Tuesday 2 December 2014

ဆန္ဒပြမှု များဖြင့် နိုင်ငံကို ပိတ်ဆို့ သွားမည်ဟု ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင် ခြိမ်းခြောက်

Photo: ဆန္ဒပြမှု များဖြင့် နိုင်ငံကို ပိတ်ဆို့ သွားမည်ဟု ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင် ခြိမ်းခြောက်
Tuesday, December 2, 2014 

ပါကစ္စတန် ခရစ်ကက် ကစား သမား ဘ၀မှ နိုင်ငံရေး သမားဖြစ် လာခဲ့သူ အစိုးရ အတိုက် အခံခေါင်းဆောင် အမ်မ ရင်ခန်းက အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှု အဖြစ် တစ်နိုင်ငံ လုံးကို ဆန္ဒပြပွဲ များဖြင့် ပိတ်ဆို့ သွားမည်ဟု အစ္စလမ်မာ ဘတ်မြို့ လူထု စည်းဝေးပွဲ တစ်ခုတွင် နိုဝင်ဘာ ၃၀ ရက်က ပြောကြား လိုက်သည်။

၂၀၁၃ ခုနှစ် ရွေးကောက်ပွဲ များတွင် မဲလိမ်လည် မှုများပြု လုပ်ခဲ့ပြီး ၀န်ကြီးချုပ် နာဝက်ဇ် ရှာရစ် အာဏာရ လာခဲ့သည်ဟု ခန်းက ပြောကြား ခဲ့ပြီး သြဂုတ်လ လယ်ပိုင်းမှ စ၍ နိုင်ငံတစ်ဝှမ်းလုံးတွင် ဆန္ဒပြပွဲများကို ဦးဆောင် ခဲ့သည်။

“ ဒီဇင်ဘာ ၁၆ ရက် မှာ ပါကစ္စတန်နိုင်ငံ တစ်ခု လုံးကို ကျွန်တော်တို့ ပိတ်ဆို့ သွားမှာပါ” ဟု နိုဝင်ဘာ ၃၀ ရက် ညနေ ပိုင်းက ပါလီမန် အဆောက် အအုံအနီး တွင် ထောင်ပေါင်း များစွာသော ထောက်ခံ အားပေး သူများ ကိုခန်းက ပြောကြား ခဲ့သည်။

၎င်း၏ ပါတီဝင် များသည်လည်း လာဟိုးမြို့ မှစ၍ နိုင်ငံ တွင်းရှိ အဓိက မြို့ကြီး များကို စတင် ပိတ်သိမ်း သွားမည်ဟု ခန်းက ပြောကြားသည်။ ၂၀၁၃ ခုနှစ်ရွေး   ကောက်ပွဲ များတွင် စနစ်တကျ မဲလိမ်လည် ထားသည် ဟူသည့် စွပ်စွဲမှု များကို အလျင် အမြန် စုံစမ်းစစ်ဆေး သွားရန်လည်း ခန်းက တောင်းဆို ထားသည်။

ယင်းရွေး ကောက်ပွဲကို ပြည်တွင်းနှင့် နိုင်ငံတကာ လေ့လာစောင့် ကြည့်သူများက မျှတမှု ရှိကြောင်း လက်ခံထား ခဲ့ကြသည်။ စက်တင်ဘာလ၁ ရက်ကအတိုက် အခံအုပ်စု များသည် နိုင်ငံပိုင် အသံလွှင့် ဌာနကို သိမ်းပိုက် ခဲ့ပြီး စစ်တပ်က ယခု အကျပ် အတည်း များကို အဆုံး သတ်ရန် အတွက် ၀င်ရောက်စွက် ဖက်နိုင် မည်အပေါ် စိုးရိမ်မှု များလည်း ရှိနေသည်။

Ref: AFP
Mizzima - News in Burmese 

ပါကစ္စတန်အတိုက်အခံပါတီခေါင်းဆောင် အီမရာခန်း (အေအက်ဖ်ပီ)
ပါကစ္စတန်အတိုက်အခံပါတီခေါင်းဆောင် အီမရာခန်း (အေအက်ဖ်ပီ) 
ပါကစ္စတန် ခရစ်ကက် ကစား သမား ဘ၀မှ နိုင်ငံရေး သမားဖြစ် လာခဲ့သူ အစိုးရ အတိုက် အခံ ခေါင်းဆောင် အမ်မ ရင်ခန်းက အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှု အဖြစ် တစ်နိုင်ငံ လုံးကို ဆန္ဒပြပွဲ များဖြင့် ပိတ်ဆို့ သွားမည်ဟု အစ္စလမ်မာ ဘတ်မြို့ လူထု စည်းဝေးပွဲ တစ်ခုတွင် နိုဝင်ဘာ ၃၀ ရက်က ပြောကြား လိုက်သည်။

၂၀၁၃ ခုနှစ် ရွေးကောက်ပွဲ များတွင် မဲလိမ်လည် မှုများပြု လုပ်ခဲ့ပြီး ၀န်ကြီးချုပ် နာဝက်ဇ် ရှာရစ် အာဏာရ လာခဲ့သည်ဟု ခန်းက ပြောကြား ခဲ့ပြီး သြဂုတ်လ လယ်ပိုင်းမှ စ၍ နိုင်ငံတစ်ဝှမ်းလုံးတွင် ဆန္ဒပြပွဲများကို ဦးဆောင် ခဲ့သည်။

“ ဒီဇင်ဘာ ၁၆ ရက် မှာ ပါကစ္စတန်နိုင်ငံ တစ်ခု လုံးကို ကျွန်တော်တို့ ပိတ်ဆို့ သွားမှာပါ” ဟု နိုဝင်ဘာ ၃၀ ရက် ညနေ ပိုင်းက ပါလီမန် အဆောက် အအုံအနီး တွင် ထောင်ပေါင်း များစွာသော ထောက်ခံ အားပေး သူများ ကိုခန်းက ပြောကြား ခဲ့သည်။

၎င်း၏ ပါတီဝင် များသည်လည်း လာဟိုးမြို့ မှစ၍ နိုင်ငံ တွင်းရှိ အဓိက မြို့ကြီး များကို စတင် ပိတ်သိမ်း သွားမည်ဟု ခန်းက ပြောကြားသည်။ ၂၀၁၃ ခုနှစ်ရွေး   ကောက်ပွဲ များတွင် စနစ်တကျ မဲလိမ်လည် ထား သည် ဟူသည့် စွပ်စွဲမှု များကို အလျင် အမြန် စုံစမ်းစစ်ဆေး သွားရန်လည်း ခန်းက တောင်းဆို ထားသည်။

ယင်းရွေး ကောက်ပွဲကို ပြည်တွင်းနှင့် နိုင်ငံတကာ လေ့လာစောင့် ကြည့်သူများက မျှတမှု ရှိကြောင်း လက်ခံထား ခဲ့ကြသည်။ စက်တင်ဘာလ၁ ရက်ကအတိုက် အခံအုပ်စု များသည် နိုင်ငံပိုင် အသံလွှင့် ဌာနကို သိမ်းပိုက် ခဲ့ပြီး စစ်တပ်က ယခု အကျပ် အတည်း များကို အဆုံး သတ်ရန် အတွက် ၀င်ရောက်စွက် ဖက်နိုင် မည်အပေါ် စိုးရိမ်မှု များလည်း ရှိနေသည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment