Tuesday 2 December 2014

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အင်စတီကျူးရှင်းအကြီးဆုံးတစ်ခုဖြစ်သည့် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုခြင်းဖြစ်၍ အစိုးရအဖွဲ့မှ လေးလေးနက်နက်စဉ်းစားပြီး ပြန်ကြားရမည့်တာဝန်ရှိကြောင်း ဒေါက်တာအေးမောင်ပြောကြား

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အင်စတီကျူးရှင်းအကြီးဆုံး တစ်ခုဖြစ် သည့် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုခြင်းဖြစ်၍ အစိုးရအဖွဲ့က လေးလေးနက်နက်စဉ်းစားပြီး ပြန်ကြား ရမည့်တာဝန်ရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြား သည်။

ခြောက်ပွင့်ဆိုင်တောင်းဆိုခြင်းသည် ပုဂ္ဂိုလ်တစ်ဦးကတောင်းဆိုခြင်း မဟုတ်ကြောင်း၊ အဖွဲ့အစည်းများ စွာနှင့် ပေါင်းစုထားသည့် ပြည်ထောင်စုတစ်ခုလုံး၏ အမြင့်ဆုံးသော အာဏာပိုင်အဖွဲ့အစည်းတစ်ခုမှ တောင်းဆိုခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။

"NLD ကဲ့သိုသောအဖွဲ့အစည်းတစ်ခုကတောင်းဆိုခြင်း မဟုတ်တော့ဘူး။ စည်းနှောင်မှုရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ အင်စတီကျူးရှင်းအကြီးဆုံးကတောင်းတာ။ ဥပဒေပြုမှုမဏ္ဍိုင်ရဲ့အကြီးဆုံးက တောင်းဆိုတယ်ဆိုတဲ့အခါမှာ လေးလေးနက်နက်စဉ်းစားပြီးမှ သေသေချာချာ ဂဃနဏ ပြန်ကြားရမယ့် တာဝန်သည် အစိုးရအဖွဲ့မှာလည်းရှိတယ်။ နိုင်ငံတော်သမ္မတကြီးမှာလည်းရှိတယ်ဆိုတာကို လက်ခံကြ ရမှာဖြစ်တယ်။ လက်မခံဘဲနဲ့ လက်လွတ်စပယ်လုပ်လို့ရှိရင် မိမိတို့ရေးခဲ့တဲ့ဖွဲ့စည်းပုံကြီးကို မိမိတို့ဘာသာ ဥပဒေပြဋ္ဌာန်းချက်တွေကိုဖောက်ဖျက်ပြီးတော့ ပြက်ရယ်ပြုသလိုဖြစ်နေမယ်" ဟု ဒေါက်တာအေးမောင် ကပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကိုပြင်ဆင် ပေးရေး အတွက် ပြည်သူငါးသန်းကလည်း လက်မှတ်ရေးထိုးသဘောထားပေးထားကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လက်ရှိကာလနှင့် မလျော်ညီသော ပုဒ်မများစွာရှိနေသည်ဆိုသည်ကို လူထုကလည်း ထောက်ပြနေသည်ဟု ဒေါက်တာအေးမောင်ကဆိုသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲအတွက် ပြည်ထောင်စုလွှတ်တော်တိုင်းရင်းသားပါတီများ ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံထားရသူလည်းဖြစ်သည့် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က "ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ဥပဒေပြုမှုမဏ္ဍိုင်သည် အခြေခံဥပဒေနဲ့ပတ်သက်လို့ပြင်ဆင်ရန် လုံးလုံးလျားလျားတာဝန်ရှိတယ်လို့ နိုင်ငံတော်သမ္မတကြီးကပြောတယ်မဟုတ်ဘူးလား။ သူတို့နဲ့ မပတ်သက်ဘူး မဆိုင်ဘူးလို့ပြောတယ်လေ။ အင်တာဗျူးတွေမှာရော ထုတ်လွှင့်တဲ့ မိဘပြည်သူများ ခင်ဗျာမှာရော။ ကျွန်တော် အဲဒီလိုမျိုးမှတ်သားရပါတယ်။ . . . ။ ဒီဟာကြီးကိုပြင်မှသာလျှင် အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် အတွက် အနာဂတ်အစိုးရအတွက် အဆင်ပြေပြေလေးနဲ့ အကူးအပြောင်းကာလ အတွက်အောင်မြင်မယ်ဆိုတာကို သဘောပေါက်နေကြပြီ" ဟုပြောကြားသည်။

NLD ကဲ့သိုသောအဖွဲ့အစည်းတစ်ခုကတောင်းဆိုခြင်း မဟုတ်တော့ဘူး။ စည်းနှောင်မှုရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အရ အင်စတီကျူးရှင်းအကြီးဆုံးကတောင်းတာ။ ဥပဒေပြုမှုမဏ္ဍိုင်ရဲ့အကြီးဆုံးက တောင်းဆို တယ်ဆိုတဲ့ အခါမှာ လေးလေးနက်နက်စဉ်းစားပြီးမှ သေသေချာချာ ဂဃနဏ ပြန်ကြားရမယ့်တာဝန်သည် အစိုးရအဖွဲ့မှာလည်းရှိတယ်။ နိုင်ငံတော်သမ္မတကြီးမှာလည်းရှိတယ်ဆိုတာကို လက်ခံကြရမှာဖြစ်တယ်။ လက်မခံဘဲနဲ့ လက်လွတ်စပယ်လုပ်လို့ရှိရင် မိမိတို့ရေးခဲ့တဲ့ဖွဲ့စည်းပုံကြီးကို မိမိတို့ဘာသာ . . .

ဆက်လက်၍ ဒေါက်တာအေးမောင်က "လက်ရှိ ပြည်ထောင်စုလွှတ်တော်က ရင်ဆိုင်နေရတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ တစ်ဆို့မှုပြဿနာ။ ဒါကြီးကို မင်းတို့ပြည်ထောင်စုလွှတ်တော်နဲ့ပဲ ဆိုင်တယ်ဆိုတာ လက်ရှိကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်အားလုံးကလည်း သဘောပေါက်တယ်။ ဘယ်သူကပြောလဲ။ သမ္မတကြီးကပြာတယ်။ ဒီဘက်ကဘာပြောချင်သလဲဆိုရင် ပြည်ထောင်စုလွှတ်တော်တစ်ခုတည်းနဲ့မဆိုင်ဘူး။ ပြည်ထောင်စုလွှတ်တော်ရဲ့ဖွဲ့စည်းမှုသည် လူထုကိုယ်စားပြုမဟုတ်ဘူး။ တစ်နည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ ပါ လူထုကတင်မြှောက်တာ ၇၅ ရာခိုင်နှုန်းပဲရှိတယ်။ အခြေခံဥပဒေပုဒ်မ ၁၄ အရ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ အစိုးရအဖွဲ့ရဲ့ လက်အောက်ခံ ဟုတ်ခြင်း၊ မဟုတ်ခြင်းကိုတစ်ပိုင်းထား။ အုပ်ချုပ်မှုယန္တရားကပါဝင်မှုဟာ ၂၅ ရာခိုင်နှုန်းရှိတယ်။ ဒီ ၂၅ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းကို ထိန်းချုပ်နေတယ်ဆိုတာ ပြောပြချင်လို့ ပြည်ထောင်စုလွှတ်တော်က။ အဲဒါကြောင့် အုပ်ချုပ်ရေးယန္တရားမပါဘဲနဲ့ အုပ်ချုပ်ရေးယန္တရားမှာပါတဲ့ သမ္မတကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်မပါဘဲနဲ့ ဒီ ဖွဲ့စည်းပုံပြင်ဆင်ရေးတစ်ဆို့မှု ပြဿနာကို မရှင်းနိုင်ဘူးဆိုတာကို လူထုကိုချပြချင်တယ်။ လူထုကိုချပြရင်းနဲ့ ဒီပုဂ္ဂိုလ်နှစ်ဦးကိုလည်း သိစေချင်တဲ့ သဘော ပြည်ထောင်စုလွှတ်တော်မှာရှိတယ်။ လွှတ်တော်တစ်ခုတည်းနဲ့မဆိုင်ဘူး။ အုပ်ချုပ် ရေး အာဏာပိုင်းကခန့်အပ်ထားတဲ့ ပုဂ္ဂိုလ် ၂၅ ရာခိုင်နှုန်းမပါရင် ဖွဲ့စည်းပုံပြင်ဆင်ရေး မဖြစ်နိုင်ဘူးဆိုတာ ကို ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အားနည်းချက်တစ်ခုကို ထောက်ပြချင်တယ်။ ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်နှစ်ယောက်ကိုလည်း သိစေချင်တယ်။ အဲဒါကြောင့် ဘာ့ကြောင့် ခြောက်ပွင့်ဆိုင်ခေါ်ရတယ် ဆိုတဲ့ရည်မှန်းချက်ကို လူထုသိစေချင်လို့ တိုင်းရင်းသားကိုယ်စားပြုပြဿနာကို အချက်တစ်ချက်အနေနဲ့ သူကတင်တယ်" ဟုပြောကြားသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ပါဝင်ရန် အဆိုပြုထားသည့် ကိစ္စနှင့်ပတ်သက်ပြီးလည်း ဒေါက်တာအေးမောင်ကရှင်းပြခဲ့ရာ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်ယောက်ပါလာတယ်။ လွှတ်တော်ဥက္ကဋ္ဌက နှစ်ဦးပါလာတယ်။ ဘာကြောင့်လဲ။ သူ့မှာရည်ရွယ်ချက် ရှိလိမ့်မယ်ဗျ။ တစ် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးသည် လက်ရှိ ထဲထဲဝင်ဝင်ဆွေးနွေးနေကြတဲ့ ဥပဒေပြုမဏ္ဍိုင်ရဲ့ အကြီးဆုံးပုဂ္ဂိုလ်တွေဖြစ်တယ်။ အထူးသဖြင့် အခြေခံဥပဒေနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင်သိနေကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ထဲထဲဝင်ဝင်တာဝန်ရှိနေတဲ့ ဖွဲ့စည်းပုံအရ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒါကြောင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးကို သူတို့က နှစ်ပွင့်သတ်မှတ်တာဗျ။ ကျွန်တော်ထင်တာပေါ့။ ဒေါ်အောင်ဆန်း စုကြည် ကို ဘာကြောင့်သတ်မှတ်လဲ။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအခြေအနေအရ နောင်လာမယ့် ၂၀၁၅ အလွန် အစိုးရအဖွဲ့မှာ ဘယ်လိုပဲဖြစ်ဖြစ် လူထုရဲ့ထောက်ခံမှုရနိုင်ခြေရှိတဲ့ ခေါင်း ဆောင် ဆိုတာကို ကျွန်တော်လက်တွေ့အခြေအနေအရ အသိအမှတ်ပြုရမှာဖြစ်တယ်။ အနာဂတ်အစိုးရ တစ်ရပ် တည်ငြိမ်အေးချမ်းဖို့၊ တည်ငြိမ်ဖို့၊ ဖြစ်ထွန်းလာဖို့၊ ပေါ်ပေါက်လာဖို့အတွက် NLD မပါလို့မဖြစ်ဘူး ဆိုတဲ့ လက်တွေ့အခြေအနေကို ခင်ဗျားတို့ကျွန်တော်တို့ လက်ခံနိုင်ဖို့လိုတယ်။ အကြီးဆုံးသော အတိုက်အခံ အင်အားစုလည်းဖြစ်တယ်။ ပြည်ထောင်စု လွှတ်တော်ထဲမှာ အကြီးဆုံးသောအတိုက်အခံ အင်အားစုဖြစ်တယ်။ အဲဒါကြောင့် သူ့ကို တစ်ပွင့်အဖြစ် ပေးတယ်။ ပြီးရင် သူကိုယ်တိုင်ကလည်း လက်တွေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ရေးနဲ့ပတ်သက်လို့ လေ့လာသုံးသပ်နေရတဲ့ အထဲမှာပါတဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်တယ်။ ဒီတိုင်းရင်းသားကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကို ရွေးတဲ့အခါမှာ အဆိုရှင်ရော၊ နာယကတို့ရော တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့တယ်လို့ သိရတယ်" ဟုပြောကြား သည်။

Eleven Media Group

No comments:

Post a Comment