Tuesday 2 December 2014

အငြင်းပွားဖွယ် ဘာသာပြောင်းဥပဒေကြမ်း ထွက်လာပြီ

Photo: အငြင်းပွားဖွယ် ဘာသာပြောင်းဥပဒေကြမ်း ထွက်လာပြီ
Tuesday, December 2, 2014 

အစိုးရအာဘော်သတင်းစာများတွင် တနင်္လာနေ့က ထည့်သွင်းထားသော "ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း" သည် နိုင်ငံတကာ လူ့အခွင့်ရေးစံချိန်စံနှုန်းများဖြင့် ကြည့်လျှင် ချို့ယွင်းချက်များရှိနေပြီး ဘာသာ ကူးပြောင်းမှုအတွက် လုပ်ထုံးလုပ်နည်း အဆင့် များပြားနေသည်ဟု ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်သူများက ဝေဖန်လိုက်သည်။

ကိုးကွယ်ရာ ကူးပြောင်းခြင်းဆိုသည်မှာ လူတစ်ယောက်၏ အခြေခံ လူ့အခွင့်အရေးဖြစ်ပြီး လွယ်လွယ်ကူကူ ကူးပြောင်းနိုင်စေရေးအတွက် စီစဉ်ပေးနိုင်ရန်လည်း လိုအပ်သည်ဟု

ဥပဒေကြမ်းတွင် ယုံကြည်ရာ ဘာသာတရားတစ်ခုသို့ ကူးပြောင်းနိုင်ရန် လုပ်ထုံးလုပ်နည်းအဆင့်ဆင့် များပြားလျက်ရှိနေပြီး လူဝင်မှုကြီးကြပ်ရေး၊ အမျိုးသမီးရေးရာ၊ ပညာရေး အစရှိသည့် ဌာနဆိုင်ရာတို့၏ အခန်းကဏ္ဍများလည်း ပါဝင်နေသည်ဟု Equallity Myanmar အဖွဲ့မှ ဦးအောင်မျိုးမင်းက ဆိုသည်။

“ ဒီလူတွေက လူတစ်ယောက် ဘာသာကူးပြောင်းဖို့အတွက် ပါဝင်ခွင့်ရှိနေလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု ဦးအောင်မျိုးမင်းက သုံးသပ်သည်။

မျိုးစောင့်ဥပဒေတွင် ပါဝင်သည့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို မူကြမ်းဆွဲနေသည့် အချိန်းကတည်းက ကန့်ကွက်ထားပြီး ဖြစ်သည်ဟု Triangle Women Support Group အဖွဲ့မှ မခင်လေးက ဆိုသည်။

ထိုစဉ်က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ရာ အရပ်ဖက် အဖွဲ့အစည်း ၉၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြသည်ဟု မခင်လေးက ရှင်းပြသည်။

ဘာသာကူးပြောင်းရေးဥပဒေ၊ မျိုးစောင့်ဥပဒေတို့သည် လူထုလိုလားချက်ဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို
အနှောက်ယှက်ဖြစ်စေသည်ဟု လူ့အခွင့်ရေးသမားတို့က ဆိုသော်လည်း ၎င်းတို့နှင့် အမြင်မတူသူတို့မှာ ထိုဥပဒေကြမ်းပေါ်ပေါက်ရေး အစပြုသူများ ဖြစ်သည်။

အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးပါမောက္ခက ထိုဥပဒေကြမ်းကို ၎င်းတို့တင်သွင်းထား ခြင်းဖြစ်ပြီး လိုအပ်သည့်အချက်များကို လွှတ်တော်က အနည်းငယ်ဖြည့်စွက်ခြင်းသာဖြစ်သည်ဟု မိန့်သည်။

“အခြား ဘာသာ အသီးသီးမှာက ဘာသာကူးပြောင်းတာတို့၊ လက်ထပ်ထိမ်းမြားတာတို့နဲ့ ပတ်သက်ပြီး ဥပဒေတွေ အသီးသီး ရှိတယ်။
တို့ဗုဒ္ဓဘာသာမှာက နှစ်ပေါင်း ၂၇၀၀ လောက်ထိ မရှိသေးဘူး” ဟု ဦးပါမောက္ခက မိန့်သည်။

လွှတ်တော်သို့ တင်သွင်းထားသည့် မျိုးစောင့်ဥပဒေ လေးရပ်ကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ရေးဆွဲပြီး ရဟန်းသံဃာ အများအပြား လက်မှတ်ရေးထိုးထားသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်ခင်ဌေးကြွယ်က အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်၍ လပိုင်းအတွင်း ပြန်လည် စတင်မည့် လွှတ်တော်အစည်းအဝေးတွင် စတင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

အသက် ၁၈ နှစ် ပြည့်ပြီးသူသာ ဘာသာကူးပြောင်းခွင့် ရှိမည်ဖြစ်ပြီး လျှောက်လွှာကို မြို့နယ်အသီးသီးတွင် ဖွဲ့ကြမည့် "ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ စိစစ် မှတ်ပုံတင်ရေးအဖွဲ့" သို့ တင်ပြရမည်ဟု ဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည်။

မည်သည့် သာသနာကိုမဆို စော်ကားရန်၊ အကြည်ညိုပျက်စေရန်၊ အလွဲသုံးစားပြုရန်အကြံဖြင့် ဘာသာပြောင်းပါက ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ၂ သိန်းအထိ ချမှတ်နိုင်ကြောင်း ပြည်သူအများလေ့လာ အကြံပြုနိုင်ရန် သတင်းစာတွင် ဖော်ပြထားသည့် ဥပဒေကြမ်းက ဆိုသည်။

ဘာသာပြောင်းရန် ခြိမ်းခြောက်လျှင် ထောင် ၁ နှစ်၊ ငွေဒဏ် ၁ သိန်းအထိ ချမှတ်နိုင်ပြီး၊ ဘာသာပြောင်းလိုသူကို ဟန့်တား နှောင့်ယှက်ပါက ထောင် ၆လ၊ ငွေဒဏ် ၅ သောင်း ချမှတ်ရမည်ဟုလည်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြပြီး အစ္စလမ်၊ ဟိန္ဒူ၊ ခရစ်ယာန် စသည့် ဘာသာတို့ကို ကိုးကွယ်သူများလည်း အများအပြား ရှိသည်။

The Yangon Globe

၂ဝ၁၄ အောက်တိုဘာလက ရန်ကုန်မြို့ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် ဝတ်ပြုနေသူများ (ဓာတ်ပုံ - လင်းသစ်/The Yangon Globe)
၂ဝ၁၄ အောက်တိုဘာလက ရန်ကုန်မြို့ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် ဝတ်ပြုနေသူများ (ဓာတ်ပုံ - လင်းသစ်/The Yangon Globe) 
အစိုးရအာဘော်သတင်းစာများတွင် တနင်္လာနေ့က ထည့်သွင်းထားသော "ကိုးကွယ်ရာ ဘာသာ ကူးပြောင်း ခြင်းဆိုင်ရာဥပဒေကြမ်း" သည် နိုင်ငံတကာ လူ့အခွင့်ရေးစံချိန်စံနှုန်းများဖြင့် ကြည့်လျှင် ချို့ယွင်းချက်များ ရှိနေပြီး ဘာသာ ကူးပြောင်းမှုအတွက် လုပ်ထုံးလုပ်နည်း အဆင့် များပြားနေသည်ဟု ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်သူများက ဝေဖန်လိုက်သည်။

ကိုးကွယ်ရာ ကူးပြောင်းခြင်းဆိုသည်မှာ လူတစ်ယောက်၏ အခြေခံ လူ့အခွင့်အရေးဖြစ်ပြီး လွယ်လွယ်ကူကူ ကူးပြောင်းနိုင်စေရေးအတွက် စီစဉ်ပေးနိုင်ရန်လည်း လိုအပ်သည်ဟု

ဥပဒေကြမ်းတွင် ယုံကြည်ရာ ဘာသာတရားတစ်ခုသို့ ကူးပြောင်းနိုင်ရန် လုပ်ထုံးလုပ်နည်းအဆင့်ဆင့် များပြားလျက်ရှိနေပြီး လူဝင်မှုကြီးကြပ်ရေး၊ အမျိုးသမီးရေးရာ၊ ပညာရေး အစရှိသည့် ဌာနဆိုင်ရာတို့၏ အခန်းကဏ္ဍများလည်း ပါဝင်နေသည်ဟု Equallity Myanmar အဖွဲ့မှ ဦးအောင်မျိုးမင်းက ဆိုသည်။

“ ဒီလူတွေက လူတစ်ယောက် ဘာသာကူးပြောင်းဖို့အတွက် ပါဝင်ခွင့်ရှိနေလားလို့ မေးခွန်းထုတ်စရာ ဖြစ် လာတယ်” ဟု ဦးအောင်မျိုးမင်းက သုံးသပ်သည်။

မျိုးစောင့်ဥပဒေတွင် ပါဝင်သည့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို မူကြမ်းဆွဲနေသည့် အချိန် ကတည်းက ကန့်ကွက်ထားပြီး ဖြစ်သည်ဟု Triangle Women Support Group အဖွဲ့မှ မခင်လေးက ဆိုသည်။

ထိုစဉ်က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ရာ အရပ်ဖက် အဖွဲ့အစည်း ၉၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြ သည်ဟု မခင်လေးက ရှင်းပြသည်။

ဘာသာကူးပြောင်းရေးဥပဒေ၊ မျိုးစောင့်ဥပဒေတို့သည် လူထုလိုလားချက်ဖြစ်သည့် အခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အနှောက်ယှက်ဖြစ်စေသည်ဟု လူ့အခွင့်ရေးသမားတို့က ဆိုသော်လည်း ၎င်းတို့နှင့် အမြင်မတူသူတို့မှာ ထိုဥပဒေကြမ်းပေါ်ပေါက်ရေး အစပြုသူများ ဖြစ်သည်။

အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးပါမောက္ခက ထိုဥပဒေကြမ်းကို ၎င်းတို့တင်သွင်းထား ခြင်းဖြစ်ပြီး လိုအပ်သည့်အချက်များကို လွှတ်တော်က အနည်းငယ်ဖြည့်စွက်ခြင်းသာ ဖြစ်သည်ဟု မိန့်သည်။

“အခြား ဘာသာ အသီးသီးမှာက ဘာသာကူးပြောင်းတာတို့၊ လက်ထပ်ထိမ်းမြားတာတို့နဲ့ ပတ်သက်ပြီး ဥပဒေတွေအသီးသီးရှိတယ်။ တို့ဗုဒ္ဓဘာသာမှာက နှစ်ပေါင်း ၂၇၀၀ လောက်ထိ မရှိသေးဘူး” ဟု ဦးပါမောက္ခ က မိန့်သည်။

လွှတ်တော်သို့ တင်သွင်းထားသည့် မျိုးစောင့်ဥပဒေ လေးရပ်ကို အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေး အဖွဲ့က ရေးဆွဲပြီး ရဟန်းသံဃာ အများအပြား လက်မှတ်ရေးထိုးထားသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်ခင်ဌေးကြွယ်က အဆိုပါဥပဒေကြမ်းနှင့် ပတ် သက် ၍ လပိုင်းအတွင်း ပြန်လည် စတင်မည့် လွှတ်တော်အစည်းအဝေးတွင် စတင် ဆွေးနွေးသွား မည်ဖြစ်ကြောင်း ရှင်းပြသည်။

အသက် ၁၈ နှစ် ပြည့်ပြီးသူသာ ဘာသာကူးပြောင်းခွင့် ရှိမည်ဖြစ်ပြီး လျှောက်လွှာကို မြို့နယ်အသီးသီးတွင် ဖွဲ့ကြမည့် "ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ စိစစ် မှတ်ပုံတင်ရေးအဖွဲ့" သို့ တင်ပြရမည်ဟု ဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည်။

မည်သည့် သာသနာကိုမဆို စော်ကားရန်၊ အကြည်ညိုပျက်စေရန်၊ အလွဲသုံးစားပြုရန်အကြံဖြင့် ဘာသာ ပြောင်းပါက ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ၂ သိန်းအထိ ချမှတ်နိုင်ကြောင်း ပြည်သူအများလေ့လာ အကြံပြုနိုင် ရန် သတင်းစာတွင် ဖော်ပြထားသည့် ဥပဒေကြမ်းက ဆိုသည်။

ဘာသာပြောင်းရန် ခြိမ်းခြောက်လျှင် ထောင် ၁ နှစ်၊ ငွေဒဏ် ၁ သိန်းအထိ ချမှတ်နိုင်ပြီး၊ ဘာသာပြောင်းလို သူကို ဟန့်တား နှောင့်ယှက်ပါက ထောင် ၆လ၊ ငွေဒဏ် ၅ သောင်း ချမှတ်ရမည်ဟုလည်း ပြဋ္ဌာန်းထား သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြပြီး အစ္စလမ်၊ ဟိန္ဒူ၊ ခရစ်ယာန် စသည့် ဘာသာတို့ကို ကိုးကွယ်သူများလည်း အများအပြား ရှိသည်။

The Yangon Globe

No comments:

Post a Comment