Tuesday 16 December 2014

သရေခေတ္တရာ ရှေးဟောင်း အမွေအနှစ် ပန်းချီပြပွဲ ကျင်းပမည်

သရေခေတ္တရာ ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ် ပန်းချီပြပွဲကို ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ပထမဆုံး အကြိမ်ကျင်းပမည်ဟု စီစဉ်နေသည်ဟု ပန်းချီဆရာများက ပြောသည်။

“ကျွန်တော်တို့မြို့မှာရှိတဲ့ ရှေးဟောင်းအနုပညာတွေ ကမ္ဘာ့အလယ်မှာ သိသာထင်ရှားလာတာကို တတ်နိုင် တဲ့ အနုပညာနဲ့ ဖော်ကြူးလိုက်တဲ့ ပွဲတစ်ပွဲပါ” ဟု ပန်းချီဆရာ ကိုညီညီက ပြောသည်။

ပန်းချီပြပွဲကို ပြည်မြို့၊ ဘုရားကြီးဘုရား၊ ဒွတ္တ်ဘာင် ဓမ္မာရုံတွင် ဒီဇင်ဘာ ၁၈ ရက်မှ ၂၂ရက်အတွင်းငါးရက် တိုင်ပြုလုပ်ရန် စီစဉ်ထားသည်။

ခင်းကျင်းပြသထားသော ပန်းချီကားများကိုလည်း ဈေးနှုန်းသတ်မှတ်ကာ ရောင်းချပေးမည်ဟုလည်း ပြည်မြို့၊ ပန်းချီပန်းပုအသင်းအစည်းအရုံး ဥက္ကဋ္ဌ ဦးအောင်မြင့်စံက ပြောသည်။

ပြပွဲတွင် ပန်းချီဆရာ ၁၂ ဦး၏ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ပန်းချီ ကားတစ်ရာကျော်ကို ခင်းကျင်းပြသ သွားမည်ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment