Tuesday 2 December 2014

ကတ်အတုများဖြင့် ငွေထုတ်မှုများရှိလာ၍ ပုဂ္ဂလိကဘဏ်များ လုံခြုံရေးတိုးမြှင့်

Photo: ကတ်အတုများဖြင့် ငွေထုတ်မှုများရှိလာ၍ ပုဂ္ဂလိကဘဏ်များ လုံခြုံရေးတိုးမြှင့်
Tuesday, December 2, 2014

အေတီအမ်စက်များမှ ကတ်အတုများဖြင့် ငွေခိုးထုတ်မှု များ ဖြစ်ပွားနေ၍ ပုဂ္ဂလိကဘဏ် များကလုံခြုံရေးစနစ်ကို အရေးတကြီးတိုးမြှင့်နေကြောင်း ဘဏ် လုပ်ငန်းရှင်များက ပြောကြား သည်။

‘‘ဘဏ်တွေမှာထက် အများ ပြည်သူအသုံးပြုနေတဲ့ နေရာ တွေလုံခြုံရေးကို ပိုပြီး ဂရုစိုက်နေ တယ်’’ဟု မြန်မာ့ရှေ့ဆောင် ဘဏ် ဒုတိယအုပ်ချုပ်မှုဒါရိုက် တာ ဦးကျော်စိုးမင်းကပြောကြား သည်။

စူပါမားကက်များနှင့် စား သောက်ဆိုင်ကြီးများ၊ ဈေးဝယ် စင်တာများ၌ ဖွင့်လှစ်ထားသည့် စက်များကို လုံခြုံရေးပိုမြှင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံခြားသားနှစ်ဦးသည်  ဗီဇာကတ်အတုပြုလုပ်ပြီး ဗိုလ်တထောင်မြို့နယ် အတွင်းရှိ ကမ္ဘောဇဘဏ်၏ အေတီအမ်စက်မှ ငွေထုတ်ယူမှုကို အချိန်မီ ဖမ်းဆီး နိုင်ခဲ့သည်။

ပြည်ပနိုင်ငံအချို့တွင်  နည်းပညာဖြင့် ကတ်အတု ပြုလုပ်၍ ငွေထုတ်ယူမှုများ ရှိပြီး မြန်မာနိုင်ငံတွင်လည်း လာရောက်စမ်းသပ်ခြင်းဖြစ်နိုင်ကြောင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူအချို့ကပြောကြားသည်။

ကတ်အတုပြုလုပ်၍ ငွေ ထုတ်ယူခြင်းသည် အမေရိကန် နိုင်ငံက ၀န်ဆောင်မှု ပေးနေသော ဗီဇာ၊ မာစတာကတ်များတွင်သာ ဖြစ်ပြီး ပြည်တွင်းရှိ MPU ကတ် များနှင့် မသက်ဆိုင်ကြောင်း မြန်မာပေးမန့်ယူနီယံအဖွဲ့ အတွင်းရေးမှူး ဦးသန်းဝင်းဆွေက ရှင်းလင်းပြောကြားသည်။

မြန်မာပေးမန့်ယူနီယံ(MPU)သည် တရုတ်၊ ဂျပန်နိုင်ငံတို့နှင့်သာ ချိတ်ဆက် ထားပြီး ဗီဇာ၊ မာစတာကတ်များမှာမူ အမေရိကန်ကုမ္ပဏီနှင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခုချင်းနှင့်သာ ချိတ်ဆက်လုပ်ကိုင်နေခြင်းဖြစ်သည်။

လက်ရှိပြည်တွင်းဘဏ်လုပ် ငန်းတွင် အေတီအမ်စက်ဖြင့် ငွေ ထုတ်သည့်စနစ် အသုံးပြုသည်မှာ နှစ်အနည်းငယ်ရှိသဖြင့် လုံခြုံရေး အားနည်းနိုင်သည်ကို အခွင့်ကောင်းယူ၍ နိုင်ငံခြားသားအချို့က ခိုးယူရန် ကြံစည်ခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

လက်ရှိ ပြည်တွင်းပုဂ္ဂလိက ဘဏ်များသည် အေတီအမ်စက် များ၏ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေသဖြင့် ငွေထုတ်သူအချို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း နေ ရမှုနှင့် ကြုံတွေ့နေရပြီး အဆင်မ ပြေဖြစ်ရကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ငွေထုတ်သူတစ်ဦးက ပြောကြားသည်။

7Day DAILY 

ပုဂ္ဂလိကဘဏ်များ၏ ငွေထုတ်စက်များတွင် ငွေထုတ်နေသူအချို့ (ဓာတ်ပုံ − ကျော်ဇင်သန်း)
ပုဂ္ဂလိကဘဏ်များ၏ ငွေထုတ်စက်များတွင် ငွေထုတ်နေသူအချို့ (ဓာတ်ပုံ − ကျော်ဇင်သန်း) 
အေတီအမ်စက်များမှ ကတ်အတုများဖြင့် ငွေခိုးထုတ်မှုများ ဖြစ်ပွားနေ၍ ပုဂ္ဂလိကဘဏ် များကလုံခြုံရေး စနစ်ကို အရေးတကြီးတိုးမြှင့်နေကြောင်း ဘဏ် လုပ်ငန်းရှင်များက ပြောကြား သည်။

‘‘ဘဏ်တွေမှာထက် အများ ပြည်သူအသုံးပြုနေတဲ့ နေရာ တွေလုံခြုံရေးကို ပိုပြီး ဂရုစိုက်နေ တယ်’’ဟု မြန်မာ့ရှေ့ဆောင်ဘဏ် ဒုတိယအုပ်ချုပ်မှုဒါရိုက် တာ ဦးကျော်စိုးမင်းကပြောကြား သည်။

စူပါမားကက်များနှင့် စားသောက်ဆိုင်ကြီးများ၊ ဈေးဝယ်စင်တာများ၌ ဖွင့်လှစ်ထားသည့် စက်များကို လုံခြုံရေးပိုမြှင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံခြားသားနှစ်ဦးသည်  ဗီဇာကတ်အတုပြုလုပ်ပြီး ဗိုလ်တထောင်မြို့နယ် အတွင်းရှိ ကမ္ဘောဇဘဏ်၏ အေတီအမ်စက်မှ ငွေထုတ်ယူမှုကို အချိန်မီ ဖမ်းဆီး နိုင်ခဲ့သည်။

ပြည်ပနိုင်ငံအချို့တွင်  နည်းပညာဖြင့် ကတ်အတု ပြုလုပ်၍ ငွေထုတ်ယူမှုများ ရှိပြီး မြန်မာနိုင်ငံတွင်လည်း လာရောက်စမ်းသပ်ခြင်းဖြစ်နိုင်ကြောင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူအချို့က ပြောကြား သည်။

ကတ်အတုပြုလုပ်၍ ငွေ ထုတ်ယူခြင်းသည် အမေရိကန် နိုင်ငံက ၀န်ဆောင်မှု ပေးနေသော ဗီဇာ၊ မာစတာ ကတ်များတွင်သာ ဖြစ်ပြီး ပြည်တွင်းရှိ MPU ကတ် များနှင့် မသက်ဆိုင်ကြောင်း မြန်မာပေးမန့်ယူနီယံအဖွဲ့ အတွင်းရေးမှူး ဦးသန်းဝင်းဆွေက ရှင်းလင်းပြောကြားသည်။

မြန်မာပေးမန့်ယူနီယံ(MPU)သည် တရုတ်၊ ဂျပန်နိုင်ငံတို့နှင့်သာ ချိတ်ဆက် ထားပြီး ဗီဇာ၊ မာစတာကတ် များမှာမူ အမေရိကန်ကုမ္ပဏီနှင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခုချင်းနှင့်သာ ချိတ်ဆက်လုပ်ကိုင်နေ ခြင်းဖြစ် သည်။

လက်ရှိပြည်တွင်းဘဏ်လုပ် ငန်းတွင် အေတီအမ်စက်ဖြင့် ငွေထုတ်သည့်စနစ် အသုံးပြုသည်မှာ နှစ်အနည်း ငယ် ရှိသဖြင့် လုံခြုံရေး အားနည်းနိုင်သည်ကို အခွင့်ကောင်းယူ၍ နိုင်ငံခြားသားအချို့က ခိုးယူရန် ကြံစည်ခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

လက်ရှိ ပြည်တွင်းပုဂ္ဂလိက ဘဏ်များသည် အေတီအမ်စက် များ၏ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေ သဖြင့် ငွေထုတ်သူအချို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုနှင့် ကြုံတွေ့နေရပြီး အဆင်မ ပြေဖြစ်ရ ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ငွေထုတ်သူတစ်ဦးက ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment