုကျော်လွန်ဖောက်ဖျက်နေသည်ဟု ဦးရန်ဂျာရီ၏ ရှေ့နေ ဦးစိန်မြင့်က ပြောသည်။ ထို့အတွက် မန္တလေးစည်ပင်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီတို့သည် ၎င်းတို့ခွင့်ပြုထားသည်နှင့် ညီ၊ မညီစစ်ဆေးရန် လိုအပ်နေသည်ဟုလည်း ဦးစိန်မြင့်က ဆိုသည်။

ဦးတင်မောင်(ခ)လီစန်းရှင်မှာ စင်ကာပူနိုင်ငံသို့ ရောက်ရှိနေ၍ ဆက်သွယ်၍မရခဲ့ပေ။ ၎င်းသည် တော်ဝင် နှင်းဆီဆေးရုံကိစ္စ အမှုဖွင့်ခံရမှုနှင့် ပတ်သက်၍လည်း စင်ကာပူမှ ပြန်လည်ရောက်ရှိလာမှသာ ဖြေရှင်းပေး မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနသို့   အသနားခံစာပေးပို့ထားသည်။

7Day DAILY 

No comments:

Post a Comment