Tuesday 2 December 2014

အပြောင်းအလဲက ကျေနပ်ဖွယ်မရှိ၍ အီးယူအရေးယူပိတ်ဆို့မှုပြန်လုပ်ရန် ဗြိတိန်အစိုးရ ဖိအားပေးခံရ

Photo: အပြောင်းအလဲက ကျေနပ်ဖွယ်မရှိ၍ အီးယူအရေးယူပိတ်ဆို့မှုပြန်လုပ်ရန် ဗြိတိန်အစိုးရ ဖိအားပေးခံရ
Tuesday, December 2, 2014

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးနှင့် လူ့အခွင့်အရေးအခြေအနေများမှာ ကျေနပ်လောက်ဖွယ် တိုးတက်လာခြင်းမျိုးမရှိ၍ မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ ၏ ပိတ်ဆို့ဒဏ်ခတ်မှုများ ပြန် လည်ပြုလုပ်ရန် ဗြိတိန်အစိုးရက ဖိအားပေးသင့်ကြောင်း ဗြိတိန်ပါ လီမန်နိုင်ငံခြားရေးရာကော်မတီ က အစီရင်ခံစာထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေမှာ ကျေနပ်လောက်ဖွယ်ရ လဒ်များမရှိသေးဘဲ လာမည့် တစ်နှစ်အတွင်း လူ့အခွင့်အရေးအခြေ အနေများ တိုးတက်လာခြင်းမရှိပါ က ဥရောပသမဂ္ဂအနေဖြင့် မြန် မာကို ပိတ်ဆို့ဒဏ်ခတ်မှုများ ပြန် လည်ပြုလုပ်သင့်ကြောင်း နိုဝင် ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သောယင်းအစီရင်ခံစာတွင် ဖော်ပြထား သည်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ် ဆယ်ကျော်ကတည်းက ပိတ်ဆို့မှု ကို လက်နက်တစ်ခုကဲ့သို့ အသုံးပြုခဲ့သော်လည်း မြန်မာ့နိုင်ငံရေးနှင့် လူ့အခွင့်အရေးအခြေအနေများ ထင်သလောက် တိုးတက်မှုမရှိခဲ့ သဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုစနစ်ကို ပြန်သွားပါက အခြေအနေပိုဆိုး ဖွယ်ရှိကြောင်း အာဆီယံနှင့် နိုင်ငံ ရေးရာကျွမ်းကျင်သူ ဦးကျော် လင်းဦးက ပြောသည်။

‘‘ဒါ သူတို့လွှတ်တော်ထဲက အစီရင်ခံစာလေးတစ်ခုပဲ။ လွှတ် တော်အနေနဲ့လည်း ဗြိတိန်အစိုးရ ကို တိုက်တွန်းဖို့ အခွင့်အရေးရှိပါ တယ်။ ဒါပေမဲ့ အီးယူက ပိတ်ဆို့ မှုကို ခြွင်းချက်မရှိ ရုပ်လိုက်တာ ဖြစ်တယ်။ အမေရိကန်လို ဖြေ လျှော့ပေးခဲ့တာတောင် မဟုတ် ဘူး။ ဒါကြောင့် အီးယူက ပြန်ပိတ် ဆို့ဖို့ဆိုပြီး ဗြိတိန်အစိုးရတစ်ခု တည်းက ထတိုက်တွန်းနေလို့ တော့ ကျွန်တော် ထင်တယ်မ လွယ်လောက်ဘူး။ ပိတ်ဆို့မှုမဟုတ် တဲ့ တခြားနည်းလမ်းတစ်ခုကပဲ ချဉ်းကပ်တာ ပိုကောင်းမယ်’’ဟု ၎င်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် လူနည်းစုမွတ်စလင်များအပေါ် (အစီရင်ခံစာတွင် ရိုဟင်ဂျာဟု သုံး) လူ့အခွင့်အရေးကာကွယ် ပေးရန်တို့ကိုလည်း ယင်းအစီရင် ခံစာက တိုက်တွန်းထားသည်။

ထို့ပြင် အမေရိကန်အစိုးရ ကို ကန်အထက်လွှတ်တော်အ မတ်များက မြန်မာနှင့်ထိတွေ့ ဆက်ဆံမှုအပေါ် ဖိအားပေးမှုများ ရှိနေသော်လည်း ကန်သမ္မတအို ဘားမားက မြန်မာ့ပြုပြင်ပြောင်း လဲရေးကို ဆက်လက်ထောက်ခံ ပြီး ၂၀၁၅ ရွေးကောက်ပွဲအောင် မြင်အောင် ဆောင်ရွက်စေလို ကြောင်း တိုက်တွန်းပြောကြားခဲ့ သည်။ ဥရောပသမဂ္ဂတွင် ဂျာမနီ နိုင်ငံမှာ သြဇာကြီးမားပြီး မြန်မာ အစိုးရနှင့်လည်း နီးစပ်သည့် ဆက် ဆံရေးကို တည်ဆောက်ထားနိုင် ချိန်တွင် ဗြိတိန်မှာ အလုပ်သမားမူဝါဒရေးရာနှင့် ပတ်သက်၍ အီး ယူနှင့် အငြင်းပွားမှုအချို့ဖြစ်ပေါ် နေပြီး အီးယူမှ နုတ်ထွက်ရန် စဉ်း စားနေကြောင်း နိုင်ငံတကာ သ တင်းများက ဖော်ပြကြသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်အတွင်းကပင် မြန်မာနိုင်ငံအား ၂၀၁၄- ၁၆ မဟာဗျူဟာမြောက် ပူး ပေါင်းဆောင်ရွက်ရေးကို အီးယူ က ကြေညာခဲ့ပြီး တစ်နှစ်လျှင် ယူရိုသန်း ၂၅၀ ထောက်ပံ့မည်ဟု ထုတ်ပြန်ထားရာ မြန်မာအပေါ် အရေး ယူဒဏ်ခတ်ပိတ်ဆို့ရန် ဗြိတိန်တစ် နိုင်ငံတည်းက အီးယူကို တိုက် တွန်းဖိအားပေးရန်မှာ ဖြစ်နိုင်ခြေ နည်းပါးကြောင်း သုံးသပ်မှုများရှိ နေသည်။

7Day DAILY 

နိုင်ငံတကာက မြန်မာ့နိုင်ငံရေးထောက်ပြပြောဆိုရာတွင် ဘင်္ဂါလီကိစ္စက မပါမဖြစ် ဖြစ်နေသည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
နိုင်ငံတကာက မြန်မာ့နိုင်ငံရေးထောက်ပြပြောဆိုရာတွင် ဘင်္ဂါလီကိစ္စက မပါမဖြစ် ဖြစ်နေသည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးနှင့် လူ့အခွင့်အရေးအခြေအနေများမှာ ကျေနပ်လောက်ဖွယ် တိုးတက် လာခြင်းမျိုးမရှိ၍ မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့ဒဏ်ခတ်မှုများ ပြန်လည်ပြုလုပ်ရန် ဗြိတိန် အစိုးရက ဖိအားပေးသင့်ကြောင်း ဗြိတိန်ပါလီမန်နိုင်ငံခြားရေးရာကော်မတီက အစီရင်ခံစာထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေမှာ ကျေနပ်လောက်ဖွယ်ရ လဒ်များမရှိသေးဘဲ လာမည့် တစ်နှစ်အတွင်း လူ့အခွင့်အရေးအခြေ အနေများ တိုးတက်လာခြင်းမရှိပါ က ဥရောပသမဂ္ဂအနေဖြင့် မြန် မာကို ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြန် လည်ပြုလုပ်သင့်ကြောင်း နိုဝင် ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သော ယင်းအစီရင်ခံစာ တွင် ဖော်ပြထား သည်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ် ဆယ်ကျော်ကတည်းက ပိတ်ဆို့မှု ကို လက်နက်တစ်ခုကဲ့သို့ အသုံးပြုခဲ့သော် လည်း မြန်မာ့နိုင်ငံရေးနှင့် လူ့အခွင့်အရေးအခြေအနေများ ထင်သလောက် တိုးတက်မှုမရှိခဲ့ သဖြင့် ဒဏ်ခတ် ပိတ်ဆို့မှုစနစ်ကို ပြန်သွားပါက အခြေအနေပိုဆိုး ဖွယ်ရှိကြောင်း အာဆီယံနှင့် နိုင်ငံ ရေးရာ ကျွမ်းကျင် သူ ဦးကျော် လင်းဦးက ပြောသည်။

‘‘ဒါ သူတို့လွှတ်တော်ထဲက အစီရင်ခံစာလေးတစ်ခုပဲ။ လွှတ် တော်အနေနဲ့လည်း ဗြိတိန်အစိုးရကို တိုက်တွန်း ဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ အီးယူက ပိတ်ဆို့ မှုကို ခြွင်းချက်မရှိ ရုပ်လိုက်တာ ဖြစ်တယ်။ အမေရိကန်လို ဖြေလျှော့ပေးခဲ့တာတောင် မဟုတ် ဘူး။ ဒါကြောင့် အီးယူက ပြန်ပိတ် ဆို့ဖို့ဆိုပြီး ဗြိတိန် အစိုးရတစ်ခု တည်းက ထတိုက်တွန်းနေလို့ တော့ ကျွန်တော် ထင်တယ်မ လွယ်လောက်ဘူး။ ပိတ်ဆို့မှု မဟုတ်တဲ့ တခြားနည်းလမ်းတစ်ခုကပဲ ချဉ်းကပ်တာ ပိုကောင်းမယ်’’ဟု ၎င်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် လူနည်းစုမွတ်စလင်များအပေါ် (အစီရင်ခံစာ တွင် ရိုဟင်ဂျာဟု သုံး) လူ့အခွင့်အရေးကာကွယ် ပေးရန်တို့ကိုလည်း ယင်းအစီရင် ခံစာက တိုက်တွန်း ထားသည်။

ထို့ပြင် အမေရိကန်အစိုးရ ကို ကန်အထက်လွှတ်တော်အ မတ်များက မြန်မာနှင့်ထိတွေ့ ဆက်ဆံမှုအပေါ် ဖိအားပေးမှုများ ရှိနေသော်လည်း ကန်သမ္မတအို ဘားမားက မြန်မာ့ပြုပြင်ပြောင်း လဲရေးကို ဆက်လက်ထောက်ခံ ပြီး ၂၀၁၅ ရွေးကောက်ပွဲအောင် မြင်အောင် ဆောင်ရွက်စေလို ကြောင်း တိုက်တွန်း ပြောကြားခဲ့ သည်။ ဥရောပသမဂ္ဂတွင် ဂျာမနီ နိုင်ငံမှာ သြဇာကြီးမားပြီး မြန်မာ အစိုးရနှင့်လည်း နီးစပ် သည့် ဆက် ဆံရေးကို တည်ဆောက်ထားနိုင် ချိန်တွင် ဗြိတိန်မှာ အလုပ်သမားမူဝါဒရေးရာနှင့် ပတ်သက်၍ အီး ယူနှင့် အငြင်းပွားမှုအချို့ဖြစ်ပေါ် နေပြီး အီးယူမှ နုတ်ထွက်ရန် စဉ်း စားနေကြောင်း နိုင်ငံတကာ သ တင်းများက ဖော်ပြကြသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်အတွင်းကပင် မြန်မာနိုင်ငံအား ၂၀၁၄- ၁၆ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင် ရွက်ရေးကို အီးယူ က ကြေညာခဲ့ပြီး တစ်နှစ်လျှင် ယူရိုသန်း ၂၅၀ ထောက်ပံ့မည်ဟု ထုတ်ပြန်ထားရာ မြန်မာအပေါ် အရေး ယူဒဏ်ခတ်ပိတ်ဆို့ရန် ဗြိတိန်တစ် နိုင်ငံတည်းက အီးယူကို တိုက် တွန်းဖိအားပေး ရန်မှာ ဖြစ်နိုင်ခြေ နည်းပါးကြောင်း သုံးသပ်မှုများရှိ နေသည်။

7Day DAILY 

No comments:

Post a Comment