Tuesday 16 December 2014

ဆစ်ဒနီ ကော်ဖီဆိုင်ကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း၊ အကြမ်းဖက်သမားနှင့် ဓားစာခံနှစ်ဦး သေဆုံး

Photo: ဆစ်ဒနီ ကော်ဖီဆိုင်ကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း၊ အကြမ်းဖက်သမားနှင့် ဓားစာခံနှစ်ဦး သေဆုံး
Tuesday, December 16, 2014

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင် တစ်ခုကို သေနတ်သမားတစ်ဦးက ချုပ်ထိန်းထားမှုအား ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ သေနတ်သမားနှင့် ဓားစာခံနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အစွန်းရောက် အစ္စလာမ်မစ်ဝါဒီ သေနတ်သမားသည် ကွန်မန်ဒို တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီးနောက် (၁၆)နာရီ ကြာမြင့်သည့် အကြမ်းဖက် မှုခင်းကြီး အဆုံးသတ်သွားခဲ့သည်။

Lindt Chocolate ကော်ဖီဆိုင်ကို စီးနင်းမှုတွင် အသက်(၃၄)နှစ်ရှိ ဆိုင်မန်နေဂျာ တိုရီဂျွန်ဆင်နှင့် အသက်(၃၈)နှစ်အရွယ် ရှေ့နေတစ်ဦးဖြစ်သည့် ကက်ထရီနာဒေါ်ဆင်တို့ အသက်ဆုံးရှုံးခဲ့ကြောင်း ဩစတြေးလျ မီဒီယာများက ဖော်ပြခဲ့သည်။ အပြန်အလှန် ပစ်ခတ်မှုအတွင်း လူ(၄)ဦး ဒဏ်ရာရရှိပြီး ယင်းတို့အနက် ပြောင်းတိုသေနတ် ကျည်ထိမှန်သည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

ကော်ဖီဆိုင် စီးနင်းခံရမှု ဖြစ်ပွားခဲ့သည့်နောက် ဒီဇင်ဘာ ၁၆ ရက် တစ်ရက်လုံးလိုလို ဆစ်ဒနီမြို့လယ်ကို ရဲများက ဝန်းရံပိတ်ဆို့ထားခဲ့သည်။ သေနတ်သမားသည် အီရန်မှ ပြောင်းရွှေ့ခိုလှုံလာသူ တစ်ဦးဖြစ်ပြီး ကော်ဖီဆိုင် အတွင်းရှိ လူပေါင်း အတော်များများကို ဓားစာခံ အနေဖြင့် ထိန်းသိမ်းထားခဲ့သည်။ ၎င်းသည် ကော်ဖီဆိုင်ကို ထိန်းချုပ်ထားစဉ် အတောအတွင်း အစ္စလာမ်မစ် ဝါဒကို ဂုဏ်တင်ရေးသားထားသည့် အာရပ်စာလုံးများ ပါရှိသော အလံကိုလည်း ကော်ဖီဆိုင် ပြတင်းပေါက်မှတစ်ဆင့် ပြသခဲ့သည်။ ဩစတြေးလျ မီဒီယာများက အကြမ်းဖက်သမား၏ အမည်ကို မန်ဟိုရန်မိုနစ်ဟု ရေးသား ဖော်ပြခဲ့သည်။

မိုနစ်သည် ၁၉၉၆ ခုနှစ်က ဩစတြေးလျတွင် နိုင်ငံရေး ခိုလှုံခွင့် ရရှိထားသူဖြစ်ပြီး ယခင်က ပြစ်မှုမှတ်တမ်းဟောင်းအချို့ ရှိခဲ့ရာ အာမခံဖြင့် လွတ်မြောက်နေသူ ဖြစ်သည်။

ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က ကော်ဖီဆိုင်တွင် ဖြစ်ပွားခဲ့သည့် ခြောက်ခြားစရာ ကိစ္စအတွက် ဝမ်းနည်းမှုကို ဖော်ပြစရာ စကားလုံးပင် ရှာဖွေရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့လို လွတ်လပ်တဲ့၊ ပွင့်လင်းတဲ့၊ ရက်ရောတဲ့ နိုင်ငံမျိုးမှာတောင် နိုင်ငံရေးအရ လှုံ့ဆော်ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ရင် အားနည်းချက်တွေ ရှိနေသေးတယ် ဆိုတာကို ဒီဖြစ်ရပ်က လက်တွေ့ ပြလိုက်တာပါပဲ။ တစ်ဖက်မှာလည်း ဒါမျိုးတွေ ကြုံလာရင် ကျွန်တော်တို့ဟာ တုံ့ပြန်နိုင်စွမ်း ရှိတယ်ဆိုတာ ပြသလိုက်တာပါ”ဟု ဝန်ကြီးချုပ်က သတင်းထောက်များအား မှတ်ချက်ပြု ပြောဆိုသွားသည်။

ဖြစ်ရပ်အတွင်း သေဆုံးသူများအတွက် ရည်စူးပြီး နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်တွင် ဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ် နိုင်ငံအလံများကို တိုင်တစ်ဝက် လွှင့်ထူထားကြောင်း သိရသည်။

ဆေးရုံသို့ တင်ပို့စဉ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးကြောင်း နယူးဆောက်သ်ဝေးလ်စ် ရဲတပ်ဖွဲ့က ကြေညာခဲ့ပြီး ဒဏ်ရာရသူများအနက် အမျိုးသမီး နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိသည့် အသေးစား ဒဏ်ရာများ ရခဲ့ကြောင်း၊ ရဲတစ်ဦးမှာ ပြောင်းတိုသေနတ် ကျည်ထိမှန်ပြီး အခြားအမျိုးသမီး တစ်ဦးမှာ ပခုံးတွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။

ကော်ဖီဆိုင်ကို ဝင်ရောက်စီးနင်းသည့် စစ်ဆင်ရေးကို တော်ဝင်ဩစတြေးလျ ကွန်မန်ဒို တပ်ဖွဲ့ဝင်များက တာဝန်ယူခဲ့ပြီး သေနတ်သမားနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်းလည်း သိရှိရသည်။

_Ref: BBC

ဒဏ်ရာရ လူနာတစ်ဦးကို လူနာတင်ယာဉ်သို့ သယ်ဆောင်သွားစဉ်
ဒဏ်ရာရ လူနာတစ်ဦးကို လူနာတင်ယာဉ်သို့ သယ်ဆောင်သွားစဉ် 
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင် တစ်ခုကို သေနတ်သမားတစ်ဦးက ချုပ်ထိန်းထားမှုအား ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ သေနတ်သမားနှင့် ဓားစာခံနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အစွန်းရောက် အစ္စလာမ်မစ်ဝါဒီ သေနတ်သမားသည် ကွန်မန်ဒို တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ပြီးနောက် (၁၆)နာရီ ကြာမြင့်သည့် အကြမ်းဖက် မှုခင်းကြီး အဆုံးသတ်သွားခဲ့သည်။

Lindt Chocolate ကော်ဖီဆိုင်ကို စီးနင်းမှုတွင် အသက်(၃၄)နှစ်ရှိ ဆိုင်မန်နေဂျာ တိုရီဂျွန်ဆင်နှင့် အသက်(၃၈)နှစ်အရွယ် ရှေ့နေတစ်ဦးဖြစ်သည့် ကက်ထရီနာဒေါ်ဆင်တို့ အသက်ဆုံးရှုံးခဲ့ကြောင်း ဩစတြေးလျ မီဒီယာများက ဖော်ပြခဲ့သည်။ အပြန်အလှန် ပစ်ခတ်မှုအတွင်း လူ(၄)ဦး ဒဏ်ရာရရှိပြီး ယင်းတို့အနက် ပြောင်းတိုသေနတ် ကျည်ထိမှန်သည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

ကော်ဖီဆိုင် စီးနင်းခံရမှု ဖြစ်ပွားခဲ့သည့်နောက် ဒီဇင်ဘာ ၁၆ ရက် တစ်ရက်လုံးလိုလို ဆစ်ဒနီမြို့လယ်ကို ရဲများက ဝန်းရံပိတ်ဆို့ထားခဲ့သည်။ သေနတ်သမားသည် အီရန်မှ ပြောင်းရွှေ့ခိုလှုံလာသူ တစ်ဦးဖြစ်ပြီး ကော်ဖီဆိုင် အတွင်းရှိ လူပေါင်း အတော်များများကို ဓားစာခံ အနေဖြင့် ထိန်းသိမ်းထားခဲ့သည်။ ၎င်းသည် ကော်ဖီဆိုင်ကို ထိန်းချုပ်ထားစဉ် အတောအတွင်း အစ္စလာမ်မစ် ဝါဒကို ဂုဏ်တင်ရေးသားထားသည့် အာရပ်စာလုံးများ ပါရှိသော အလံကိုလည်း ကော်ဖီဆိုင် ပြတင်းပေါက်မှတစ်ဆင့် ပြသခဲ့သည်။ ဩစတြေးလျ မီဒီယာများက အကြမ်းဖက်သမား၏ အမည်ကို မန်ဟိုရန်မိုနစ်ဟု ရေးသား ဖော်ပြခဲ့သည်။

မိုနစ်သည် ၁၉၉၆ ခုနှစ်က ဩစတြေးလျတွင် နိုင်ငံရေး ခိုလှုံခွင့် ရရှိထားသူဖြစ်ပြီး ယခင်က ပြစ်မှုမှတ်တမ်း ဟောင်း အချို့ ရှိခဲ့ရာ အာမခံဖြင့် လွတ်မြောက်နေသူ ဖြစ်သည်။

ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က ကော်ဖီဆိုင်တွင် ဖြစ်ပွားခဲ့သည့် ခြောက်ခြားစရာ ကိစ္စ အတွက် ဝမ်းနည်းမှုကို ဖော်ပြစရာ စကားလုံးပင် ရှာဖွေရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့လို လွတ်လပ်တဲ့၊ ပွင့်လင်းတဲ့၊ ရက်ရောတဲ့ နိုင်ငံမျိုးမှာတောင် နိုင်ငံရေးအရ လှုံ့ဆော် ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ရင် အားနည်းချက်တွေ ရှိနေသေးတယ် ဆိုတာကို ဒီဖြစ်ရပ်က လက်တွေ့ ပြလိုက်တာပါပဲ။ တစ်ဖက်မှာလည်း ဒါမျိုးတွေ ကြုံလာရင် ကျွန်တော်တို့ဟာ တုံ့ပြန်နိုင်စွမ်း ရှိတယ်ဆိုတာ ပြသလိုက်တာပါ”ဟု ဝန်ကြီးချုပ်က သတင်းထောက်များအား မှတ်ချက်ပြု ပြောဆို သွားသည်။

ဖြစ်ရပ်အတွင်း သေဆုံးသူများအတွက် ရည်စူးပြီး နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်တွင် ဝမ်းနည်းမှု အထိမ်း အမှတ်အဖြစ် နိုင်ငံအလံများကို တိုင်တစ်ဝက် လွှင့်ထူထားကြောင်း သိရသည်။

ဆေးရုံသို့ တင်ပို့စဉ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးကြောင်း နယူးဆောက်သ်ဝေးလ်စ် ရဲတပ် ဖွဲ့ က ကြေညာခဲ့ပြီး ဒဏ်ရာရသူများအနက် အမျိုးသမီး နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိသည့် အသေးစား ဒဏ်ရာများ ရခဲ့ကြောင်း၊ ရဲတစ်ဦးမှာ ပြောင်းတိုသေနတ် ကျည်ထိမှန်ပြီး အခြားအမျိုးသမီး တစ်ဦးမှာ ပခုံးတွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။

ကော်ဖီဆိုင်ကို ဝင်ရောက်စီးနင်းသည့် စစ်ဆင်ရေးကို တော်ဝင်ဩစတြေးလျ ကွန်မန်ဒို တပ်ဖွဲ့ဝင်များက တာဝန်ယူခဲ့ပြီး သေနတ်သမားနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်းလည်း သိရှိရသည်။

_Ref: BBC

No comments:

Post a Comment