Tuesday 16 December 2014

ပါကစ္စတန်ရှိစာသင်ကျောင်းအားပြန်ပေးဆွဲ၍ လူပေါင်း ၅၀၀ ခန့်အားဓားစာခံပြုလုပ်

Photo: ပါကစ္စတန်ရှိစာသင်ကျောင်းအားပြန်ပေးဆွဲ၍ လူပေါင်း ၅၀၀ ခန့်အားဓားစာခံပြုလုပ်
Tuesday, December 16, 2014

ပါကစ္စတန်နိုင်ငံ ပါရှဝါမြို.ရှိ စာသင်ကျောင်းတစ်ခုအား သေနတ်သမားများမှ ၀င်ရောက်ပြီး ကျောင်းသားကျောင်းသူများ နှင့်ဆရာဆရာမ ၅၀၀ ခန့်အား ယနေ့ အင်္ဂါနေ့မနက်တွင် ပြန်ပေးဆွဲဓားစာခံပြုလုပ်ထားကြောင်းသိရှိရသည်။

ထိုစာသင်ကျောင်းအား စစ်သားများမှဝန်းရံမှုပြုလုပ်သည်နှင့် စာသင်ကျောင်းထဲမှ သေနတ်သံများထွက်ပေါ်လာကြောင်း အခင်းဖြစ်ပွားရာနေရာရှိ ရိုက်တာသတင်းထောက်ကဆိုသည်။

သေနတ်ပစ်ခတ်မှုများကြောင့် ၁၄ နှစ်သားအရွယ် ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ရဲအရာရှိတစ်ဦးအားကိုးကား၍ အေအက်ဖ်ပီသတင်းတွင်ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုမှာ ပါကစ္စတန်စစ်တပ်က တာလီဘန်များနှင့် မြောက်ပိုင်းဝီဇာရီစတန်နယ်ရှိ စစ်သွေးကြွများအားနှိမ်နှင်းမှုများပြုလုပ်နေစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပြန်ပေးဆွဲသေနတ်သမားများမှာ ၆ ဦးဖြစ်ပြီး ၄င်းတို့မှာ အထူးလုပ်ကြံရေးသမားများနှင့် အသေခံတိုက်ခိုက်မည့်သူများဖြစ်ကြောင်း ပါကစ္စတန်အာဏာပိုင်တစ်ဦးကဆိုသည်။

ကိုးကား--RTE
The Yangon Globe
ပါကစ္စတန်နိုင်ငံ ပါရှဝါမြို.ရှိ စာသင်ကျောင်းတစ်ခုအား သေနတ်သမားများမှ ၀င်ရောက်ပြီး ကျောင်းသား ကျောင်းသူများ နှင့်ဆရာဆရာမ ၅၀၀ ခန့်အား ယနေ့ အင်္ဂါနေ့မနက်တွင် ပြန်ပေးဆွဲဓားစာခံပြုလုပ်ထား ကြောင်းသိရှိရသည်။

ထိုစာသင်ကျောင်းအား စစ်သားများမှဝန်းရံမှုပြုလုပ်သည်နှင့် စာသင်ကျောင်းထဲမှ သေနတ်သံများ ထွက်ပေါ် လာကြောင်း အခင်းဖြစ်ပွားရာနေရာရှိ ရိုက်တာသတင်းထောက်ကဆိုသည်။

သေနတ်ပစ်ခတ်မှုများကြောင့် ၁၄ နှစ်သားအရွယ် ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ရဲအရာရှိတစ်ဦးအားကိုးကား၍ အေအက်ဖ်ပီသတင်းတွင်ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုမှာ ပါကစ္စတန်စစ်တပ်က တာလီဘန်များနှင့် မြောက်ပိုင်းဝီဇာရီစတန်နယ်ရှိ စစ်သွေးကြွ များအားနှိမ်နှင်းမှုများပြုလုပ်နေစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပြန်ပေးဆွဲသေနတ်သမားများမှာ ၆ ဦးဖြစ်ပြီး ၄င်းတို့မှာ အထူးလုပ်ကြံရေးသမားများနှင့် အသေခံ တိုက်ခိုက်မည့် သူများဖြစ်ကြောင်း ပါကစ္စတန်အာဏာပိုင်တစ်ဦးကဆိုသည်။

ကိုးကား--RTE
The Yangon Globe

No comments:

Post a Comment