Tuesday 16 December 2014
ဆေးဖြစ်ဝါးဖြစ် သစ်သီးဝလံ
Photo: ဆေးဖြစ်ဝါးဖြစ် သစ်သီးဝလံ
Tuesday, December 16, 2014
အရင်တုန်းကတော့ အသီးအနှံတွေကသဘာဝအတိုင်း ရာသီစာအဖြစ် ပေါ်ပေါက်ခဲ့ကြတာပါ။ သစ်သီးဝလံသီးတဲ့ အပင်တွေ၊ အစေ့ကိုမျိုးပြန့်ပွားစေတဲ့ တိရစ္ဆာန်တွေကနေအချိန်အခါ ရာသီလိုက်လို့ စားသုံးကြရတာပါ။ အခုခေတ်အခါမှာတော့ စိုက်ပျိုးရေးနည်းပညာတွေကြောင့် ဆန်းသစ်လာပြီးရာသီမရွေးစားသုံးနိုင်လာကြပါပြီ။ ဈေးနှုန်းမြင့်မားပြီးသာမန်လူတန်းစားအတွက် အဆင်မပြေတဲ့အသီးတွေရှိသလိုလမ်းဘေးမှာအလွယ်တကူရပြီးလူတိုင်းစားနိုင်တဲ့ အသီးတွေလည်းရာသီမရွေးရှိနေပါပြီ။ သစ်သီးဝလံတွေကိုစားသုံးသင့်တဲ့ ဆေးဖက်ဝင် အကြောင်းကလေးတွေလည်းရှိနေပြီမို့ စားသုံးတဲ့ အလေ့အထမွေးမြူသင့်ကြပါပြီ။ ရောဂါတွေအတွက် ဆေးသောက်သလိုစားသုံးရမယ့် သစ်သီးဝလံနဲ့ ရောဂါတချို့ကိုပြောပြချင်ပါတယ်။ ဒါတွေကသိပ္ပံနည်းကျ လေ့လာစမ်းသပ်ချက်တွေရဲ့ ရလဒ်ကနေထုတ်ဖော်ထားတာလို့ ဆိုပါတယ်။
ဂရိတ်ဖရု (Great Fruit)
ဒီအသီးကတော့ သူ့ရာသီမှာဖောဖောသီသီ မြင်နိုင်ကြမှာပါ။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါတွေ မှာသူ့အစွမ်းကအံ့မခန်းထိရောက်ပါသတဲ့။ အသုံးပြုပုံကလည်းတမူထူးပါတယ်။ သူ့ရဲ့အစေ့ ၅ စေ့ကို ၈ နာရီခြားတနေ့သုံးကြိမ် ရက်သတ္တ ၂ ပတ်လောက် သောက်သုံးပေးရတာဖြစ်ပါတယ်။ အဲဒီတော့ သူ့ရာသီချိန်မှာအစေ့တွေ သိမ်းဆည်းထားသင့်ပါတယ်။
နာနတ်သီး
နာနတ်သီးမှာထူးခြားစွာပါဝင်တဲ့ Bromelain ကတော့ အတော်လေးတန်ဖိုးရှိတဲ့ ဓာတ်တမျိုးပါ။ ဓာတ်တိုးဆန့်ကျင် အစွမ်းတွေ၊ ရောင်ရမ်းကိုက်ခဲနာကျင်မှုတွေအတွက် အသုံးတည့်လှပါတယ်။ အခုတိတိကျကျ သိလာရတာကတော့ ကင်ဆာရောဂါတွေမှာသက်သာပျောက်ကင်းအောင် အသုံးပြုနေတဲ့ 5-Florouracil ဆိုတဲ့ ဆေးတွေထက် နာနတ်သီးမှာပါတဲ့ Bromelain က ပိုပြီးအစွမ်းထက်တယ် လို့ လက်တွေ့ စမ်းသပ်မှု အဖြေတွေကဆိုကြောင်းသိရပါတယ်။ နာနတ်သီးအူတိုင်ကအဲဒီလို အကျိုးကျေးဇူးကို အများဆုံး ရနိုင်တဲ့ နေရာပါပဲ။
ဖရဲသီး
ဖရဲသီးကလည်းဆေးဖက်ဝင်တယ်လို့ အမျိုးမျိုး ညွှန်းဆိုကြတဲ့အထဲကသူ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ် တမျိုးဖြစ်တဲ့ L-Citrulineကတော့ သွေးကြောတွေကိုသဘာဝအလျောက် ကျယ်စေတဲ့အစွမ်းရှိပါတယ်။ သွေးကြောနံရံတွေကိုလည်း ကာကွယ်ပေးတဲ့ သတ္တိရှိတာမို့ သွေးတိုးရောဂါအတွက် သွေးဖိအား လျော့နည်းစေတဲ့ ဆေးတမျိုးဆိုတာမှတ်သားထားသင့်ပါတယ်။
ချယ်ရီသီး
ကိုယ့်နိုင်ငံမှာဖောဖောသီသီနေရာအနှံ့ရတတ်တဲ့ အသီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ စူပါမားကက်တွေမှာ မြင်ရတတ်တဲ့ အသီးတမျိုးဖြစ်လာပါပြီ။ သူ့မှာပါဝင်တဲ့ Anthrocyanin ဒြပ်ပေါင်းကလည်းအခုခေတ်စားနေတဲ့ စတီရွိုက် မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေး Diclofenac လို (NSAID) တွေနဲ့ထပ်တူနာကျင်ကိုက်ခဲရောင်ရမ်းတာတွေ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။ အစာအိမ် ထိခိုက်မှုသက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးအဖြစ် သုံးနိုင်တာပေါ့။
သံပရိုသီး
ဟော်လန်သံပရာလို့လည်းခေါ်ကြတဲ့ ဝမ်းဗိုက် ချွန်ချွန် သံပရိုသီးကလည်းအခုအခါမှာတော့ နေရာအနှံ့ တွေ့နေရပါပြီ။ သူ့ရဲ့ ထူးခြားတဲ့အစွမ်းကတော့ အခုနောက်ပိုင်းအတွေ့များ ခေတ်စားလာနေတဲ့ ကျောက်ကပ်မှာကျောက်တည်တဲ့ ဆီးကျောက် ရောဂါမှာဆေးဝါးအဖြစ် အသုံးတည့်တယ်လို့ ဆိုလာကြတာပါ။ လီမွန်ဖျော်ရည်နဲ့ အရသာရှိရှိရောဂါပျောက်အောင် စွမ်းဆောင်ကြည့်ကြပါလား။
သင်္ဘောသီး
ဂျမေကာနိုင်ငံမှာကတော့ တိုင်းရင်းဆေးတမျိုးအဖြစ် သင်္ဘောသီးကိုသုံးနေတာကြာပါပြီ။ အခုတော့ သုတေသနတွေ  စနစ်တကျ  လုပ်ကြည့်တဲ့အခါ သင်္ဘောသီးမှာများပြားတဲ့ ကျန်းမာရေးကျေးဇူးတွေ ရှိတဲ့အထဲက တခုကိုတော့ ခိုင်ခိုင်မာမာအသိအမှတ် ပြုကြပါတယ်။ နာတာရှည် အရေပြားပေါ်က အနာ တွေကိုသင်္ဘောသီးစိမ်းရဲ့အသားနဲ့ လိမ်းပေးတာက ၇၅ ရာခိုင်နှုန်းလောက် ပျောက်ကင်းသက်သာတယ်လို့ ဆိုလေရဲ့။
တလည်းသီး
တချို့ကတော့ ပင်မှည့်သီးလို့လည်းခေါ်တတ်ကြတဲ့ အခွံထူ၊ အစေ့များချဉ်ပျပျ အသီးမှာ ထူးခြားစွာ ပါဝင်နေတာက မဟော်မုန်းအီစထရိုဂျင်ပါပဲတဲ့။ အမျိုးသမီးတွေရဲ့ မဟော်မုန်းဆိုင်ရာရောဂါတွေအတွက် သူကဆေးစွမ်းကောင်းတလက်ပါပဲ။
ကီဝီသီး
အရင်က ကြားဖူးရုံပေမယ့် အခုတော့ မြင်တွေ့နေရပြီဖြစ်တဲ့ ကီဝီသီးမှာကSimvastatinခေါ်တဲ့ အဆီကျဆေးထက် ပိုပြီးထက်မြက်တဲ့ ကိုလက်စထရောကျစေတဲ့အစွမ်းကိုလက်တွေ့စမ်းသပ်ချက်တွေ အရတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီမှာတော့ ဈေးပေါပေါနဲ့ ဖောဖောသီသီစားနိုင်ဖို့ မလွယ်လှသေးပါဘူး။
အုန်းသီး
ဆေးကို ဖြစ်သလိုဝယ်သောက်နေကြပြီးဆရာဝန် ညွှန်ကြားချက်မပါလည်း ရောင်းနေနိုင်တဲ့ ဒီနိုင်ငံမှာအကိုက်အခဲပျောက်ဆေးတွေသောက်ပြီး အစာအိမ်မှာသွေးယိုတာ၊ အနာဖြစ်တာတွေ တွေ့ရတာမနည်းလှပါဘူး။ အဲဒီအကိုက်အခဲပျောက်ဆေးတွေကြောင့် ဖြစ်ရတဲ့ အနာတွေ ကုသရာမှာ၊ ကာကွယ်ရာမှာ အုန်းသီးကလုပ်တဲ့ အုန်းနို့ ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် အုန်းရည်က ထိရောက်မှု ရှိတာတွေ့ရတယ်လို့ ဆိုပါတယ်။
သီးမွှေးငှက်ပျော
အခွံစိမ်းစိမ်းနဲ့ ဒီငှက်ပျောသီးကို တချို့နိုင်ငံတွေမှာ တိုင်းရင်းဆေးအဖြစ် ဝမ်းလျှောဝမ်းပျက်ရောဂါအတွက် သုံးကြတာကြာပါပြီ။ အခုတော့လည်းသုတေသနပြုချက်တွေကနေ ကာလရှည်ကြာဝမ်းပျက်နေတတ်တဲ့ ကလေးတွေကိုကျွေးပြီး စမ်းသပ်ကြည့်တဲ့အခါ ဝမ်းရောဂါကာလကို လျော့ကျစေတယ်ဆိုတာ အခိုင်အမာ သက်သေပြလာကြပါတယ်။ ဝမ်းပျက်သက်သာရုံမက၊ ကလေးတွေ ကိုယ်အလေးချိန် ပြန်တိုးစေတဲ့အပြင်၊ တန်ဖိုးလည်းချိုသာတယ်လို့ ဆိုပါတယ်။
စတော်ဘယ်ရီ
အသီးအနေနဲ့တော့ ရာသီစာဖြစ်ပေမယ့် ကြာရှည်ထားပြီးစားသုံးဖို့ ဖျော်ရည်၊ ယိုစသဖြင့် အမြဲရနိုင်တဲ့အသီး မဟုတ်ပါလား။ တန်ဖိုးရှိတဲ့အချက်ကတော့ နှလုံးရောဂါအတွက် အလွန်အသုံးတည့်လို့ပါပဲ။ အဆီတွေ လျှော့ချပေးတာ၊ သွေးကြောကျဉ်းမှု ကာကွယ်ပေးတာတွေက နှလုံးအတွက် အများကြီးထောက်ကူပေးတာပါ။ သွေးကြောနံရံလေးတွေ လျော့ပြေစေတာကြောင့် သွေးတိုးကိုလျှော့ချသလို နှလုံးကိုလည်းပင်ပန်းတဲ့အလုပ်တွေ လုပ်နေခိုက်မှာညှစ်အားသက်သာစေပါတယ်။ အသီးတင်မကပါဘူး၊ စတော်ဘယ်ရီအရွက်ကလည်း နှလုံးသွေးကြောတွေ စီးဆင်းလှည်ပတ်မှုမှာ အထောက်အကူပေးတာ တွေ့ရပြန်ပါသတဲ့။
အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့စကားအတိုင်း သစ်သီးဝလံတွေမှာလည်း သူ့သဘာဝအရ ရောဂါဝေဒနာနဲ့ သင့်လျော်တဲ့အစွမ်းတွေရှိတာကိုလက်ခံရမှာပါပဲ။ အာသာပြေသရေစာအဖြစ်သာမက၊ ဆေးဝါးနဲ့အာဟာရအဖြစ်ပါ နိစ္စဓူဝသုံးဆောင်တဲ့ အလေ့အထတွေလုပ်ပေးသင့်ပါတယ်။ အခုပြောခဲ့တဲ့ အသီးတွေနဲ့ရောဂါတွေကလေ့လာတွေ့ရှိချက်တွေကနေအဆိုပြုထားတာပါ။ တခြားအသီးအနှံတွေ မှာလည်း လေ့လာသုတေသနပြုရင် တမျိုးမဟုတ်တမျိုးကောင်းမွန်တဲ့ အကျိုးရလဒ်တွေ တွေ့နိုင်မှာပါ။ အနာနဲ့ဆေးသင့်ရာရွေးပြီးသစ်သီးဝလံစားသုံးတဲ့ အလေ့အထကျင့်သုံးကြရအောင်။
ဒေါက်တာ သက်ဦး
ဧရာဝတီ
သစ်သီးဝလံဆိုတာ နှစ်သက်ဖွယ်ရာအစားအစာတခုမျှမကပေဘူး။ သူ့ရဲ့အင်္ဂလိပ်စကား Fruit ဆိုတာက လက်တင်စကားFrui က ဆင်းသက်လာပြီး နှစ်သက်စရာနဲ့ အသုံးပြုစရာလို့ အဓိပ္ပာယ်ရပါတယ်။ အာဟာရ အတွက်သာမက ခန္ဓာကိုယ်ကိုရောဂါဘယတွေကပါ ကာကွယ်ပေးတာမို့ ပြီးပြည့်စုံတဲ့ အစားအစာလို့ တောင် တင်စားခေါ်ဝေါ်ကြလေရဲ့။ လူများစုကတော့ သစ်သီးဝလံကိုရံဖန်ရံခါ အာသာဆန္ဒမျှအတွက် စားသုံးလေ့ရှိကြတာပါ။ ရာသီပေါ်လေးမို့၊ အချိုတည်းဖို့၊ ဧည့်လာစောင်လာဧည့်ခံဖို့ စသဖြင့် သုံးကြတာ များပါတယ်။ တကယ်တော့ သူ့ရဲ့ အာဟာရတန်ဖိုးနဲ့ ဆေးဖက်ဝင်မှုတွေအရ သစ်သီးဝလံတွေကိုလည်း ဆန်၊ ဂျုံ၊ အာလူး၊ ပဲ စတာတွေလို ပုံမှန်စားသောက်ရတဲ့ အစားအစာတွေအဖြစ် လေ့ကျင့်စားသုံးသင့် တာပါ။
အရင်တုန်းကတော့ အသီးအနှံတွေကသဘာဝအတိုင်း ရာသီစာအဖြစ် ပေါ်ပေါက်ခဲ့ကြတာပါ။ သစ်သီးဝလံ သီးတဲ့ အပင်တွေ၊ အစေ့ကိုမျိုးပြန့်ပွားစေတဲ့ တိရစ္ဆာန်တွေကနေအချိန်အခါ ရာသီလိုက်လို့ စားသုံးကြရ တာပါ။ အခုခေတ်အခါမှာတော့ စိုက်ပျိုးရေးနည်းပညာတွေကြောင့် ဆန်းသစ်လာပြီး ရာသီမရွေး စားသုံးနိုင်လာကြပါပြီ။ ဈေးနှုန်းမြင့်မားပြီးသာမန်လူတန်းစားအတွက် အဆင်မပြေတဲ့အသီးတွေ ရှိသလို လမ်းဘေးမှာအလွယ်တကူရပြီးလူတိုင်းစားနိုင်တဲ့ အသီးတွေလည်းရာသီမရွေးရှိနေပါပြီ။ သစ်သီးဝလံ တွေကို စားသုံးသင့်တဲ့ ဆေးဖက်ဝင် အကြောင်းကလေးတွေလည်းရှိနေပြီမို့ စားသုံးတဲ့ အလေ့အထ မွေးမြူသင့်ကြပါပြီ။ ရောဂါတွေအတွက် ဆေးသောက်သလိုစားသုံးရမယ့် သစ်သီးဝလံနဲ့ ရောဂါတချို့ကို ပြောပြချင်ပါတယ်။ ဒါတွေကသိပ္ပံနည်းကျ လေ့လာစမ်းသပ်ချက်တွေရဲ့ ရလဒ်ကနေထုတ်ဖော်ထားတာလို့ ဆိုပါတယ်။
ဂရိတ်ဖရု (Great Fruit)
ဒီအသီးကတော့ သူ့ရာသီမှာဖောဖောသီသီ မြင်နိုင်ကြမှာပါ။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါတွေမှာ သူ့အစွမ်းကအံ့မခန်းထိရောက်ပါသတဲ့။ အသုံးပြုပုံကလည်းတမူထူးပါတယ်။ သူ့ရဲ့အစေ့ ၅ စေ့ကို ၈ နာရီ ခြား တနေ့သုံးကြိမ် ရက်သတ္တ ၂ ပတ်လောက် သောက်သုံးပေးရတာဖြစ်ပါတယ်။ အဲဒီတော့ သူ့ရာသီချိန်မှာ အစေ့တွေ သိမ်းဆည်းထားသင့်ပါတယ်။
နာနတ်သီး
နာနတ်သီးမှာထူးခြားစွာပါဝင်တဲ့ Bromelain ကတော့ အတော်လေးတန်ဖိုးရှိတဲ့ ဓာတ်တမျိုးပါ။ ဓာတ်တိုး ဆန့်ကျင် အစွမ်းတွေ၊ ရောင်ရမ်းကိုက်ခဲနာကျင်မှုတွေအတွက် အသုံးတည့်လှပါတယ်။ အခုတိတိကျကျ သိလာရတာကတော့ ကင်ဆာရောဂါတွေမှာသက်သာပျောက်ကင်းအောင် အသုံးပြုနေတဲ့ 5-Florouracil ဆိုတဲ့ ဆေးတွေထက် နာနတ်သီးမှာပါတဲ့ Bromelain က ပိုပြီးအစွမ်းထက်တယ်လို့ လက်တွေ့စမ်းသပ်မှု အဖြေတွေက ဆိုကြောင်းသိရပါတယ်။ နာနတ်သီးအူတိုင်ကအဲဒီလို အကျိုးကျေးဇူးကို အများဆုံး ရနိုင်တဲ့ နေရာပါပဲ။
ဖရဲသီး
ဖရဲသီးကလည်းဆေးဖက်ဝင်တယ်လို့ အမျိုးမျိုးညွှန်းဆိုကြတဲ့အထဲကသူ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ် တမျိုး ဖြစ်တဲ့ L-Citrulineကတော့ သွေးကြောတွေကိုသဘာဝအလျောက် ကျယ်စေတဲ့အစွမ်းရှိပါတယ်။ သွေးကြောနံရံတွေကိုလည်း ကာကွယ်ပေးတဲ့ သတ္တိရှိတာမို့ သွေးတိုးရောဂါအတွက် သွေးဖိအား လျော့နည်း စေတဲ့ ဆေးတမျိုးဆိုတာမှတ်သားထားသင့်ပါတယ်။
ချယ်ရီသီး
ကိုယ့်နိုင်ငံမှာဖောဖောသီသီနေရာအနှံ့ရတတ်တဲ့ အသီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ စူပါ မားကက်တွေမှာ မြင်ရတတ်တဲ့ အသီးတမျိုးဖြစ်လာပါပြီ။ သူ့မှာပါဝင်တဲ့ Anthrocyanin ဒြပ်ပေါင်းကလည်း အခုခေတ်စားနေတဲ့ စတီရွိုက် မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေး Diclofenac လို (NSAID) တွေနဲ့ ထပ်တူနာကျင်ကိုက်ခဲရောင်ရမ်းတာတွေ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။ အစာအိမ် ထိခိုက်မှု သက်သာ စေတဲ့ အကိုက်အခဲပျောက်ဆေးအဖြစ် သုံးနိုင်တာပေါ့။
သံပရိုသီး
ဟော်လန်သံပရာလို့လည်းခေါ်ကြတဲ့ ဝမ်းဗိုက် ချွန်ချွန် သံပရိုသီးကလည်းအခုအခါမှာတော့ နေရာအနှံ့ တွေ့နေရပါပြီ။ သူ့ရဲ့ ထူးခြားတဲ့အစွမ်းကတော့ အခုနောက်ပိုင်းအတွေ့များ ခေတ်စားလာနေတဲ့ ကျောက် ကပ်မှာ ကျောက်တည်တဲ့ ဆီးကျောက် ရောဂါမှာဆေးဝါးအဖြစ် အသုံးတည့်တယ်လို့ ဆိုလာကြတာပါ။ လီမွန်ဖျော်ရည်နဲ့ အရသာရှိရှိရောဂါပျောက်အောင် စွမ်းဆောင်ကြည့်ကြပါလား။
သင်္ဘောသီး
ဂျမေကာနိုင်ငံမှာကတော့ တိုင်းရင်းဆေးတမျိုးအဖြစ် သင်္ဘောသီးကိုသုံးနေတာကြာပါပြီ။ အခုတော့ သုတေ သနတွေ စနစ်တကျ  လုပ်ကြည့်တဲ့အခါ သင်္ဘောသီးမှာများပြားတဲ့ ကျန်းမာရေးကျေးဇူးတွေ ရှိတဲ့အထဲက တခုကိုတော့ ခိုင်ခိုင်မာမာအသိအမှတ်ပြုကြပါတယ်။ နာတာရှည်အရေပြားပေါ်က အနာတွေကို သင်္ဘော သီးစိမ်းရဲ့အသားနဲ့ လိမ်းပေးတာက ၇၅ ရာခိုင်နှုန်းလောက် ပျောက်ကင်းသက်သာတယ်လို့ ဆိုလေရဲ့။
တလည်းသီး
တချို့ကတော့ ပင်မှည့်သီးလို့လည်းခေါ်တတ်ကြတဲ့ အခွံထူ၊ အစေ့များချဉ်ပျပျ အသီးမှာ ထူးခြားစွာ ပါဝင် နေတာက မဟော်မုန်းအီစထရိုဂျင်ပါပဲတဲ့။ အမျိုးသမီးတွေရဲ့ မဟော်မုန်းဆိုင်ရာရောဂါတွေအတွက် သူက ဆေးစွမ်းကောင်းတလက်ပါပဲ။
ကီဝီသီး
အရင်က ကြားဖူးရုံပေမယ့် အခုတော့ မြင်တွေ့နေရပြီဖြစ်တဲ့ ကီဝီသီးမှာကSimvastatinခေါ်တဲ့ အဆီကျ ဆေးထက် ပိုပြီးထက်မြက်တဲ့ ကိုလက်စထရောကျစေတဲ့အစွမ်းကိုလက်တွေ့စမ်းသပ်ချက်တွေ အရတွေ့ရှိ ရ တယ်လို့ ဆိုပါတယ်။ ဒီမှာတော့ ဈေးပေါပေါနဲ့ ဖောဖောသီသီစားနိုင်ဖို့ မလွယ်လှသေးပါဘူး။
အုန်းသီး
ဆေးကို ဖြစ်သလိုဝယ်သောက်နေကြပြီးဆရာဝန် ညွှန်ကြားချက်မပါလည်း ရောင်းနေနိုင်တဲ့ ဒီနိုင်ငံမှာ အကိုက်အခဲပျောက်ဆေးတွေသောက်ပြီး အစာအိမ်မှာသွေးယိုတာ၊ အနာဖြစ်တာတွေ တွေ့ရတာမနည်းလှ ပါဘူး။ အဲဒီအကိုက်အခဲပျောက်ဆေးတွေကြောင့် ဖြစ်ရတဲ့ အနာတွေ ကုသရာမှာ၊ ကာကွယ်ရာမှာ အုန်းသီး က လုပ်တဲ့ အုန်းနို့ ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် အုန်းရည်က ထိရောက်မှု ရှိတာတွေ့ရတယ်လို့ ဆိုပါတယ်။
သီးမွှေးငှက်ပျော
အခွံစိမ်းစိမ်းနဲ့ ဒီငှက်ပျောသီးကို တချို့နိုင်ငံတွေမှာ တိုင်းရင်းဆေးအဖြစ် ဝမ်းလျှောဝမ်းပျက်ရောဂါအတွက် သုံးကြတာကြာပါပြီ။ အခုတော့လည်းသုတေသနပြုချက်တွေကနေ ကာလရှည်ကြာဝမ်းပျက်နေတတ်တဲ့ ကလေးတွေကိုကျွေးပြီး စမ်းသပ်ကြည့်တဲ့အခါ ဝမ်းရောဂါကာလကို လျော့ကျစေတယ်ဆိုတာ အခိုင်အမာ သက်သေပြလာကြပါတယ်။ ဝမ်းပျက်သက်သာရုံမက၊ ကလေးတွေ ကိုယ်အလေးချိန် ပြန်တိုးစေတဲ့အပြင်၊ တန်ဖိုးလည်းချိုသာတယ်လို့ ဆိုပါတယ်။
စတော်ဘယ်ရီ
အသီးအနေနဲ့တော့ ရာသီစာဖြစ်ပေမယ့် ကြာရှည်ထားပြီးစားသုံးဖို့ ဖျော်ရည်၊ ယိုစသဖြင့် အမြဲရနိုင်တဲ့ အသီး မဟုတ်ပါလား။ တန်ဖိုးရှိတဲ့အချက်ကတော့ နှလုံးရောဂါအတွက် အလွန်အသုံးတည့်လို့ပါပဲ။ အဆီတွေ လျှော့ချပေးတာ၊ သွေးကြောကျဉ်းမှု ကာကွယ်ပေးတာတွေက နှလုံးအတွက် အများကြီး ထောက်ကူ ပေးတာပါ။ သွေးကြောနံရံလေးတွေ လျော့ပြေစေတာကြောင့် သွေးတိုးကိုလျှော့ချသလို နှလုံး ကိုလည်းပင်ပန်းတဲ့အလုပ်တွေ လုပ်နေခိုက်မှာညှစ်အားသက်သာစေပါတယ်။ အသီးတင်မကပါဘူး၊ စတော်ဘယ်ရီ အရွက်ကလည်း နှလုံးသွေးကြောတွေ စီးဆင်းလှည်ပတ်မှုမှာ အထောက်အကူပေးတာ တွေ့ရပြန်ပါသတဲ့။
အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့စကားအတိုင်း သစ်သီးဝလံတွေမှာလည်း သူ့သဘာဝအရ ရောဂါ ဝေဒနာနဲ့ သင့်လျော်တဲ့အစွမ်းတွေရှိတာကိုလက်ခံရမှာပါပဲ။ အာသာပြေသရေစာအဖြစ်သာမက၊ ဆေးဝါးနဲ့ အာဟာရ အဖြစ်ပါ နိစ္စဓူဝသုံးဆောင်တဲ့ အလေ့အထတွေလုပ်ပေးသင့်ပါတယ်။ အခုပြောခဲ့တဲ့ အသီးတွေနဲ့ ရောဂါတွေကလေ့လာတွေ့ရှိချက်တွေကနေအဆိုပြုထားတာပါ။ တခြားအသီးအနှံတွေ မှာလည်း လေ့လာ သုတေသနပြုရင် တမျိုးမဟုတ်တမျိုးကောင်းမွန်တဲ့ အကျိုးရလဒ်တွေ တွေ့နိုင်မှာပါ။ အနာနဲ့ဆေးသင့်ရာ ရွေးပြီးသစ်သီးဝလံစားသုံးတဲ့ အလေ့အထကျင့်သုံးကြရအောင်။
ဒေါက်တာ သက်ဦး
ဧရာဝတီ  
No comments:
Post a Comment