Tuesday 2 December 2014

ရွေးကောက်ပွဲတရားမျှတ ပွင့်လင်းမြင်သာရေး နော်ဝေးဘုရင်တိုက်တွန်းမှု သမ္မတဦးသိန်းစိန် ကတိပြု

Photo: ရွေးကောက်ပွဲတရားမျှတ ပွင့်လင်းမြင်သာရေး နော်ဝေးဘုရင်တိုက်တွန်းမှု သမ္မတဦးသိန်းစိန် ကတိပြု
Tuesday, December 2, 2014

အသွင်ကူးပြောင်းရေး အတွက် လွတ်လပ်၍ တရားမျှတ သည့် ပွင့်လင်းမြင်သာ သော ရွေး ကောက်ပွဲဖြစ်မြောက်ရန် အရေး ကြီးကြောင်း နော်ဝေးဘုရင်က ပြောဆိုပြီး မြန်မာအစိုးရအနေ ဖြင့် အစွမ်းကုန်ကြိုးပမ်းမည်ဖြစ် ကြောင်း သမ္မတဦးသိန်းစိန်က ကတိပြုပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်ရောက်ရှိနေသည့် နော်ဝေးပဉ္စမမြောက်ဘုရင် ဟာရေးနှင့် သမ္မတဦးသိန်းစိန်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဒီဇင်ဘာ ၁ ရက်က တွေ့ဆုံ စဉ် နော်ဝေးဘုရင်က ၂၀၁၅ ရွေး ကောက်ပွဲ ကျင်းပရေးနှင့်ပတ် သက်၍ ဆွေးနွေးရာ သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

‘‘လွတ်လပ်ပြီး တရားမျှ တတဲ့၊ ပွင့်လင်းမြင်သာတဲ့ရွေး ကောက်ပွဲဖြစ်ရေးဟာ အသွင်ကူး ပြောင်းရေးအတွက် အရေးကြီး တယ်ဆိုတာကို နှစ်ဖက်လုံးက သဘောတူပါတယ်။ သမ္မတကြီး ကလည်း အစိုးရအဖွဲ့အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်ရေး၊ လွတ်လပ်ပြီး တရားမျှတမှုရှိရေး အတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပါ တယ်’’ဟု တွေ့ဆုံမှုတွင်ပါဝင် သည့် သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။

ထို့အပြင် တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည် ဆောက်မှုနှင့် ပဋိပက္ခအလွန် ကာလပြန်လည်ထူထောင်ရေး၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များနှင့် နော်ဝေး နိုင်ငံပါဝင်ဆောင်ရွက်မှုအခြေ အနေ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သဘာဝအရင်းအမြစ်စီမံ ခန့်ခွဲရေး၊ စွမ်းအင်ကဏ္ဍ၊ ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ရေးနှင့် အာဆီယံ-နော်ဝေးဆက် ဆံရေးတို့ကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးစံလွင်က ပြောသည်။

‘‘ကျွန်တော်တို့မှာက ဓာတ် ငွေ့၊ ရေအားလျှပ်စစ်လို သဘာဝ သယံဇာတတွေရှိတယ်။ နော်ဝေး ကုမ္ပဏီတွေက အရင်းအနှီးနဲ့ နည်းပညာပေးမယ်။ ဒီနှစ်ခုပူးပေါင်းလိုက်ရင် အကျိုးရှိမယ်ဆိုတာက နှစ်ဖက်သဘောတူပါတယ်’’ဟု ၎င်းက ပြောကြားသည်။

နော်ဝေးဘုရင်နှင့်အတူ နော်ဝေးကုမ္ပဏီ ၄၀ ခန့်မှ စီးပွားရေးလုပ်ငန်းရှင် ၇၀ ဦးခန့်အတူ လိုက်ပါလာရာ မြန်မာ-နော်ဝေး နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုများကို မူအားဖြင့်လည်း သဘောတူခဲ့ ကြောင်း ဦးစံလွင်က ဆိုသည်။

နော်ဝေးသည် မြန်မာနိုင်ငံ အပေါ် ကူညီထောက်ပံ့မှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး မြန်မာဖွံ့ဖြိုးတိုးတက်ရေးအကူ အညီပေးရန် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

နော်ဝေးနိုင်ငံသည် ဒေသ တွင်း တိမ်းရှောင်ဒုက္ခသည်များ ကို ပြန်လည်နေရာချထားရန်၊ မှတ်ပုံတင်လက်မှတ်များထုတ် ပေးရေးကို နော်ဝေးဂိမ်းကူညီရေး အဖွဲ့က မြန်မာအစိုးရ၊ သက်ဆိုင် ရာတိုင်းရင်းသားအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေ သည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် များတွင် အဖွဲ့အစည်းအားလုံး ပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်ပေါ် လာရန် အချိန်ရှည်ကြာဦးမည်ဖြစ် ကြောင်း နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးက နိုဝင်ဘာ ၃၀ ရက်တွင် တိုင်းရင်းသားခေါင်းဆောင်များ၊ သမ္မတရုံးဝန်ကြီးဦးအောင်မင်း အပါအဝင် အရပ်ဘက်အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေး စဉ်ပြောကြားခဲ့သည်။

နော်ဝေးနိုင်ငံက မြန်မာနိုင်ငံ တွင် ပြီးခဲ့သည့်နှစ်က သံရုံးဖွင့် လှစ်ခဲ့ပြီး ယခုလကုန် ၂၀၁၅ နှစ် ဆန်းပိုင်းတွင် နော်ဝေးနိုင်ငံဆိုင် ရာ မြန်မာသံရုံးကို နော်ဝေးနိုင်ငံ အော်စလိုမြို့တွင် ဖွင့်လှစ်ရန် သဘောတူခဲ့ကြောင်းလည်း သတင်းရရှိသည်။

7Day DAILY

နိုင်ငံတော်သမ္မတဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံး)
နိုင်ငံတော်သမ္မတဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံး) 
အသွင်ကူးပြောင်းရေးအတွက် လွတ်လပ်၍ တရားမျှတသည့် ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ ဖြစ်မြောက်ရန် အရေးကြီးကြောင်း နော်ဝေးဘုရင်ကပြောဆိုပြီး မြန်မာအစိုးရအနေဖြင့် အစွမ်းကုန်ကြိုးပမ်း မည်ဖြစ် ကြောင်း သမ္မတဦးသိန်းစိန်က ကတိပြုပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်ရောက်ရှိနေသည့် နော်ဝေးပဉ္စမမြောက်ဘုရင် ဟာရေးနှင့် သမ္မတ ဦးသိန်းစိန် တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဒီဇင်ဘာ ၁ ရက်က တွေ့ဆုံ စဉ် နော်ဝေးဘုရင်က ၂၀၁၅ ရွေး ကောက်ပွဲ ကျင်းပရေးနှင့်ပတ် သက်၍ ဆွေးနွေးရာ သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

‘‘လွတ်လပ်ပြီး တရားမျှ တတဲ့၊ ပွင့်လင်းမြင်သာတဲ့ရွေး ကောက်ပွဲဖြစ်ရေးဟာ အသွင်ကူး ပြောင်းရေး အတွက် အရေးကြီး တယ်ဆိုတာကို နှစ်ဖက်လုံးက သဘောတူပါတယ်။ သမ္မတကြီး ကလည်း အစိုးရအဖွဲ့ အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်ရေး၊ လွတ်လပ်ပြီး တရားမျှတမှုရှိရေး အတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပါ တယ်’’ဟု တွေ့ဆုံမှုတွင်ပါဝင် သည့် သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။

ထို့အပြင် တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည် ဆောက်မှုနှင့် ပဋိပက္ခအလွန် ကာလပြန်လည် ထူထောင်ရေး၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များနှင့် နော်ဝေး နိုင်ငံပါဝင်ဆောင်ရွက်မှု အခြေ အနေ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သဘာဝအရင်းအမြစ်စီမံ ခန့်ခွဲရေး၊ စွမ်းအင်ကဏ္ဍ၊ ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ရေးနှင့် အာဆီယံ-နော်ဝေးဆက် ဆံရေးတို့ကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးစံလွင်က ပြောသည်။

‘‘ကျွန်တော်တို့မှာက ဓာတ် ငွေ့၊ ရေအားလျှပ်စစ်လို သဘာဝ သယံဇာတတွေရှိတယ်။ နော်ဝေး ကုမ္ပဏီ တွေက အရင်းအနှီးနဲ့ နည်းပညာပေးမယ်။ ဒီနှစ်ခုပူးပေါင်းလိုက်ရင် အကျိုးရှိမယ်ဆိုတာက နှစ်ဖက် သဘောတူပါတယ်’’ဟု ၎င်းက ပြောကြားသည်။

နော်ဝေးဘုရင်နှင့်အတူ နော်ဝေးကုမ္ပဏီ ၄၀ ခန့်မှ စီးပွားရေးလုပ်ငန်းရှင် ၇၀ ဦးခန့်အတူ လိုက်ပါလာရာ မြန်မာ-နော်ဝေး နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုများကို မူအားဖြင့်လည်း သဘောတူခဲ့ ကြောင်း ဦးစံလွင်က ဆိုသည်။

နော်ဝေးသည် မြန်မာနိုင်ငံ အပေါ် ကူညီထောက်ပံ့မှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး မြန်မာဖွံ့ဖြိုး တိုးတက်ရေး အကူအညီပေးရန် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

နော်ဝေးနိုင်ငံသည် ဒေသ တွင်း တိမ်းရှောင်ဒုက္ခသည်များ ကို ပြန်လည်နေရာချထားရန်၊ မှတ်ပုံတင် လက်မှတ်များထုတ်ပေးရေးကို နော်ဝေးဂိမ်းကူညီရေး အဖွဲ့က မြန်မာအစိုးရ၊ သက်ဆိုင် ရာတိုင်းရင်းသား အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် များတွင် အဖွဲ့အစည်း အားလုံး ပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်ပေါ် လာရန် အချိန်ရှည်ကြာဦးမည်ဖြစ် ကြောင်း နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးက နိုဝင်ဘာ ၃၀ ရက်တွင် တိုင်းရင်းသားခေါင်းဆောင်များ၊ သမ္မတရုံးဝန်ကြီးဦးအောင်မင်း အပါအဝင် အရပ်ဘက်အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေး စဉ်ပြောကြားခဲ့သည်။

နော်ဝေးနိုင်ငံက မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က သံရုံးဖွင့် လှစ်ခဲ့ပြီး ယခုလကုန် ၂၀၁၅ နှစ် ဆန်းပိုင်းတွင် နော်ဝေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို နော်ဝေးနိုင်ငံ အော်စလိုမြို့တွင် ဖွင့်လှစ်ရန် သဘောတူခဲ့ကြောင်း လည်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment