Tuesday 2 December 2014

ရိုးမဘဏ်က တယ်လီနောနှင့်ပေါင်း၍ မိုဘိုင်းဘဏ်ဝန်ဆောင်မှု စတင်

ရိုးမဘဏ်က တယ်လီနောနှင့်ပူးပေါင်း၍ မိုဘိုင်းဘဏ် လုပ်ငန်းနှင့် ငွေပေးချေမှုများကို ယခုရက်ပိုင်းအတွင်း စတင်မည် ဖြစ်ကြောင်း ရိုးမဘဏ်မှသတင်း ရရှိသည်။

မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှာ ဘဏ်များ(သို့မဟုတ်) ဘဏ်မှ သတ်မှတ်ပေးထားသော အေဂျင် စီများတွင် အကောင့်ဖွင့်လှစ်ရန် လိုအပ်မည်ဖြစ်ပြီး ငွေလွှဲပို့ခြင်း၊ ထုတ်ယူခြင်းများကို မိုဘိုင်းဖုန်း တွင် ထည့်သွင်း ထားသောဆော့ဖ် ၀ဲမှတစ်ဆင့် မက်ဆေ့ခ်ျပေးပို့ လိုက်ရုံဖြင့် ဘဏ်သို့သွားရန်မလိုဘဲ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

‘‘အခုလုပ်မယ့် မိုဘိုင်းဘဏ် လုပ်ငန်းဆိုတာက ဒီနေ့အထိ ဘဏ်မှာအကောင့်မရှိတဲ့သူတွေ ကို ၀န်ဆောင်မှု ပေးမယ့်လုပ်ငန်း ပါ’’ဟု ရိုးမအုပ်စု ဥက္ကဋ္ဌဦးသိမ်း ဝေကပြောသည်။

မြန်မာနိုင်ငံတွင်ရှိသော လူ ဦးရေ ၆ရာခိုင်နှုန်းကသာ ဘဏ် စာရင်းဖွင့်လှစ်အသုံးပြုမှုရှိသည့် အတွက် လူဦးရေ ၅၁ သန်းတွင် သုံးသန်းခန့်သာ ဘဏ်စာရင်းရှိ သည်။ ကျန် ၄၇ သန်းသည် ဘဏ် ငွေစာရင်း မရှိသည့်အတွက် ယင်း အုပ်စုအတွက် ဦးတည်လုပ်ဆောင်မည့် လုပ်ငန်းဖြစ်သည်။

အဆိုပါလုပ်ငန်းစတင်သည့် အချိန်တွင် လယ်သမား၊ ကုန် သည်များ အပါအ၀င် လူတိုင်း ဆောင်ရွက်နိုင် သော ဘဏ်လုပ် ငန်းဝန်းကျင်တစ်ခုအကောင်အ ထည်ဖော်သွားမည်ဟု ဥက္ကဋ္ဌက ဆိုသည်။

မြန်မာနိုင်ငံတွင် လည်ပတ် နေသောငွေအများစုသည် တိုင်း ပြည်၏ ဘဏ္ဍာရေးစနစ်အတွင်း မ၀င်ရောက် ဘဲ ရှိနေသည့် အ တွက် မိုဘိုင်းဘဏ်လုပ်ငန်းသည် ယင်းငွေကြေးအများစုကို ဘဏ္ဍာ ရေးစနစ်အတွင်း ၀င်ရောက်လာ နိုင်မည်ဖြစ်သည်။

ရိုးမဘဏ်သည် ကမ္ဘာ့ဘဏ် အဖွဲ့ဝင်ဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC) နှင့် ပူးပေါင်း ကာ မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားလုပ် ငန်းများကို ချေးငွေထုတ်ပေးခြင်း ဖြင့်အသေးစား၊ အလတ်စားလုပ် ငန်းဘဏ်အဖြစ် လုပ်ကိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်းငွေလွှဲပို့ခြင်းတစ် ခုတည်းကိုသာ လုပ်ကိုင်နေသော ရိုးမဘဏ်သည် ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်ကုန် ၏ နောက်ဆုံးသုံး လပိုင်းရောက်မှ ငွေချေးခြင်းနှင့် သုံးစွဲသူဘဏ္ဍာရေးဝန်ဆောင်မှု တို့ အပါအ၀င် ဘဏ်လုပ်ငန်း များ ကို အပြည့်အ၀ ပြန်လည်လုပ် ဆောင်လာခဲ့သည်။

ရိုးမဘဏ်သည် ဘဏ်၏အ မှတ်တံဆိပ်ကိုလည်း ယခင်‘‘ရိုးမ ဘဏ် သင့်ဘဏ်’’ အစား ‘‘ရိုးမ ဘဏ်၊ တာဝန် သိသောဘဏ်’’ အဖြစ် ပြောင်းလဲသတ်မှတ်လုပ် ဆောင်သွားမည်ဖြစ်ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ရိုးမဘဏ် သည် အမြတ်ဝေစုကျပ်၁ဒသမ၂ ဘီလီယံရရှိခဲ့ကြောင်းသိရသည်။

FMI ကုမ္ပဏီ အုပ်စုသည် လက်ရှိတွင် ရိုးမဘဏ်၌ အစုရှယ် ယာ ၃၆ရာခိုင်နှုန်းသာ ပိုင်ဆိုင် ထားပြီး ၁၆ ရာခိုင်နှုန်းထပ်မံတိုး မြှင့်ဝယ်ယူကာ ၅၁ ရာခိုင်နှုန်းရရှိ အောင် လုပ်ဆောင်သွားမည်ဖြစ် ကြောင်းသိရသည်

7Day DAILY 

No comments:

Post a Comment