Tuesday 16 December 2014

ပြုပြင်ပြောင်းလဲရေးနှေးကွေးနေသည့်အပေါ် ကမ္ဘာ့ဘဏ်အချက်သုံးချက်ဖော်ပြ

မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေးတွင် နှောင့်နှေးနေ ရသည့်အချက်သုံးချက်ကို  ကမ္ဘာ့ ဘဏ်အစီရင် ခံစာက ထောက်ပြ ထားသည်။ အဆိုပါသုံးချက်မှာ  နိုင်ငံရေးမငြိမ်သက်မှု၊ မူဝါဒအ ပြောင်းအလဲဆက်လက်မလုပ် ဆောင်နိုင်မှု၊   ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှု  စသည့်အချက် သုံးချက်ကြောင့် ပြုပြင်ပြောင်းလဲမှုများ    နှောင့်နှေးနေရခြင်းဖြစ် ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာ ထုတ်ပြန်ချက်အရသိရသည်။

‘‘၂၀၁၅မှာ ကျင်းပမယ့် ရွေး ကောက်ပွဲနောက်ပိုင်းဆက်လက် ဖြစ်ပေါ်လာမယ့် တိုးတက်မှုများဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အပေါ် အဓိကစမ်းသပ်မှုဖြစ်လာ ပါလိမ့်မယ်’’ဟု ဒီဇင်ဘာ ၁၅ရက်  နေပြည်တော် သင်္ဂဟဟိုတယ်တွင်ကျင်းပသော နိုင်ငံအခြေအ နေစနစ်တကျလေ့လာဆန်းစစ်မှု အစီရင်ခံစာကို ခေါင်း ဆောင် သည့် ဦးဆောင်စီးပွားရေးပညာ  ရှင် Khwima Ntharaက ပြော သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲပြီး စီးပွားရေးမူဝါဒများ ပြုပြင်ပြောင်း လဲမှုမရှိပါက တိုင်းပြည်အတွက် အခက်အခဲ ရှိနိုင်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ် တင်နွယ်ဦးက သုံးသပ်ပြောကြားသည်။

‘‘စီးပွားရေးအခြေအနေက ရပ်တန့်နေရင် အောက်ကိုပဲကျ နိုင်တယ်။ အပေါ်ကိုလည်း မသွားနိုင်ဘူး။ ဒါကြောင့် စီးပွားရေးအ ခြေအနေကို ဘယ်လိုပေါ်လစီချ မှတ်ရမလဲလုပ်ရမယ်’’ဟု ဒေါ် တင်နွယ်ဦးက ယင်းအစီရင်ခံစာ နှင့်ပတ်သက်၍  ပြောကြားသွား သည်။

၂၀၁၅ရွေးကောက်ပွဲသည် ရွေးကောက်ပွဲတစ်ခုအနေဖြင့်မဟုတ်ဘဲ မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်း ပေါ် ရောက်ရှိလာ ကြောင်းကိုအဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲဖြစ်ကြောင်းဒေါ် အောင်ဆန်းစုကြည်က ပြောကြား ထားသည်။ ၂၀၁၀ပြည့်နှစ် ခန့် မှန်းချက်အရ တိုင်းပြည်၏ ဆင်း ရဲနွမ်းပါးမှုနှုန်းမှာ ၃၇ဒသမ ၅ရာ ခိုင်နှုန်းရှိရာ ဆင်းရဲနွမ်းပါးမှုအ များဆုံးရင်ဆိုင်နေရသည့် လူဦးရေသည် အောက်ခြေလူတန်းစား ၄၀ရာခိုင်နှုန်းထဲတွင်  ပါဝင်နေ သည်ဟုဆိုသည်။

ကျေးလက်ဒေသတွင် အဆောက်အအုံအားနည်းခြင်းကြောင့် ဈေးကွက်မပေါက်ရောက်မှု၊ နှစ်ဖက်စလုံး ထိခိုက် ရသည့် ပဋိပက္ခများနှင့် လူမျိုးရေး၊ ဘာ သာရေးအကြမ်းဖက်မှုများဖြစ် ပွားခြင်းနှင့် အားမကောင်း သည့် အစိုးရမူဝါဒအချို့ကြောင့် မြန်မာ ပြည်သူများ ဆင်းရဲတွင်းသို့ တွန်း ပို့နေသည့် စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ     အကြောင်းများဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိ သည်။

ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ချက် များအနေဖြင့် အချိန်ကာလတစ်ခုကို စောင့်ရန်လိုအပ်ပြီး လုံလောက်သော အချိန်မရှိပါက အောင်မြင်မှုနှင့် စိတ်ကျေနပ် လောက်သောအရာများမဖြစ်လာနိုင်ကြောင်း    ဘဏ္ဍာရေး ၀န်ကြီးဌာန   ဒုတိယ၀န်ကြီးဒေါက်တာ မောင်မောင်သိမ်းကယင်းအစီရင် ခံစာအပေါ် မှတ်ချက်ပြုပြောကြား သွားသည်။

7Day DAILY 

No comments:

Post a Comment