Tuesday 2 December 2014

၂၀၁၄ အကောင်းဆုံး ဘောလုံးသမားဆန်ခါတင် ၃ ဦးစာရင်း ဖီဖာ ထုတ်ပြန်

Photo: ၂၀၁၄ အကောင်းဆုံး ဘောလုံးသမားဆန်ခါတင် ၃ ဦးစာရင်း ဖီဖာ ထုတ်ပြန်
Tuesday, December 2, 2014

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ၂၀၁၄ အတွက် ပေးအပ်မယ့် အကောင်းဆုံး ဘောလုံးသမား ဆန်ခါတင် ၃ ယောက်စာရင်းကို ထုတ်ပြန်လိုက်ရာမှာ ရော်နယ်ဒို၊ မက်ဆီနဲ့ ဂိုးသမား နူအာတို့  ပါဝင်လာပါတယ်။

အခု ၃ ယောက်ကို ပဏာမ ရွေးချယ်ထားတဲ့ ၂၃ ယောက်စာရင်းကနေ ဖီဖာက ရွေးချယ်ခဲ့တာပါ။ အသက် ၂၉  နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ၅၁ ဂိုး သွင်းနိုင်ခဲ့ပြီး ရီရဲလ်ကို ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အကောင်းဆုံးဆုကို  ၂ ကြိမ်၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ၄ ကြိမ် ရဖူးထားပါတယ်။ ဂိုးသမား နူအာဟာ ဂျာမဏီအသင်းမှာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင် ပေးထားပါတယ်။

အကောင်းဆုံး အမျိုးသမီး ဆန်ခါတင် ၃ ယောက်စာရင်းမှာတော့ ဂျာမဏီက ကက်ဆလာ၊ ဘရာဇီးက မာတာ၊ အမေရိကန်က ၀မ်ဘက်တို့ ပါဝင်နေပါတယ်။ အကောင်းဆုံး နည်းပြဆု စာရင်းမှာတော့ ရီရဲလ်မက်ဒရစ်က ကာလို အန်စလော့တီ၊ ဂျာမဏီ နည်းပြ ဂျိုချင် လို၊  အက်သလက်တီကို မက်ဒရစ် နည်းပြ ဒေဂို ဆီမွန်နီတို့  ပါဝင်ပါတယ်။

ဖီဖာက ပေးအပ်မယ့် ကမ္ဘာ့အကောင်းဆုံး ဆုရမယ့်သူတွေကိုတော့ လာမယ့် ဇန်န၀ါရီ ၁၂ ရက်နေ့မှာ တရားဝင် ထုတ်ပြန်သွားမှာပါ။

ဒီဆုကို ကမ္ဘာတ၀န်း နိုင်ငံလက်ရွေးစင်အသင်းတွေက နည်းပြ၊ အသင်းခေါင်းဆောင်တွေနဲ့ အားကစားသတင်းတွေက မဲပေးပြီး ရွေးချယ်တာ ဖြစ်ပါတယ်။

DVB
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ၂၀၁၄ အတွက် ပေးအပ်မယ့် အကောင်းဆုံး ဘောလုံးသမား ဆန်ခါတင် ၃ ယောက်စာရင်းကို ထုတ်ပြန်လိုက်ရာမှာ ရော်နယ်ဒို၊ မက်ဆီနဲ့ ဂိုးသမား နူအာတို့  ပါဝင်လာပါတယ်။

အခု ၃ ယောက်ကို ပဏာမ ရွေးချယ်ထားတဲ့ ၂၃ ယောက်စာရင်းကနေ ဖီဖာက ရွေးချယ်ခဲ့တာပါ။ အသက် ၂၉  နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ၅၁ ဂိုး သွင်းနိုင်ခဲ့ပြီး ရီရဲလ်ကို ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အကောင်းဆုံးဆုကို  ၂ ကြိမ်၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ၄ ကြိမ် ရဖူးထားပါတယ်။ ဂိုးသမား နူအာဟာဂျာမဏီအသင်းမှာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင် ပေး ထားပါတယ်။

အကောင်းဆုံး အမျိုးသမီး ဆန်ခါတင် ၃ ယောက်စာရင်းမှာတော့ ဂျာမဏီက ကက်ဆလာ၊ ဘရာဇီးက မာတာ၊ အမေရိကန်က ၀မ်ဘက်တို့ ပါဝင်နေပါတယ်။ အကောင်းဆုံး နည်းပြဆု စာရင်းမှာတော့ ရီရဲလ် မက်ဒရစ်က ကာလို အန်စလော့တီ၊ ဂျာမဏီ နည်းပြ ဂျိုချင် လို၊  အက်သလက်တီကို မက်ဒရစ် နည်းပြ ဒေဂို ဆီမွန်နီတို့  ပါဝင်ပါတယ်။

ဖီဖာက ပေးအပ်မယ့် ကမ္ဘာ့အကောင်းဆုံး ဆုရမယ့်သူတွေကိုတော့ လာမယ့် ဇန်န၀ါရီ ၁၂ ရက်နေ့မှာ တရားဝင် ထုတ်ပြန်သွားမှာပါ။

ဒီဆုကို ကမ္ဘာတ၀န်း နိုင်ငံလက်ရွေးစင်အသင်းတွေက နည်းပြ၊ အသင်းခေါင်းဆောင်တွေနဲ့ အားကစား သတင်းတွေက မဲပေးပြီး ရွေးချယ်တာ ဖြစ်ပါတယ်။

DVB 

No comments:

Post a Comment