Tuesday 2 December 2014

ထိုင်းတောင်ပိုင်း ငြိမ်းချမ်းရေးအတွက် မလေးရှားနှင့် ဆွေးနွေး

Photo: ထိုင်းတောင်ပိုင်း ငြိမ်းချမ်းရေးအတွက် မလေးရှားနှင့် ဆွေးနွေး
Tuesday, December 2, 2014

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁။ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ဒီဇင်ဘာ ၁ ရက်က မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇက်နှင့် တွေ့ ဆုံခဲ့ရာ မလေးရှားနယ်စပ်နှင့် ထိစပ်နေသော ထိုင်းတောင်ပိုင်းရှိ လူသေဆုံးစေခဲ့သော မွတ်ဆလင် သူပုန်များအရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မွတ်ဆလင် ခွဲထွက် သူပုန်များ ရှိနေပြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျှက် ရှိသည်။

ပရာယွတ်သည် မေလ စစ်အာဏာသိမ်း၍ ၀န်ကြီးချုပ် ဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံ၏ တောင်ပိုင်း အိမ်နီးချင်း မလေးရှားနိုင်ငံသို့ ၎င်း၏ ပထမဆုံး အလည်အပတ် ခရီးအဖြစ် ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက ရောက်ရှိခဲ့သည်။

ထိုင်းအစိုးရနှင့် မွတ်ဆလင် သူပုန်များ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယခင် ၀န်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာ အစိုးရလက်ထက်တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ပြုလုပ်ခဲ့ပြီး ယခုအခါ ယင်းဆွေးနွေးပွဲများကို  ပြန်လည် စတင်ရန် ဆန္ဒရှိနေသည်ဟု ထိုင်း အစိုးရက ပြောကြားသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် အစိုးရသည်လည်း နိုင်ငံရေး အကျပ်အတည်း တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး နောက်ပိုင်း ယမန်နှစ်က ဆွေးနွေးပွဲ များလည်း  ပျက်ပြား ခဲ့ရသည်။

ထိုင်းနိုင်ငံတွင် အာဏာသိမ်းပြီး နောက်ပိုင်း တောင်ပိုင်း ဒေသရှိ စစ်သွေးကြွများ၏ တိုက်ခိုက်မှု များကြောင့် လူသေဆုံးမှုများ ရှိခဲ့သည့် အခြေအနေများနှင့် လုံခြုံရေး တပ်ဖွဲ့များ၏ နှိမ်နင်းမှု များကြောင့် အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်မည့် အလားအလာ နည်းပါးလျက် ရှိသည်။

Raf: The Straits Times
Mizzima - News in Burmese
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁။ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ဒီဇင်ဘာ ၁ ရက်က မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇက်နှင့် တွေ့ ဆုံခဲ့ရာ မလေးရှားနယ်စပ်နှင့် ထိစပ်နေသော ထိုင်းတောင်ပိုင်းရှိ လူသေဆုံးစေခဲ့သော မွတ်ဆလင် သူပုန်များအရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မွတ်ဆလင် ခွဲထွက် သူပုန်များ ရှိနေပြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ် လျှက်ရှိသည်။

ပရာယွတ်သည် မေလ စစ်အာဏာသိမ်း၍ ၀န်ကြီးချုပ် ဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံ၏ တောင်ပိုင်း အိမ်နီး ချင်း မလေးရှားနိုင်ငံသို့ ၎င်း၏ ပထမဆုံး အလည်အပတ် ခရီးအဖြစ် ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက ရောက် ရှိခဲ့ သည်။

ထိုင်းအစိုးရနှင့် မွတ်ဆလင် သူပုန်များ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယခင် ၀န်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာ အစိုးရလက်ထက်တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ပြုလုပ်ခဲ့ပြီး ယခုအခါ ယင်းဆွေးနွေးပွဲများကို  ပြန်လည် စတင်ရန် ဆန္ဒရှိနေသည်ဟု ထိုင်း အစိုးရက ပြောကြားသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် အစိုးရသည်လည်း နိုင်ငံရေး အကျပ်အတည်း တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး နောက်ပိုင်း ယမန်နှစ်က ဆွေးနွေးပွဲ များလည်း  ပျက်ပြား ခဲ့ရသည်။

ထိုင်းနိုင်ငံတွင် အာဏာသိမ်းပြီး နောက်ပိုင်း တောင်ပိုင်း ဒေသရှိ စစ်သွေးကြွများ၏ တိုက်ခိုက်မှု များ ကြောင့် လူသေဆုံးမှုများ ရှိခဲ့သည့် အခြေအနေများနှင့် လုံခြုံရေး တပ်ဖွဲ့များ၏ နှိမ်နင်းမှု များကြောင့် အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်မည့် အလားအလာ နည်းပါးလျက် ရှိသည်။

Raf: The Straits Times
Mizzima - News in Burmese 

No comments:

Post a Comment