Tuesday 2 December 2014

တကယ်မရှိ စစ်သား ၅ သောင်း၏ လစာလိမ်ထုတ်မှုအတွက် အီရတ်အရာရှိများ အလုပ်ပြုတ်

Photo: တကယ်မရှိ စစ်သား ၅ သောင်း၏ လစာလိမ်ထုတ်မှုအတွက် အီရတ်အရာရှိများ အလုပ်ပြုတ်
Tuesday, December 2, 2014

အမှန်တကယ်မရှိသော စစ်သားဦးရေ ၅ သောင်းခန့်အား စာရင်းလိမ်တင်ပြပြီး လစာများ ထုတ်ယူမှုအတွက် အီရတ်နိုင်ငံဝန်ကြီးချုပ်က ပြည်ထဲရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိများအား အလုပ်မှထုတ်ပစ်လိုက်ကြောင်းသိရသည်။

အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါအယ်လ် အာဘာဒီက ယခုအဖြစ်အပျက်သည် နိုင်ငံတော်ဘဏ္ဍာမှ ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးစေခဲ့သည်ဟု ဆိုကာ ပြည်ထဲရေးဌာနမှ ထိပ်တန်းအရာရှိ ၂၄ ဦးအား ၄င်းတို.၏ “တာဝန်မှအနားပေး” ခဲ့သည်။

နိုင်ငံတွင် ငွေကြေးမဖူလုံသည့်အချိန်မျိုးတွင် တကယ်မရှိသည့် စာရင်းလိမ်များအတွက် လစာထုတ်ပေးခဲ့ရသည်မှာ ၀မ်းနည်း ကြေကွဲစရာဖြစ်ကြောင်း ၄င်းကဆိုသည်။

“တို့နိုင်ငံမှာ စစ်သားတွေတိုက်ပွဲဝင်နေကြ၊ သေနေကြတယ်။ တစ်ဖက်မှာတော. အဟုတ်တကယ်မရှိနာမည်တုနဲ့စစ်သားတွေက လစာတွေရနေကြတယ်” ဟု ၄င်းက စိတ်မကောင်းစွာပြောကြားသည်။

အီရတ်နိုင်ငံတွင် စစ်သည် ၈ သိန်းရှိပြီး၊ ထိုအနက်ထက်ဝက်ကျော်မှာ အရံစစ်သားများသာဖြစ်ပြီး ၄င်းတို့အထဲမှ ၃ သိန်းကျော်သာ အချိန်ပြည့် တာဝန်ထမ်းဆောင်သူများဖြစ်သည်။

အီရတ်ရှိစစ်သားတစ်ဦးသည် ပျမ်းမျှလစာ ဒေါ်လာ ၆၀၀ ခန့်ရရှိပြီး၊ ထို.ကြောင့် စာရင်းလိမ်စစ်သား ၅ သောင်းကိုပေးခဲ့ရသောလစာမှာ တစ်နှစ်အနည်းဆုံး ဒေါ်လာသန်း ၃၈၀ ခန့်ရှိမည်ဖြစ်သည်။

The Yangon Globe
အမှန်တကယ်မရှိသော စစ်သားဦးရေ ၅ သောင်းခန့်အား စာရင်းလိမ်တင်ပြပြီး လစာများ ထုတ်ယူမှု အတွက် အီရတ်နိုင်ငံဝန်ကြီးချုပ်က ပြည်ထဲရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိများအား အလုပ်မှထုတ်ပစ် လိုက်ကြောင်းသိရသည်။

အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါအယ်လ် အာဘာဒီက ယခုအဖြစ်အပျက်သည် နိုင်ငံတော်ဘဏ္ဍာမှ ဒေါ်လာ သန်းပေါင်း များစွာ ဆုံးရှုံးစေခဲ့သည်ဟု ဆိုကာ ပြည်ထဲရေးဌာနမှ ထိပ်တန်းအရာရှိ ၂၄ ဦးအား ၄င်းတို.၏ “တာဝန်မှအနားပေး” ခဲ့သည်။

နိုင်ငံတွင် ငွေကြေးမဖူလုံသည့်အချိန်မျိုးတွင် တကယ်မရှိသည့် စာရင်းလိမ်များအတွက် လစာထုတ်ပေးခဲ့ရ သည်မှာ ၀မ်းနည်း ကြေကွဲစရာဖြစ်ကြောင်း ၄င်းကဆိုသည်။

“တို့နိုင်ငံမှာ စစ်သားတွေတိုက်ပွဲဝင်နေကြ၊ သေနေကြတယ်။ တစ်ဖက်မှာတော. အဟုတ်တကယ်မရှိ နာမည်တုနဲ့စစ်သားတွေက လစာတွေရနေကြတယ်” ဟု ၄င်းက စိတ်မကောင်းစွာပြောကြားသည်။

အီရတ်နိုင်ငံတွင် စစ်သည် ၈ သိန်းရှိပြီး၊ ထိုအနက်ထက်ဝက်ကျော်မှာ အရံစစ်သားများသာဖြစ်ပြီး ၄င်းတို့ အထဲမှ ၃ သိန်းကျော်သာ အချိန်ပြည့် တာဝန်ထမ်းဆောင်သူများဖြစ်သည်။

အီရတ်ရှိစစ်သားတစ်ဦးသည် ပျမ်းမျှလစာ ဒေါ်လာ ၆၀၀ ခန့်ရရှိပြီး၊ ထို.ကြောင့် စာရင်းလိမ်စစ်သား ၅ သောင်းကို ပေးခဲ့ရသောလစာမှာ တစ်နှစ်အနည်းဆုံး ဒေါ်လာသန်း ၃၈၀ ခန့်ရှိမည်ဖြစ်သည်။

The Yangon Globe 

No comments:

Post a Comment