Tuesday 2 December 2014

လက်နက်ကိုင်တွေက ကင်ညာကျောက်ကျင်းအလုပ်သမားတွေကို ပစ်သတ်

အင်္ဂါနေ့ မနက်အစောပိုင်းက ကင်ညာနိုင်ငံမြောက်ပိုင်း၊ မန်ဒါးရားမြို့ မှာ လက်နက်ကိုင်လူတချို့ က ကျောက်ကျင်းအလုပ်သမား ၃၆ ယောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ခဲ့ ပါတယ်။

ဒေသခံတချို့ က သေနတ်သမားတွေက အလုပ်သမားတွေထဲက မူဆလင် ဘာသာဝင်တွေရွေးထုတ် ပြီးနောက် ခရစ်ယာန်အလုပ်သမားသက်သက်ကိုပဲ သတ်ပစ်လိုက်တာဖြစ်ကြောင်း ပြောပါတယ်။

ရဲတွေကတော့ သေနတ်သမားတွေက မန်ဒါးရားမြို့ နဲ့ ၁၅ မိုင်အကွာမှာရှိတဲ့ ကောလ်မေး ကျောက်ကျင်း က မူဆလင် ဘာသာဝင်မဟုတ်တဲ့ အလုပ်သမားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့  ဆိုပါတယ်။

အလုပ်သမားတွေက ကျောက်ကျင်းနားက တဲတွေထဲမှာ အိပ်ပျော်နေစဉ် အသတ်ခံခဲ့ရတာဖြစ်တာဖြစ်ပြီး အများစုက ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ၄ ဦးကတော့ ခေါင်းဖြတ်အသတ်ခံခဲ့ရတယ်လို့ မျက်မြင် သက်သေတစ်ဦးက ပြောပါတယ်။

တင်္နလာနေ့ မှာ မန်ဒါးရားမြို့ နားက ဝေဂျာမြို့ မှာပဲ နာမည်ကြီးတဲ့ ဘားတစ်ခု အတွင်း လက်နက်ကိုင် သေနတ်သမားတစု ဝင်လာပြီး လူအများရှိရာနေရာကို ဗုံးတစ်လုံးပစ်သွင်းပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ကြောင့် လူတစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

အလားတူဒေသမှာပဲ ပြီးခဲ့တပတ်က ဆိုမာလီယာနိုင်ငံမှာ အခြေစိုက်တဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွ တွေက ဘတ်စ်ကားပေါ်ပါလာတဲ့ မူဆလင်ဘာသာဝင်မဟုတ်တဲ့ ခရီးသည် ၂၈ ဦးကို ဦးတည်သတ်ဖြတ်မှု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်သွေးကြွအဖွဲ့ တွေက သူတို့  လက်ချက်ပါဆိုပြီး ဝန်ခံပြော ဆိုတာ မရှိသေးပေမယ့် တိုက်ခိုက်မှုတွေက ဆိုမာလီးယားနယ်စပ်နားမှာပဲ ဖြစ်ပွားခဲ့တာပါ။

၂၀၁၁ ခုနှစ်မှာ ကင်ညာအစိုးရက နယ်စပ်ကနေတဆင့် ဆိုမားလီးယားနိုင်ငံ တွင်းက စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ စစ်တပ်တွေစေလွှတ်ခဲ့တဲ့ အချိန်ကစပြီး အယ်လ်ရှာဘတ် စစ်သွေးကြွတွေက ကင်ညာနိုင်ငံ တွင်းမှာ တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Ref: BBC

No comments:

Post a Comment