Tuesday 16 December 2014

မြဝတီမြို့တွင် တပ်မတော်သားများနှင့်KNLA တိုင်းရင်းသားလက်နက်ကိုင်များ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပ

Photo: မြဝတီမြို့တွင် တပ်မတော်သားများနှင့်KNLA တိုင်းရင်းသားလက်နက်ကိုင်များ
ချစ်ကြည်ရေးဘောလုံးပွဲကျင်းပ
Tuesday, December 16, 2014

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်၊ အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းများမှ တပ်မတော်သားများဘောလုံးအသင်းနှင့် KNLA တပ်မဟာ(၇)မှ တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင် သော ဘောလုံးအသင်းတို့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့မအားကစားကွင်းထဲ၌ ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက်(၈)နာရီအချိန်က ချစ်ကြည်ရေးဘောလုံးပွဲ ဆင်နွှဲခဲ့ကြသည်။

အဆိုပါ ချစ်ကြည်ရေး ဘောလုံး ပွဲသို့ စကခ(၄)မှ တပ်မမှူး ဗိုလ်မှူးချုပ် သောင်းထိုက်ရွှေ၊ သင်္ဃန်းညီနောင်(အခြေချ)စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး မျိုးခိုင်အပါအဝင် မြဝတီမြို့မှ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖ များ တက်ရောက်အားပေးခဲ့ကြသလို KNUဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် KNU လက် နက်ကိုင်တပ်ဖွဲ့၊ KNLA လက်နက်ကိုင်တပ်ဖွဲ့တို့မှ အရာရှိ၊ အရာခံနှင့် တပ်သားများ တက်ရောက်အားပေး ခဲ့ကြသည်။KNLA တပ်မဟာ(၇) ဘောလုံးအသင်းတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး စောဖောဒိုကိုယ်တိုင် ခေါင်း ဆောင်၍ ပါဝင်ကစားခဲ့ပြီး စကခ(၄)ဘောလုံးအသင်းတွင် ဗိုလ်ကြီး ကောင်းမြတ်စံ က ခေါင်းဆောင်ပါဝင် ကစားခဲ့ကြသည်။

ယင်းချစ်ကြည်ရေးဘောလုံးပွဲတွင် ပထမပိုင်း၌ ဂိုးမရှိ သရေဖြင့် အဆုံးသတ်ခဲ့ပြီး ဒုတိယ ပိုင်းတွင် နှစ်ဖက်အသင်းသားများ အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြသဖြင့် တဖက်(၁)ဂိုးဆီ သရေကျခဲ့ သည်။ ချစ်ကြည်ရေးဘောလုံးပွဲအပြီးတွင် စကခ(၄)တပ်မမှူး ဗိုလ်မှူးချုပ် သောင်းထိုက်ရွှေက နှစ်ဖက် ဘောလုံးသမားများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်၊ အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းများမှ တပ်မတော်သားများဘောလုံးအသင်းနှင့် KNLA တပ်မဟာ(၇)မှ တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင် သော ဘောလုံးအသင်းတို့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့မအားကစားကွင်းထဲ၌ ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက်(၈)နာရီအချိန်က ချစ်ကြည်ရေးဘောလုံးပွဲ ဆင်နွှဲခဲ့ကြသည်။

အဆိုပါ ချစ်ကြည်ရေး ဘောလုံး ပွဲသို့ စကခ(၄)မှ တပ်မမှူး ဗိုလ်မှူးချုပ် သောင်းထိုက်ရွှေ၊ သင်္ဃန်း ညီနောင်(အခြေချ)စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး မျိုးခိုင်အပါအဝင် မြဝတီမြို့မှ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေး မှူးများ၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖ များ တက်ရောက်အားပေးခဲ့ကြသလို KNUဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် KNU လက် နက်ကိုင်တပ်ဖွဲ့၊ KNLA လက်နက်ကိုင်တပ်ဖွဲ့တို့မှ အရာရှိ၊ အရာခံနှင့် တပ်သားများ တက်ရောက်အားပေး ခဲ့ကြသည်။KNLA တပ်မဟာ(၇) ဘောလုံးအသင်းတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး စောဖောဒိုကိုယ်တိုင် ခေါင်း ဆောင်၍ ပါဝင်ကစားခဲ့ပြီး စကခ(၄)ဘောလုံး အသင်းတွင် ဗိုလ်ကြီး ကောင်းမြတ်စံ က ခေါင်းဆောင်ပါဝင် ကစားခဲ့ကြသည်။

ယင်းချစ်ကြည်ရေးဘောလုံးပွဲတွင် ပထမပိုင်း၌ ဂိုးမရှိ သရေဖြင့် အဆုံးသတ်ခဲ့ပြီး ဒုတိယ ပိုင်းတွင် နှစ်ဖက် အသင်းသားများ အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြသဖြင့် တဖက်(၁)ဂိုးဆီ သရေကျခဲ့သည်။ ချစ်ကြည် ရေး ဘောလုံးပွဲအပြီးတွင် စကခ(၄)တပ်မမှူး ဗိုလ်မှူးချုပ် သောင်းထိုက်ရွှေက နှစ်ဖက် ဘောလုံးသမား များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment