Tuesday 2 December 2014

အင်္ဂလန်တွင် ပထမဦးဆုံး အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး ရွေးချယ်မည်

Photo: အင်္ဂလန်တွင် ပထမဦးဆုံး အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး ရွေးချယ်မည်
Tuesday, December 2, 2014 

လာမည့် သီတင်းပတ်အတွင်းမှာ အင်္ဂလန်နိုင်ငံက ဘုရားကျောင်းတွေမှာ
ခန့်အပ်ဖို့ အတွက် ပထမဆုံး အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကို
ရွေးချယ်တော့မယ်လို့ သိရပါတယ်။

Southwell နဲ့ Nottingham မြို့ တွေမှာရှိတဲ့ အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး
အဖြစ် ဝင်ရောက်လျှောက်ထား တဲ့ ဂိုဏ်းချုပ်လောင်းအချို့ ကို ပြီးခဲ့တဲ့ အဂါင်္နေ့ နဲ့ 
ဗုဒ္ဓဟူးတွေမှာ စီစစ်ရွေးချယ်ခဲ့ပြီးဖြစ်တဲ့အတွက် ယင်း ဂိုဏ်းချုပ်လောင်းတွေကို
မကြာခင်မှာ အင်တာဗျူးပြုလုပ်ပြီး ပထမဦးစားပေးနဲ့ ဒုတိယ ဦးစားပေးဆိုပြီး
ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ထောက်ခံအတည်ပြုချက်ကို ယူပြီးမှ ဘုရင်မ က အမျိုးသမီး
ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကို အတည်ပြုပေးမှာဖြစ်တဲ့အတွက် ၂၀၁၅ မတိုင်ခင်ထိ
နောက်ဆုံးပိတ်ရွေးချယ်ထားသူကို ကြေညာဦးမှာ မဟုတ်သေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ အထွေထွေဘာသာရေးဆိုင်ရာတွေ့ ဆုံပွဲအတွင်း
အသင်းတော်ရဲ့ ဥပဒေပြု အဖွဲ့ ကနေပြီး အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး
တွေကို ခန့် အပ်ဖို့ ဆိုတဲ့ စည်းမျဉ်းဥပဒေတရပ်ကို အတည်ပြုပေး ခဲ့ပြီး
အောက်တိုဘာလအတွင်းမှာ အဆိုပါ ဥပဒေကို ပါလီမန် ထဲမှာ အပြီးသတ်
အတည်ပြုပေးခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာ ပထမဆုံး အမျိုးသမီးခရစ်ယာန်ဘုန်းကြီးဖြစ်ခွင့်ကို သတ်မှတ်ခွင့်
ပြုပေးခဲ့ပေမဲ့ ဘုရားကျောင်းရဲ့  အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာတော့
ပါဝင်ခွင့်မရခဲ့ပါဘူး။

အမျိုးသမီးတွေကို ခရစ်ယာန်ဘုန်းကြီး အဖြစ် ခွင့်ပြုပေးခဲ့တဲ့အပေါ် တချို့ က
သူတို့ ယုံကြည်မှုနဲ့ သင့်လျော်တဲ့အတွက် လက်ခံနိုင်တယ်လို့ ဆိုကြပေမယ့်
အစဉ်အလာသမားတချို့ ကတော့ သဘောမတူနိုင်ကြဘူးလို့ သိရပါတယ်။

အဆိုပါ အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး ရာထူးနေရာက ဇန်နဝါရီလတုန်းက
ယခင် ဂိုဏ်းချုပ်ဘုန်းတော် ကြီး Paul Butler က Durham မြို့ ကို
ဂိုဏ်းချုပ်ကြီးဘုန်းတော်ကြီး လုပ်ဖို့ အတွက် ထွက်ခွာသွားချိန်မှာ စပြီး
ပေါ်ပေါက်လာခဲ့တာဖြစ် ပါတယ်။

အင်္ဂလန်နိုင်ငံတွင်းက Gloucester၊ Oxford နဲ့ Newcastle မြို့ တွေမှာလည်း
မကြာခင်အချိန်အတွင်းမှာ အမျိုးသမီးဂိုဏ်းချုပ်ဘုန်းတော်ကြီးခန့်အပ်သွားတော့မှာ
ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: BBC
လာမည့် သီတင်းပတ်အတွင်းမှာ အင်္ဂလန်နိုင်ငံက ဘုရားကျောင်းတွေမှာ ခန့်အပ်ဖို့ အတွက် ပထမဆုံး အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကို ရွေးချယ်တော့မယ်လို့ သိရပါတယ်။

Southwell နဲ့ Nottingham မြို့ တွေမှာရှိတဲ့ အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် ဝင်ရောက် လျှောက်ထားတဲ့ ဂိုဏ်းချုပ်လောင်းအချို့ ကို ပြီးခဲ့တဲ့ အဂါင်္နေ့ နဲ့  ဗုဒ္ဓဟူးတွေမှာ စီစစ်ရွေးချယ် ခဲ့ပြီး ဖြစ်တဲ့ အတွက် ယင်း ဂိုဏ်းချုပ်လောင်းတွေကို မကြာခင်မှာ အင်တာဗျူးပြုလုပ်ပြီး ပထမဦးစားပေးနဲ့ ဒုတိယ ဦးစားပေး ဆိုပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ထောက်ခံအတည်ပြုချက်ကို ယူပြီးမှ ဘုရင်မ က အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကို အတည်ပြုပေးမှာဖြစ်တဲ့အတွက် ၂၀၁၅ မတိုင်ခင်ထိ နောက်ဆုံးပိတ်ရွေးချယ်ထားသူကို ကြေညာဦးမှာ မဟုတ်သေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ အထွေထွေဘာသာရေးဆိုင်ရာတွေ့ ဆုံပွဲအတွင်း အသင်းတော်ရဲ့ ဥပဒေပြု အဖွဲ့ ကနေပြီး အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး တွေကို ခန့် အပ်ဖို့ ဆိုတဲ့ စည်းမျဉ်းဥပဒေတရပ်ကို အတည်ပြုပေး ခဲ့ပြီး အောက်တိုဘာလအတွင်းမှာ အဆိုပါ ဥပဒေကို ပါလီမန် ထဲမှာ အပြီးသတ် အတည်ပြု ပေးခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာ ပထမဆုံး အမျိုးသမီးခရစ်ယာန်ဘုန်းကြီးဖြစ်ခွင့်ကို သတ်မှတ်ခွင့် ပြုပေးခဲ့ပေမဲ့ ဘုရားကျောင်းရဲ့  အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာတော့ ပါဝင်ခွင့်မရခဲ့ပါဘူး။

အမျိုးသမီးတွေကို ခရစ်ယာန်ဘုန်းကြီး အဖြစ် ခွင့်ပြုပေးခဲ့တဲ့အပေါ် တချို့ က သူတို့ ယုံကြည်မှုနဲ့ သင့်လျော် တဲ့ အတွက် လက်ခံနိုင်တယ်လို့ ဆိုကြပေမယ့် အစဉ်အလာသမားတချို့ ကတော့ သဘောမတူနိုင်ကြဘူးလို့ သိရပါတယ်။

အဆိုပါ အမျိုးသမီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး ရာထူးနေရာက ဇန်နဝါရီလတုန်းက ယခင် ဂိုဏ်းချုပ် ဘုန်းတော် ကြီး Paul Butler က Durham မြို့ ကို ဂိုဏ်းချုပ်ကြီးဘုန်းတော်ကြီး လုပ်ဖို့ အတွက် ထွက်ခွာ သွားချိန်မှာ စပြီး ပေါ်ပေါက်လာခဲ့တာဖြစ် ပါတယ်။

အင်္ဂလန်နိုင်ငံတွင်းက Gloucester၊ Oxford နဲ့ Newcastle မြို့ တွေမှာလည်း မကြာခင်အချိန်အတွင်းမှာ အမျိုးသမီးဂိုဏ်းချုပ်ဘုန်းတော်ကြီးခန့်အပ်သွားတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: BBC

No comments:

Post a Comment