Tuesday 2 December 2014

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ခြောက်ကြိမ်မြောက် ထိန်းသိမ်းထားဖို့ တရားရုံးဆုံးဖြတ်

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနှစ်ဦးကို ခြောက်ကြိမ်မြောက် နောက် ထပ် ၁၂ရက် ထမ်မံ ထိန်းသိမ်းထားဖို့ ကော့စမွီတရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့ မြန်မာသံရုံး အထူးစုံစမ်း စစ်ဆေးရေး ကော်မတီဆီကနေ သိရှိရပါတယ်။

မြန်မာနှစ်ဦးကို ခြောက်ကြိမ်မြောက်အဖြစ် ရမန်ယူဖို့ ဒီဇင်ဘာလ ၂ရက်နေ့မှာ ကော့စမွီတရားရုံးမှာ ရုံးထုတ် ခဲ့တာ ဖြစ်ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ပြီးတော့ ထိုင်းရှေ့နေတွေနဲ့ တိုင်ပင်ပြီး အာမခံ လျှောက်ထားရေး ကိစ္စတွေကို ဆက်လက် လုပ်ဆောင်မယ်လို့ မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးထူးချစ်က ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံ ဥပဒေအရဆိုရင် ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ၈၄ ရက်ကြာ ထိန်းသိမ်းထားနိုင်ပါတယ်။ နောက်ထပ် တစ်ကြိမ်ပဲ ရမန်ယူဖို့ ရုံးချိန်းထုတ်ခွင့် ရှိတော့မှာ ဖြစ်ပါတယ်။

မြန်မာနှစ်ဦးကို ငါးကြိမ်မြောက်အဖြစ် နောက်ထပ် ၁၂ ရက် ထပ်မံ ထိန်းသိမ်းထားဖို့ ကော့စမွီ တရားရုံးက နိုဝင်ဘာလ ၂၀ ရက်နေ့က ခွင့်ပြုခဲ့ပြီး မြန်မာတစ်ဦးအတွက် အနည်းဆုံး ဘတ်ငါးသိန်းနဲ့ အာမခံ လျှောက် ထားနိုင်တယ်လို့လည်း ခွင့်ပြုခဲ့ပါတယ်။

မြန်မာနှစ်ဦးအတွက် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အာမခံ လျှောက်ထားခဲ့ပေမယ့် နိုင်ငံခြားသားဖြစ်မှု၊ ကြီးလေးတဲ့ ပြစ်ဒဏ်နဲ့ စွဲဆိုခံရမှု၊ ရက်ရက်စက်စက် သတ်ဖြတ်မှု ဖြစ်နေတယ်ဆိုပြီး အာမခံကို တရားရုံးက ပယ်ချခဲ့ပါတယ်။

The Voice Weekly 

No comments:

Post a Comment