Tuesday 2 December 2014

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရေးအတွက် နော်ဝေတွင် နည်းလမ်းများစွာ ရှိဟုဆို

Photo: မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရေးအတွက် နော်ဝေတွင် နည်းလမ်းများစွာ ရှိဟုဆို
Tuesday, December 2, 2014 

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ရေးအတွက် မြန်မာ-နော်ဝေ နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများစွာ ရှိသည်ဟု နော်ဝေဘုရင်က ဒီဇင်ဘာ ၂ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြောကြားသည့် မိန့်ခွန်း၌ ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရေရှည်တည်တံ့သည့် စွမ်းအင်ထုတ်လုပ်မှု ရရှိရေးနှင့် ကျေးလက်ဒေသ လျှပ်စစ်ဓာတ် ရရှိရေးသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်ဟု နော်ဝေ ဘုရင်က ဆိုသည်။

"ဤနယ်ပယ်များအတွက် နည်းပညာနှင့် ကျွမ်းကျင်မှု အထောက်အကူများ မျှဝေပေးရန် နော်ဝေးနိုင်ငံသည် အဆင်သင့်ဖြစ်နေပါပြီ"ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကို တိုးတက်အောင်ပြုလုပ်ရန် အသုံးဝင်နိုင်မည့် နည်းပညာနှင့် ကျွမ်းကျင်မှုများ နော်ဝေနိုင်ငံ၌ ရှိပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းများ အတူတကွ တိုးချဲ့ဆောင်ရွက်ရန် မျှော်လင့်သည်ဟု နော်ဝေနိုင်ငံ၏ ပဉ္စမမြောက် ဟာရယ်ဘုရင် က ပြောသည်။

နော်ဝေနိုင်ငံ၏ ခရီးစဉ်အတွင်း ၎င်းနှင့်အတူ ကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီး အပြင် နော်ဝေ ကုမ္ပဏီ ၄၀ ကျော် လိုက်ပါလာခဲ့သည်။

Mizzima - News in Burmese 

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောကြားနေသော နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ် ဘုရင် David Taw အား ၂၀၁၄ ခုနှစ်  ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောကြားနေသော နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ် ဘုရင် David Taw အား ၂၀၁၄ ခုနှစ်  ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းကတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)
မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ရေးအတွက် မြန်မာ-နော်ဝေ နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်မည့်နည်းလမ်းများစွာရှိသည်ဟု နော်ဝေဘုရင်က ဒီဇင်ဘာ ၂ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ တွင် ပြောကြားသည့် မိန့်ခွန်း၌ ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရေရှည်တည်တံ့သည့် စွမ်းအင်ထုတ်လုပ်မှု ရရှိရေးနှင့် ကျေးလက်ဒေသ လျှပ်စစ်ဓာတ် ရရှိရေးသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်ဟု နော်ဝေ ဘုရင်က ဆိုသည်။

"ဤနယ်ပယ်များအတွက် နည်းပညာနှင့် ကျွမ်းကျင်မှု အထောက်အကူများ မျှဝေပေးရန် နော်ဝေးနိုင်ငံ သည် အဆင်သင့်ဖြစ်နေပါပြီ"ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကို တိုးတက်အောင်ပြုလုပ်ရန် အသုံးဝင်နိုင်မည့် နည်းပညာနှင့် ကျွမ်းကျင်မှုများ နော်ဝေနိုင်ငံ၌ ရှိပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းများ အတူတကွ တိုးချဲ့ဆောင်ရွက်ရန် မျှော်လင့်သည်ဟု နော်ဝေနိုင်ငံ၏ ပဉ္စမမြောက် ဟာရယ်ဘုရင် က ပြောသည်။

နော်ဝေနိုင်ငံ၏ ခရီးစဉ်အတွင်း ၎င်းနှင့်အတူ ကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီး အပြင် နော်ဝေ ကုမ္ပဏီ ၄၀ ကျော် လိုက်ပါလာခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment