Monday 19 January 2015

RCSS/SSA အဖွဲ့မှ ဆက်ကြေးမပေးသော ဒေသခံရွာသားများအား လူသစ်အဖြစ် ဖမ်းဆီး

Photo: RCSS/SSA အဖွဲ့မှ ဆက်ကြေးမပေးသော ဒေသခံရွာသားများအား လူသစ်အဖြစ် ဖမ်းဆီး
Monday, January 19, 2015  

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ဟန်းမငိုင်းကျေးရွာသို့ ဇန်န၀ါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့များ ရောက်ရှိလာပြီး ဆက်ကြေး မပေးသော ဒေသခံရွာသားများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရွာနေအကြီး အကဲတစ်ဦးထံမှ သတင်း ရရှိသည်။ 

“အခု အဖမ်းခံရတဲ့ ရွာသားတွေက ဆင်းရဲကြတယ်။ ပေးစရာ ငွေကိုမရှိကြတာ။ ရွာသား တော်တော်များများ ပါသွားတယ်။ လူသစ်အနေနဲ့ ခေါ်သွားတာလည်း ဖြစ်နိုင်တယ်။ ကား၂ စီးနဲ့ ခေါ်သွားတာ” ဟု ယင်းအကြီးအကဲမှ ပြောသည်။
အဆိုပါ RCSS/SSA အဖွဲ့သည် ဇန်န၀ါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် နားလွယ်ကျေးရွာမှ အသက် ၅၀ နှစ်ခန့် လူကြီး ၄ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

“ဘိန်းစိုက်တော့ အစိုးရက လာဖျက်တယ်။ ဘိန်းမစိုက်လည်း ဆက်ကြေးပေး ရတယ်။ မပေးနိုင်တော့ လူကိုဖမ်းတယ်။ ကိုယ့်ရဲ့စားဝတ်နေရေးတောင် မပြေလည်ပါဘူးဆိုမှ သူတို့စားဖို့ပါ ဆက်ကြေးပေးနေရတယ် ”ဟု ဆက်ကြေးပေးလိုက်ရသော အမည်မဖော်လိုသူတစ်ဦးမှ ပြောကြားသည်။
အဆိုပါအဖွဲ့အနေဖြင့် ကျေးရွာအုပ်စုများနှင့် ကျေးရွာများသို့ မကြာခဏ ဆက်ကြေးကောက်ခံလျက်ရှိကြောင်း၊ ဒေသခံများကိုလည်း ဘိန်းစိုက်ပျိုး သည်ဟုစွပ်စွဲကာ ဖမ်းဆီး၍ ငွေညှစ် လူသစ်စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိ ကြောင်း သိရပါသည်။ 

စိုင်းဆန်
Crdit >>> Shan News
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ဟန်းမငိုင်းကျေးရွာသို့ ဇန်န၀ါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့များ ရောက်ရှိလာပြီး ဆက်ကြေး မပေးသော ဒေသခံရွာသားများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရွာနေအကြီးအကဲ တစ်ဦး ထံမှ သတင်း ရရှိသည်။
“အခု အဖမ်းခံရတဲ့ ရွာသားတွေက ဆင်းရဲကြတယ်။ ပေးစရာ ငွေကိုမရှိကြတာ။ ရွာသား တော်တော် များများ ပါသွားတယ်။ လူသစ်အနေနဲ့ ခေါ်သွားတာလည်း ဖြစ်နိုင်တယ်။ ကား၂ စီးနဲ့ ခေါ်သွားတာ” ဟု ယင်းအကြီးအကဲမှ ပြောသည်။ အဆိုပါ RCSS/SSA အဖွဲ့သည် ဇန်န၀ါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် နားလွယ်ကျေးရွာမှ အသက် ၅၀ နှစ်ခန့် လူကြီး ၄ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

“ဘိန်းစိုက်တော့ အစိုးရက လာဖျက်တယ်။ ဘိန်းမစိုက်လည်း ဆက်ကြေးပေး ရတယ်။ မပေးနိုင်တော့ လူကို ဖမ်းတယ်။ ကိုယ့်ရဲ့စားဝတ်နေရေးတောင် မပြေလည်ပါဘူးဆိုမှ သူတို့စားဖို့ပါ ဆက်ကြေး ပေးနေရတယ် ”ဟု ဆက်ကြေးပေးလိုက်ရသော အမည်မဖော်လိုသူတစ်ဦးမှ ပြောကြားသည်။

အဆိုပါအဖွဲ့အနေဖြင့် ကျေးရွာအုပ်စုများနှင့် ကျေးရွာများသို့ မကြာခဏ ဆက်ကြေးကောက်ခံလျက် ရှိ ကြောင်း၊ ဒေသခံများကိုလည်း ဘိန်းစိုက်ပျိုး သည်ဟုစွပ်စွဲကာ ဖမ်းဆီး၍ ငွေညှစ် လူသစ်စုဆောင်း ခြင်းများ ပြုလုပ်လျက်ရှိ ကြောင်း သိရပါသည်။

စိုင်းဆန်
Crdit >>> Shan News

No comments:

Post a Comment