Tuesday 2 December 2014

မြန်မာလုပ်သား နှစ်ဆယ်ကျော်သေဆုံးမှု သံသယရှိသူများကို မလေးရှားရဲတပ်ဖွဲ့ ပထမဆုံးအကြိမ်ဖမ်းဆီး သံသယရှိသူ ခုနစ်ဦးမှာ ရခိုင်ပြည်နယ်မှ လာရောက်သည့် ဘာသာခြားများဖြစ်

မလေးရှားနိုင်ငံ ပီနန်မြို့ တွင် ယခုနှစ်အတွင်း မြန်မာလုပ် သား ၂၃ ဦးအသတ်ခံရမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မှလာရောက်သည့် အစ္စလာမ်ဘာသာ ဝင်ခုနစ်ဦးကို မလေးရှားရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက် ကြောင်း သတင်း ရရှိသည်။

မလေးရှားနိုင်ငံတွင် မြန်မာ လုပ်သားများ အသတ်ခံရမှု ကြောင့် သံသယရှိသူ လူသတ် တရားခံများကို မလေးရှား ရဲ တပ်ဖွဲ့က ဖမ်းဆီးအရေးယူခြင်း သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်း မလေးရှားရောက်မြန်မာ လုပ်သားများကပြောသည်။

မလေးရှားနိုင်ငံတွင် မြန်မာ လုပ်သားများ အသတ်ခံရခြင်း သည် မြန်မာလူမှုအသိုင်းအဝိုင်း ၌ အချင်းချင်း ဖြစ်ပွားနေသည့် ဘာသာရေးတင်းမာမှု ပြဿနာ များကြောင့် ဖမ်းဆီးမိထားသည့်တရားခံများက ဝန်ခံထွက် ဆိုထားသည်ဟု မလေးရှား ရဲတပ်ဖွဲ့က ပြောကြားလိုက်ကြောင်း The Malay Online သတင်းဌာနတွင် ဖော်ပြထားသည်။

‘‘အဓိကတရားခံလို့ ထင်ရ သူက သူ့ရဲ့မိသားစုဝင်ခြောက်ဦး ဟာ မြန်မာပြည်တွင်း ပဋိပက္ခတွေ ကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်က အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။ အခု လူ ၂၃ ဦး သေတာနဲ့ သူတို့နဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာ ကျွန်တော်တို့စစ်ဆေးနေပါတယ်’’ဟု မလေးရှားရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြော ကြားသည်။

မလေးရှားနိုင်ငံတွင် လုပ် ကိုင်သော မြန်မာလုပ်သားများ အသတ်ခံရသည့် ပြဿနာကိုစုံစမ်းရန် မလေးရှား ဘူကစ်အာမန်ဒေသတွင် အထူးရဲတပ်ဖွဲ့အားပြီးခဲ့သည့်လအတွင်းက ဖွဲ့စည်းခဲ့ သည်ဟု အဆိုပါသတင်း ဌာနက ဖော်ပြထားသည်။

‘‘မြန်မာတွေအသတ်ခံရတာ နဲ့ပတ်သက်လို့ မလေးရှားရဲတပ် ဖွဲ့က ဖမ်းဆီးအရေးယူထားတယ် ဆိုတာ ဒါပထမဆုံးအကြိမ်ကြား ဖူးတာပဲ။ မြန်မာတွေဘယ် နှယောက်အသတ်ခံရ ခံရ တရား ခံကို အရေးယူ ဖမ်းဆီး တယ်ဆို တာမရှိဘူး။ အခုလိုမျိုး ဖမ်းဆီး ပေးတယ်ဆိုတာသေချာရင် ကျေ နပ်ပါတယ်။ ဒီနှစ် အတွင်းမှာပဲ ပီနန်မြို့တစ်မြို့တည်းမှာကို မြန်မာ တွေ ၂၀ ကျော်အသတ်ခံရတယ် လို့ အစိုးရကိုယ်တိုင်က ကြေညာ ထားပါတယ်’’ ဟု မလေးရှားရောက် မြန်မာလုပ်သားများအား ကူညီဆောင်ရွက်ပေးနေသော ကိုမျိုးညွန့်ကပြောသည်။

နိုဝင်ဘာ ၂၆ရက်တွင် မလေး ရှားနိုင်ငံ ဆလာမ်ဂေါပြည်နယ်၊ တမန်စန်တိုဆာရပ်ကွက်ရှိ ရွှေ ထားဝယ် စားသောက်ဆိုင်ပိုင်ရှင် ကိုအောင်မျိုးဦး အသတ်ခံရပြီး ဆိုင်၏ အလုပ်သမားအမျိုးသမီး တစ်ဦးလည်း တိုက်ခိုက်ခံခဲ့ရ သည်။

နိုဝင်ဘာ ၉ ရက်က မလေး ရှားနိုင်ငံ ပီနန်မြို့ရှိ ဆောက်လုပ် ရေးလုပ်ငန်းတစ်ခု၌လုပ်ကိုင်နေ သော ကိုဟိန်းဇော်လတ်ဆိုသူ အသတ်ခံခဲ့ရသည်။ ၂၀၁၄ အတွင်း ပီနန်မြို့၌ အသတ်ခံရ သည့် မြန်မာလုပ်သား ၂၀ ဦးအထိရှိနေကြောင်း မလေးရှားအစိုးရ က နိုဝင်ဘာ ၁၀ ရက်တွင် တရား ဝင်ကြေညာထားသည်။

မလေးရှားနိုင်ငံတွင် တရား မဝင်နေထိုင်သော မြန်မာနိုင်ငံ သားများ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးပြန်ရန် မလေးရှား အစိုးရက ကြေညာထားသည်။ ဖမ်းဆီးခံရပါက (3+1) စီမံချက် အရ ထောင်သုံးလနှင့် ကြိမ်ဒဏ် တစ်ချက်ချမှတ်ခံရမည်ဟု ကြေ ညာချက်တွင် ဖော်ပြသည်။

7Day DAILY 

No comments:

Post a Comment