Tuesday 2 December 2014

ကမ်းနားလမ်းရှိ ကျူးကျော်များ ဖယ်ရှားနေ

Photo: ကမ်းနားလမ်းရှိ ကျူးကျော်များ ဖယ်ရှားနေ
Tuesday, December 2, 2014 

 မန္တလေးမြို့၊ ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်ကမ်းမှ ထုံးဘိုဆိပ်ကမ်းအထိ နေထိုင်လျက်ရှိသည့် ကျူးကျော်များကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဒီဇင်ဘာလ ၁ ရက်တွင် စတင်ရှင်းလင်းလျက်ရှိ၍ ကမ်းနားလမ်းတွင် နေထိုင်သူ များမှာ နေထိုင်ရေးအခက်အခဲများ ကြုံတွေ့လျက်ရှိသည်ဟု ဖယ်ရှားခံရသူ များက မဇ္ဈိမကို ပြောသည်။

ထိုကဲ့သို့ ရှင်းလင်းခံရသဖြင့် ဒုက္ခရောက်လျက်ရှိသည့် အိမ်ထောင်စုဦးရေမှာ ၂၀၀ ကျော်ခန့်ရှိသည်ဟု ကိုဇော်မင်းထွန်း က ပြောသည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ဖျက်နေတာ။ အခုကတော့ နေစရာနေရာမရှိတော့ ဘယ်နားသွား နေရမှန်းမသိတော့ဘူး။ ဒီမှာပဲ ဖြစ်သလို မြေကြီးပေါ်ဖျာခင်းပြီးတော့ နေနေရတယ်။ ဖျက်မယ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက်က အကြောင်းကြားထားတာရှိပေမယ့် တကယ်တမ်းဖျက်တော့ လောလောနဲ့ ဘာမှပြင်ဆင်ချိန်မရလိုက်ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိအခြေအနေတွင် ရှင်းလင်းခံ အိမ်ထောင်စုများက လွတ်ရာတွင် ပစ္စည်းများ စုပုံထားပြီး နေထိုင်လျက်ရှိကြောင်း၊ အိမ်ငှားရန် မတတ်နိုင်ကြကြောင်း၊ အိမ်များဖျက်ရန်အတွက် ကြိုတင်အကြောင်းကြား ရာတွင် လမ်းပေါ်ဈေးရောင်း သူများကိုသာ အကြောင်းကြားခဲ့ပြီး လမ်းအောက်ဘက်ရှိတဲများကို ဖျက်ရန် ကြိုတင်အကြောင်းကြားခဲ့ခြင်း မရှိကြောင်း ဖယ်ရှားခံရသူ ကိုငွေစိုးက ပြောသည်။

“နေဖို့အတွက် ဘယ်လိုမှစဉ်းစားလို့မရဘူး ဖြစ်နေတယ်။ တချို့ဆို ခင်ရာမင်ရာ မော်တော်လေးတွေကို ပြောပြီးနေရတယ်” ဟု ၎င်းကပြောသည်။

Mizzima - News in Burmese 

မန္တလေးမြို့ ကမ်းနားလမ်း ဂေါဝိန်ဆိပ်ကမ်းမှ ထုံးဘိုဆိပ်ကမ်းအထိ နေထိုင် လျက် ရှိသည့် ကျူးကျော်များကို မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီမှ စတင်ရှင်းလင်းလျက်ရှိရာ ဖယ်ရှားခံရသော မိသားစုများကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မန္တလေးမြို့ ကမ်းနားလမ်း ဂေါဝိန်ဆိပ်ကမ်းမှ ထုံးဘိုဆိပ်ကမ်းအထိ နေထိုင်လျက်ရှိသည့် ကျူးကျော်များကို မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီမှ စတင်ရှင်းလင်းလျက်ရှိရာ ဖယ်ရှားခံရသော မိသားစုများကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) 
 မန္တလေးမြို့၊ ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်ကမ်းမှ ထုံးဘိုဆိပ်ကမ်းအထိ နေထိုင်လျက်ရှိသည့် ကျူးကျော် များကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဒီဇင်ဘာလ ၁ ရက်တွင် စတင်ရှင်းလင်း လျက်ရှိ၍ ကမ်းနားလမ်းတွင် နေထိုင်သူများမှာ နေထိုင်ရေးအခက်အခဲများ ကြုံတွေ့လျက်ရှိသည်ဟု ဖယ်ရှားခံရသူ များက မဇ္ဈိမကို ပြောသည်။

ထိုကဲ့သို့ ရှင်းလင်းခံရသဖြင့် ဒုက္ခရောက်လျက်ရှိသည့် အိမ်ထောင်စုဦးရေမှာ ၂၀၀ ကျော်ခန့်ရှိသည်ဟု ကိုဇော်မင်းထွန်း က ပြောသည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ဖျက်နေတာ။ အခုကတော့ နေစရာနေရာမရှိတော့ ဘယ်နားသွား နေရမှန်းမသိတော့ဘူး။ ဒီမှာပဲ ဖြစ်သလို မြေကြီးပေါ်ဖျာခင်းပြီးတော့ နေနေရတယ်။ ဖျက်မယ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက်က အကြောင်းကြားထားတာရှိပေမယ့် တကယ်တမ်းဖျက်တော့ လောလောနဲ့ ဘာမှပြင်ဆင်ချိန်မရလိုက်ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိအခြေအနေတွင် ရှင်းလင်းခံ အိမ်ထောင်စုများက လွတ်ရာတွင် ပစ္စည်းများ စုပုံထားပြီး နေထိုင် လျက်ရှိကြောင်း၊ အိမ်ငှားရန် မတတ်နိုင်ကြကြောင်း၊ အိမ်များဖျက်ရန်အတွက် ကြိုတင်အကြောင်းကြား ရာတွင် လမ်းပေါ်ဈေးရောင်း သူများကိုသာ အကြောင်းကြားခဲ့ပြီး လမ်းအောက်ဘက်ရှိတဲများကို ဖျက်ရန် ကြိုတင်အကြောင်းကြားခဲ့ခြင်း မရှိကြောင်း ဖယ်ရှားခံရသူ ကိုငွေစိုးက ပြောသည်။

“နေဖို့အတွက် ဘယ်လိုမှစဉ်းစားလို့မရဘူး ဖြစ်နေတယ်။ တချို့ဆို ခင်ရာမင်ရာ မော်တော်လေးတွေကို ပြောပြီးနေရတယ်” ဟု ၎င်းကပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment