Tuesday 16 December 2014

တရုတ်နိုင်ငံရှိ လေဖိအားများ ရပ်ဝန်းကြောင့် မြန်မာ့ပင်လယ်ပြင်အတွင်း လေပြင်းကျ

တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားများရပ်ဝန်းအား ကောင်းလာမှုကြောင့်အရှေ့ မြောက် ဆောင်းမုတ်သုံ လေ အား ကောင်းလာကာ မြန်မာ့ပင်လယ်ပြင်အတွင်း လေပြင်းကျနိုင်သည့်အပြင် ဒေသအတွင်း ညအပူချိန် များလျော့ကျလာနိုင်ကြောင်း မိုး လေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောသည်။

အရှေ့မြောက်မုတ်သုံလေ ကြောင့် မြန်မာနိုင်ငံပင်လယ်ပိုင် နက်နှင့် ထိစပ်နေသည့် ကပ္ပလီ ပင်လယ်ပြင်၊ ထိုင်းပင်လယ်ကွေ့ နှင့် တောင်တရုတ်ပင်လယ်တို့ တွင် လေပြင်းကျခြင်း၊ လှိုင်းများ မြင့်တက်လာနိုင်သည့် အခြေအ နေများသတိပြုရန်လိုနေကြောင်း နိုင်ငံတကာမိုးလေ၀သဌာနများ၏  သတင်းထုတ်ပြန်မှုများကို  ကိုး ကား၍  ဒေါက်တာထွန်းလွင်က ပြောသည်။

 ‘‘ဆောင်းမုတ်သုံကြောင့် မွန်၊ တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အရှေ့ လေပြင်းတွေ တိုက်ခတ်လာနိုင်ပါ တယ်။ ရေလုပ်သားတွေအတွက် သတိထားဖို့ လိုတဲ့အချိန်ပေါ့’’ဟု ဒေါက်တာ ထွန်းလွင်ကပြော ကြားသည်။

  မိုး/ဇလဌာနကလည်း အရှေ့လေပြင်းများကြောင့် မွန်- တနင်္သာရီ ကမ်းရိုးတန်းအပြင် မြစ်ဝကျွန်းပေါ်နှင့် မုတ္တမကွေ့တို့ တွင်ပါ တစ်နာရီလေတိုက်နှုန်း ၃၅ မိုင်အထိ ပြင်းထန်နိုင်ကြောင်း ပင်လယ်ပြင် သတိပေး ချက် ထုတ်ထားသည်။

လေပြင်းသတိပေးချက် ထုတ်ပြန်ထားသည့် ဒေသတွင် ပါဝင်သော  ကော့သောင်းမြို့ ဒေသခံတစ်ဦးက  ‘‘ပင်လယ် မှာ တော့  လေပြင်းနေတယ်ကြား တယ်။ ဒီက ငါးဖမ်းလှေလေးတွေ ဒီရက်ပိုင်းမထွက်ကြဘူး’’ဟုပြော သည်။

7Day DAILY 

No comments:

Post a Comment