Tuesday 2 December 2014

အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း (၁၂) ကြိမ်မြောက်လွှတ်တော်တွင် ရေးဆွဲနိုင်ဖွယ်ရှိ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့် ဇန်န၀ါရီတွင် ကျင်းပမည့် (၁၂) ကြိမ် မြောက် လွှတ်တော်တွင်စတင်ရေးဆွဲနိုင်ဖွယ်ရှိသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ပြော ကြားသည်။

‘‘ဥပဒေကြမ်းက လာမယ့် လွှတ်တော်မှာပဲ ဆွဲနိုင်မှာပါ။ ဘယ်ကဆွဲမလဲတော့မသိဘူး။ ဒီလက်ရှိ ကော်မတီ ကပဲ အခြေခံမူ ကို ချပေးပြီးတော့ ဥပဒေကြမ်း ကော်မတီက ဆွဲ ၊ ဒီလိုဖြစ်နိုင်ခြေပိုများတယ်လို့ ထင်တယ်’’ဟု ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက် က ပြောသည်။

သို့သော် ဥပဒေကြမ်းကော် မတီအနေဖြင့် ဥပဒေရေးဆွဲရန် ကော်မတီသီးသန့်ထပ်ဖွဲ့မည်၊ မဖွဲ့မည်နှင့် ဥပဒေ ရေးဆွဲရန် မည်သည့် ညွှန်ကြားချက်မှမရှိသေးကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးသိန်း ထွန်းဦးက ပြောသည်။

ပြင်ဆင်မည့် အခြေခံမူများ ကို လွှတ်တော်ကိုယ်စားလှယ်များ က အကြမ်းရေးဆွဲပြီးနောက် ပြင်ပပညာရှင် များက ဥပဒေအမြင်ဖြင့် ကြီးကြပ်ရန်လည်း လိုအပ်မည် ဖြစ်သည်ဟု ဦးအေးမောက်က ပြောသည်။

ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲရာတွင် ယခင်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင် အထည် ဖော်မှု ကော်မတီကို ဖွဲ့သကဲ့သို့ပင် ပါတီစုံမှ ကိုယ်စားလှယ်များကို အချိုးကျပါဝင် စေမည်ဟု ထင်မြင် ကြောင်း တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးကြီးစောရွှေက ပြောသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အခြေခံဥပဒေပြင်ဆင်ရာတွင် လိုအပ်မည့် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲကို လာမည့် မေလ၌ ပြုလုပ်ပေးမည်ဟု ပြောကြားထားသည်။

သို့သော် ယနေ့ချိန်အထိ အခြေခံဥပဒေ ပြင်ဆင်နိုင်ရန်တွက် ပြည်ထောင်စုလွှတ်တော်က အရေးကြီး အဆိုအဖြစ် တောင်းဆိုထားသည့် ခြောက်ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးအပေါ် အစိုးရအ ဖွဲ့က အကြောင်း ပြန်ကြားခြင်း မရှိသေးပေ။

7Day DAILY 

No comments:

Post a Comment