Tuesday 2 December 2014

ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းမှ မြန်မာ ရုန်းထွက်နိုင်ရန် တစ်ဦးချင်း ၀င်ငွေနိမ့်ကျမှု အပါအ၀င် အဟန့်အတားများ ရှိဆဲဖြစ်

လူတစ်ဦးချင်းဝင်ငွေ နိမ့်ကျနေမှုနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီး လွယ်မှုတို့ ကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ များ (LDC) စာရင်းမှ မြန်မာ နိုင်ငံ ရုန်းထွက်နိုင်ခြင်း မရှိသေး ကြောင်း ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုး မှုဆိုင်ရာ ကုလ သမဂ္ဂ ညီလာခံ (UnCTAD) က သတင်းထုတ်ပြန် သည်။

ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအ နည်းဆုံး ၄၈ နိုင်ငံစာရင်းမှ ရုန်း ထွက်နိုင်ရန် တစ်ဦး ချင်း ၀င်ငွေ နိမ့်ကျနေမှု၊ လူသား အရင်းအမြစ် စံနှုန်း သတ်မှတ်မှုနှင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်ပျက်စီးလွယ် မှုတို့မှ ရုန်းထွက် ရမည်ဖြစ်သည်။

ကုလသမဂ္ဂ၏ သတ်မှတ်ချက်အရ တစ်ဦးချင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁,၁၉၀ ရှိရ မည်ဖြစ်သော် လည်း  မြန်မာနိုင်ငံ က ၉၉၄ ဒေါ်လာသာ ရှိနေ သည်။

စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးလွယ်မှု ညွှန်းကိန်းတွင်လည်း ကုလသမဂ္ဂ၏ သတ်မှတ်ချက်ကို ပြည့်မီ ခြင်း မရှိသေးပေ။

အာဟာရပြည့်ဝသော လူဦး ရေ၊ ကလေးသေဆုံးနှုန်း၊ အလယ် တန်းကျောင်း တက်ရောက်နိုင်မှု အချိုးနှင့် သက်ကြီး စာတတ်မြောက်မှုနှုန်းတို့ပေါ်တွင် တွက်ချက်ထားသော လူသားအရင်းအမြစ် စံနှုန်းသတ်မှတ် မှုတွင် မြန်မာနိုင်ငံက သတ်မှတ်ချက်နှင့် ပြည့်မီနေသည်။

‘‘လူသားအရင်းအမြစ် စံနှုန်းသတ်မှတ်မှုမှာ ဆက်လက် ဆောင်ရွက်ရမှာတွေ ရှိနေပေ မယ့် မြန်မာနိုင်ငံက ကောင်းမွန်နေပါတယ်။ စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးလွယ်မှုနဲ့ တစ်ဦးချင်းဝင်ငွေမှာ အရေးတကြီး ရုန်းထွက်ဖို့ လိုနေပါတယ်’’ ဟု ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် အကြီးတန်းအကြံပေးအရာရှိ Mr Igor Bosc က ပြော ကြားသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများစာရင်းမှ ရုန်း ထွက်နိုင်ခြင်း မရှိသေးသကဲ့သို့ ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင် (MDG) သတ်မှတ်ချက်ကို ၂၀၁၅ အမီ ပြည့်မီရန်လည်း လိုအပ် ချက် များရှိနေဆဲဖြစ် သည်။

ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်းတွင် ပါဝင်သော အိမ်နီးချင်း လာအိုနိုင်ငံသည် ထောင်စုနှစ်ဖွံ့ဖြိုး တိုး တက်မှု ပန်းတိုင်၏ ရည်မှန်းချက်ခုနစ်ခုစလုံးကို ပြည့်မီနိုင်သောလမ်းကြောင်းတွင်ရှိနေသည့် တစ်ခုတည်း သော နိုင်ငံဖြစ် နေသည်။

အီသီယိုးပီးယား၊ မာလာဝီ၊ ရ၀မ်ဒါနှင့် ယူဂန်ဒါနိုင်ငံတို့သည် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်၏ ရည်မှန်းချက်အများစုကို လက်လှမ်းမီနိုင်သော အခြေအနေတွင်ရှိနေကြကြောင်း အထက် ပါထုတ်ပြန်ချက် တွင် ဖော်ပြထား သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ အုပ်ချုပ်စဉ် ၁၉၈၇ ကစ၍ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ် ခံယူလိုက်သော မြန်မာနိုင်ငံ ကို အဆင်းရဲဆုံးစာရင်းမှ ရုန်းထွက် နိုင်ရေး ကြိုးစားကြရန် သမ္မ တဦးသိန်းစိန်က ပြောကြား ထားသည်။

7Day DAILY 

No comments:

Post a Comment