Tuesday 2 December 2014

အဝေးပြေးယာဉ်များပေါ်တွင် ခရီးသည်အသွင်ဖြင့် အလစ်သုတ်မှုများ မကြာခဏဖြစ်ပွား

အဝေးပြေးယာဉ်များ ပေါ်တွင် ခရီးသည်အသွင်ဖြင့်အုပ် စုဖွဲ့အလစ်သုတ်ခိုးယူသည့်ဖြစ် စဉ်များ မကြာခဏ ဖြစ်လာသ ဖြင့် ပိုမိုသတိထားရန်ခရီးသည် များကို ယာဉ်လိုင်းများက သတိ ပေးပြောကြားထားသည်။

ရွှေ၊ ငွေနှင့်တန်ဖိုးကြီးပစ္စည်း များကို ခရီးဆောင်အိတ်များနှင့် ထည့်သွင်းသွားလာပါက သတိရှိရန်နှင့် ယာဉ်မထွက်ခွာမီ ခရီးသည်တက်စဉ် ခိုးဝှက်ခြင်းများနှင့် အုပ်စုဖွဲ့အလစ်သုတ်မည့်အဖွဲ့ က ကားလက်မှတ် ဖြတ်၍ ကား ပေါ်တွင် အခွင့်ကောင်းစောင့် သည့် အဆင့်ထိရှိလာကြောင်း နာမည်ကြီးယာဉ်လိုင်းများထံမှ သတင်းရရှိသည်။

‘‘ကားလက်မှတ်ဝယ်ပြီး ကားပေါ်ရောက်မှ လုပ်တာတွေ ရှိတယ်။ ကားစီးရင် မိမိတန်ဖိုးကြီး ပစ္စည်းပါရင် ဂရုစိုက်စေချင် တယ်။ ခရီးသည်လာစီးတဲ့အခါကျ သံသယမျက်လုံးနဲ့ အားလုံးကို ကြည့်လို့မရဘူး’’ဟုဂျေဂျေ အိတ်ပရက်စ် ယာဉ်လိုင်းမှ ကြီးကြပ်ရေးမှူး ဦးကျောက်ကပြောသည်။

အဆင့်မြင့်မော်တော်ယာဉ် အများစုတွင် လုံခြုံရေးကင်မရာ များတပ်ဆင်ထားသဖြင့် ကျူးလွန် သူများကို ဖမ်းမိနိုင်ရန်အထောက် အကူဖြစ်ခဲ့သော်လည်း ကျူးလွန် သူများသည် ဖုန်းနံပါတ်နှင့်မှတ်ပုံ တင်နံပါတ် အမှားများကိုသာ အ သုံးပြုလေ့ရှိကြောင်း ယာဉ်လိုင်း များကပြောသည်။

‘‘ခေါင်းဆောင်တစ်ယောက် ကဖုန်းပြောတယ်။ တပည့်က ခရီး သည်ယောင်ဆောင်ပြီး ကားပေါ် တက်ပြီး အိတ်ဖွင့်နေတုန်းမိတာ တွေရှိတယ်။ ရဲစခန်းရောက်တော့ သက်သေမရှိ ဖမ်းလို့မရဘူးဖြစ် နေတယ်။ ဟိုတစ်လောက ပုဂံမင်း သားဂိတ်မှာဖြစ်တော့ ပထမရဲစ ခန်းရောက်တဲ့အဖွဲ့ပဲဖြစ်နေ တယ်’’ဟု ဂျေဂျေ ယာဉ်လိုင်း ကြီးကြပ်ရေး မှူးဦးကျောက်က ပြောသည်။

ယာဉ်ပေါ်တွင် ညမီးအကုန် မဖွင့်ခြင်းကြောင့် ခိုးယူလိုသူများ အသုံးချရန်လွယ်နေပြီး လက်မှတ် ဖြတ်ပြီး ခရီးသည်ယောင်ဆောင် ခြင်းကို ယာဉ်လိုင်းအများအပြားကြုံတွေ့နေရခြင်းဖြစ်ကြောင်း အကယ်ဒမီ အဆင့်မြင့် အဝေး ပြေး ယာဉ်လိုင်း(ရန်ကုန်) ကြီးကြပ်ရေးမှူး ဦးမင်းမင်းကဆိုသည်။

အုပ်စုဖွဲ့အလစ်သုတ်ခိုးယူ သူများသည် ခရီးသည်အသွင်ဖြင့် ခရီးစဉ်တစ်လျှောက်လိုက်ပါစီး နင်းကာ ခိုးယူရမည့်ပစ်မှတ်ကို ရှာဖွေတတ်ပြီး အတူတကွလိုက် ပါစီးနင်းကာ ခိုးယူတတ်ကြသည်။

‘‘ခရီးသည်တွေက အရေးကြီးစာရွက်စာတမ်းတွေ၊ ရွှေငွေတွေပါရင် ပေါ့ပေါ့ဆဆမဖြစ်ဖို့လိုတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က တစ်ခါဖြစ်သွားသေးတယ်။ တခြားယာဉ်လိုင်းတစ်ခုမှာလည်း ဖြစ်သေးတယ်။ ရဲတွေ ကတော့ လက်တွေ့ကျကျမိတာမရှိသေး ဘူး’’ဟု အကယ်ဒမီအဆင့်မြင့်အ ဝေးပြေးယာဉ်လိုင်း(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

7Day DAILY 

No comments:

Post a Comment