Tuesday 2 December 2014

မီးလောင်မှုကြောင့် ဘယ်လ်ဂျီယံ နျူးကလီးယား ဓါတ်ပေါင်းဖိုတစ်ခု ပိတ်ထားခဲ့ရ

Photo: မီးလောင်မှုကြောင့် ဘယ်လ်ဂျီယံ နျူးကလီးယား ဓါတ်ပေါင်းဖိုတစ်ခု ပိတ်ထားခဲ့ရ
Tuesday, December 2, 2014 

ဘယ်လ်ဂျီယံနိုင်ငံ အရှေ့ ပိုင်းရှိ နျူးက လီးယား ဓါတ်ပေါင်းဖို တစ်ခုတွင် နိုဝင်ဘာ ၃၀ ရက်က မီးလောင် မှုတစ်ခု ဖြစ်ပွား ခဲ့သောကြောင့် ယင်းဓါတ်ပေါင်း ဖိုအား ပိတ်ထား ခဲ့ရသည်ဟု မီဒီယာ များတွင် ဖော်ပြ ကြသည်။

လိဂ်မြို့ အနီးရှိ ယင်းဓါတ်ပေါင်း ဖိုသည် ပြင်သစ်နိုင်ငံ GDF Suez ၏ ကုမ္ပဏီခွဲ တစ်ခု ဖြစ်သော Electrabel က စီမံဆောင် ရွက်လျက် ရှိသည့် ဓါတ်ပေါင်းဖို ခုနှစ်ခုတွင် တစ်ခုအပါ အ၀င် ဖြစ်သည်။  မီးလောင် မှုသည် နျူးက လီးယား ဇုန်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ် သည်ဟု မြို့တော်ဝန် အလက်ဇစ် ဟော်ဆိုင်က ပြော သည်။

အဆိုပါ Tihange 3 ဓါတ်ပေါင်းဖိုတွင် မီးလောင် ကျွမ်းမှုကို ယင်းနေ့နေ့ လည်ပိုင်းက ထိန်းသိမ်းနိုင် ခဲ့သည်ဟု သိရသည်။ ယခု မီးလောင် မှုကြောင့် နျူးကလီး ယား လုံခြုံရေးပိုင်းနှင့် ဓါတ်ပေါင်းဖိုရှိ ၀န်ထမ်းများ၊ အနီးအနား ဧရိယာတွင် နေထိုင်ကြသူများ၏ လုံခြုံရေးအတွက် တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဟု Electrabel ကုမ္မဏီကပြောသည်။

ကနဦးစုံစမ်း စစ်ဆေးမှု များအရ ယခု ကဲ့သို့ မီးလောင်ကျွမ်းရခြင်း၏ အကြောင်း ရင်းမှာ တမင်လုပ်ဆောင် မှုကြောင့် မဟုတ်ဘဲ နည်းပညာ ဆိုင်ရာအကြောင်း ရင်းတစ်ခုကြောင့် ဖြစ်ပွားခဲ့ ခြင်းဖြစ်သည် ကောက်ချက် ချခဲ့ကြသည်။

နိုင်ငံတွင် Antwerp နှင့် Tihange တို့ရှိ အခြားသော ဓါတ်ပေါင်းဖို နှစ်ခုတွင်လည်း အက်ကြောင်း ငယ်များ တွေ့ရှိခဲ့ ရပြီးနောက် ယင်းတို့ကို ပြီးခဲ့သည့် မတ်လ ကတည်းက ပိတ်ထား ခဲ့ရသည်။ ယင်း ဓါတ်ပေါင်းဖို နှစ်ရုံကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လမှ  ၂၀၁၃ ခုနှစ် ဇွန်လအထိ ရပ်ဆိုင်းထား ခဲ့ရသေးသည်။ ဘယ်ဂျီ ယံနိုင်ငံ၏ လျှပ်စစ်ထုတ် လုပ်မှု၏ ၅၅ ရာခိုင်နှုန်းသည် နျူးကလီးယား စွမ်းအင်မှ ထုတ်လုပ် နေခြင်းဖြစ်သည်။

Ref: AFP
Mizzima - News in Burmese 

ဘယ်လ်ဂျီယံ တီဟန်နျူကလီးယား ဓာတ်အားပေးစက်ရုံ။ (အေအက်ဖ်ပီ)
ဘယ်လ်ဂျီယံ တီဟန်နျူကလီးယား ဓာတ်အားပေးစက်ရုံ။ (အေအက်ဖ်ပီ) 
ဘယ်လ်ဂျီယံနိုင်ငံ အရှေ့ ပိုင်းရှိ နျူးက လီးယား ဓါတ်ပေါင်းဖို တစ်ခုတွင် နိုဝင်ဘာ ၃၀ ရက်က မီးလောင် မှုတစ်ခု ဖြစ်ပွား ခဲ့သောကြောင့် ယင်းဓါတ်ပေါင်း ဖိုအား ပိတ်ထား ခဲ့ရသည်ဟု မီဒီယာ များတွင် ဖော်ပြ ကြသည်။

လိဂ်မြို့ အနီးရှိ ယင်းဓါတ်ပေါင်း ဖိုသည် ပြင်သစ်နိုင်ငံ GDF Suez ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Electrabel က စီမံဆောင် ရွက်လျက် ရှိသည့် ဓါတ်ပေါင်းဖို ခုနှစ်ခုတွင် တစ်ခုအပါ အ၀င် ဖြစ်သည်။  မီးလောင်မှုသည် နျူးကလီးယားဇုန်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု မြို့တော်ဝန် အလက်ဇစ် ဟော်ဆိုင်ကပြောသည်။

အဆိုပါ Tihange 3 ဓါတ်ပေါင်းဖိုတွင် မီးလောင် ကျွမ်းမှုကို ယင်းနေ့နေ့ လည်ပိုင်းက ထိန်းသိမ်းနိုင် ခဲ့သည် ဟု သိရသည်။ ယခု မီးလောင် မှုကြောင့် နျူးကလီး ယား လုံခြုံရေးပိုင်းနှင့် ဓါတ်ပေါင်းဖိုရှိ ၀န်ထမ်းများ၊ အနီးအနား ဧရိယာတွင် နေထိုင်ကြသူများ၏ လုံခြုံရေးအတွက် တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဟု Electrabel ကုမ္မဏီကပြောသည်။

ကနဦးစုံစမ်း စစ်ဆေးမှု များအရ ယခု ကဲ့သို့ မီးလောင်ကျွမ်းရခြင်း၏ အကြောင်း ရင်းမှာ တမင်လုပ်ဆောင် မှုကြောင့် မဟုတ်ဘဲ နည်းပညာ ဆိုင်ရာအကြောင်း ရင်းတစ်ခုကြောင့် ဖြစ်ပွားခဲ့ ခြင်းဖြစ်သည် ကောက် ချက် ချခဲ့ကြသည်။

နိုင်ငံတွင် Antwerp နှင့် Tihange တို့ရှိ အခြားသော ဓါတ်ပေါင်းဖို နှစ်ခုတွင်လည်း အက်ကြောင်း ငယ်များ တွေ့ရှိခဲ့ ရပြီးနောက် ယင်းတို့ကို ပြီးခဲ့သည့် မတ်လ ကတည်းက ပိတ်ထား ခဲ့ရသည်။ ယင်း ဓါတ်ပေါင်းဖို နှစ်ရုံကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လမှ  ၂၀၁၃ ခုနှစ် ဇွန်လအထိ ရပ်ဆိုင်းထား ခဲ့ရသေးသည်။ ဘယ်ဂျီ ယံနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု၏ ၅၅ ရာခိုင်နှုန်းသည် နျူးကလီးယားစွမ်းအင်မှ ထုတ်လုပ် နေခြင်းဖြစ် သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment