Tuesday 2 December 2014

ဟောင်ကောင်ရဲတွေနဲ့ ဆန္ဒပြသူတွေကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

Photo: ဟောင်ကောင်ရဲတွေနဲ့ ဆန္ဒပြသူတွေကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွား
Tuesday, December 2, 2014 

အစိုးရအဆောက်အဦကို ၀န်းရံဖို့ကြိုးစားတဲ့ ဒီမိုကရေစီ အပြည့်အ၀ရရှိရေး ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကြောင့်
ဆန္ဒပြသူတစ်ချို့ ဒဏ်ရာရရှိခဲ့ပြီး တစ်ချို့ကိုတော့ ရဲတွေက ထိန်းသိမ်း ခဲ့ရတယ်လို့ သိရပါတယ်။ ထောင်နဲ့ချီတဲ့ ဆန္ဒပြကျောင်းသားတွေနဲ့ ဟောင်ကောင်ဒေသခံတွေဟာ ဟောင်ကောင်အစိုးရဌာနချုပ်အရှေ့က လမ်းတွေပေါ်မှာ တနင်္ဂနွေ နေ့ညတုန်းက စုရုံးခဲ့ကြပါတယ်။
 
အစိုးရအဆောက်အဦတွေကို ၀န်းရံဖို့ ကြိုးစားခဲ့ကြတဲ့ ဆန္ဒပြသူတွေကို ရဲတွေက လမ်းတွေပိတ်ဆို့ကာ တားဆီးခဲ့ကြရပြီး နံပါတ်တုတ်တွေ ငရုတ်ကောင်း ရည်တွေသုံးပြီး လူစုခွဲခဲ့ကြရတယ်လို့ သိရပါတယ်။ ဟောင်ကောင်ဆန္ဒပြသူတွေဟာ ဟောင်ကောင် ခေါင်းဆောင်ရွေးကောက်ပွဲကို ဒီမိုကရေစီအပြည့်အ၀နဲ့ ကျင်းပနိုင်ရေးကို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက တောင်းဆိုနေကြတာဖြစ်ပါတယ်။
 
အခုလို ဆန္ဒပြမှုတွေ ရှည်ကြာနေဦးမယ်ဆိုရင် ဟောင်ကောင်ဒေသခံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းသုံးသပ်မှုတွေရှိနေပါတယ်။ တောင်းဆိုချက်တွေကို ဟောင်ကောင်အစိုးရလက်ခံလာတဲ့ အထိ လမ်းတွေပေါ်မှာ ဆက်လက်ဆန္ဒပြသွားမယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောကြားထား ပါတယ်။

MRTV-4
အစိုးရအဆောက်အဦကို ၀န်းရံဖို့ကြိုးစားတဲ့ ဒီမိုကရေစီ အပြည့်အ၀ရရှိရေး ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကြောင့် ဆန္ဒပြသူတစ်ချို့ ဒဏ်ရာရရှိခဲ့ပြီး တစ်ချို့ကိုတော့ ရဲတွေက ထိန်း သိမ်း ခဲ့ရတယ်လို့ သိရပါတယ်။ ထောင်နဲ့ချီတဲ့ ဆန္ဒပြကျောင်းသားတွေနဲ့ ဟောင်ကောင်ဒေသခံ တွေဟာ ဟောင်ကောင်အစိုးရဌာနချုပ်အရှေ့က လမ်းတွေပေါ်မှာ တနင်္ဂနွေ နေ့ညတုန်းက စုရုံးခဲ့ကြ ပါတယ်။

အစိုးရအဆောက်အဦတွေကို ၀န်းရံဖို့ ကြိုးစားခဲ့ကြတဲ့ ဆန္ဒပြသူတွေကို ရဲတွေက လမ်းတွေပိတ်ဆို့ကာ တားဆီးခဲ့ကြရပြီး နံပါတ်တုတ်တွေ ငရုတ်ကောင်း ရည်တွေသုံးပြီး လူစုခွဲခဲ့ကြရတယ်လို့ သိရပါတယ်။ ဟောင်ကောင်ဆန္ဒပြသူတွေဟာ ဟောင်ကောင် ခေါင်းဆောင်ရွေးကောက်ပွဲကို ဒီမိုကရေစီအပြည့်အ၀နဲ့ ကျင်းပနိုင်ရေးကို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက တောင်းဆိုနေကြတာဖြစ်ပါတယ်။

အခုလို ဆန္ဒပြမှုတွေ ရှည်ကြာနေဦးမယ်ဆိုရင် ဟောင်ကောင်ဒေသခံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်လာ နိုင်တယ်ဆိုတဲ့ ခန့်မှန်းသုံးသပ်မှုတွေရှိနေပါတယ်။ တောင်းဆိုချက်တွေကို ဟောင်ကောင်အစိုးရ လက်ခံ လာတဲ့အထိ လမ်းတွေပေါ်မှာ ဆက်လက်ဆန္ဒပြသွားမယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောကြားထား ပါတယ်။

MRTV-4 

No comments:

Post a Comment