Tuesday 16 December 2014

ဆစ်ဒနီကကော်ဖီဆိုင် အနုကြမ်းဝင်စီးမှု လူသုံးဦးသေသည့် စစ်ဆင်ရေးဖြင့် ပြီးဆုံး

Photo: ဆစ်ဒနီကကော်ဖီဆိုင် အနုကြမ်းဝင်စီးမှု လူသုံးဦးသေသည့် စစ်ဆင်ရေးဖြင့် ပြီးဆုံး
Tuesday, December 16, 2014

ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်က ကော်ဖီဆိုင် အနုကြမ်းဝင်စီးတဲ့ ဖြစ်ရပ်ဟာ ၁၆ နာရီကြာချိန်မှပဲ သြစတေးလျ ကွန်မန်ဒိုတပ်ရဲ့ စစ်ဆင်ရေးနဲ့ ပြီးဆုံးသွား ပါတယ်။ အစက ငြိမ်းချမ်းစွာပဲ ဆွေးနွေး ညှိနှိုင်းသွားမယ်လို့ သြစတေးလျ အစိုးရဘက်မှ သတင်းထုတ်ပြန်ခဲ့ပြီး ယခုလို တိုက်စစ်ဆင်လိမ့်မယ်လို့ ထင်မထားတဲ့ အရေအတွက် အတော်များပါတယ်။ ဒါပေမယ့် ညသန်းခေါင် မှောင်ချိန် လျှပ်စစ်မီး အမှောင်ချပြီး မီးခိုးဗုံး ဝင်ကြဲလို့ စစ်ဆင်ရေးဆင်ခဲ့ ပါတယ်။

လက်နက်ကိုင်ထားတဲ့ အစ္စလာမစ် အကြမ်းဖမ်သမား တစ်ဦးနဲ့ ဓားစာခံ အရပ်သား ၂ ဦး သေဆုံးသွားပါတယ်။ သတင်းများကို လေ့လာစောင့်ကြည့်မိရ သလောက် ဆိုရင် သေနတ်သမား တစ်ဦးထဲကပဲ ၁၉ ဦးလောက်ရှိတဲ့ ကော်ဖီဆိုင်ကို ဝင်အနုကြမ်းစီးခဲ့ခြင်း ဖြစ်ပါ တယ်။ သေဆုံးသူ နှစ်ဦးက အသက် ၃၀ နဲ့ ၄၀ ကြားမှာ ရှိတဲ့ မိခင် တစ်ဦးနဲ့ ဆိုင်မန်နေဂျာ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီးက နှလုံးအမောဖောက်ပြီး သေဆုံးခဲ့တာပါ။ ဒဏ်ရာရသူ ၇ ဦး ဝန်းကျင် ရှိပြီး အချို့မှာ ခြေထောက်တွင် သေနတ်ဒဏ်ရာ ရခဲ့ပါတယ်။

ဒီအတွက် သြစတေးလျ ဝန်ကြီးရဲ့ ထုတ်ပြန်ပြောဆိုချက်က ရှင်းပါတယ်။ တိုင်းပြည်မှာ ဝင်ရောက်နေထိုင်ဖို့ နိုင်ငံရပ်ခြားသားများ အပေါ် စိတ်စေတနာကောင်း ထားပေမယ့် သူတို့မကောင်းကြဘူး။ ဒါကြောင့်မို့ နောင်ဆိုရင် တိုင်းပြည်လုံခြုံရေးနဲ့ ပက်သက်လို့ အမြင့်ဆုံး တင်းကြပ်သွားတော့မည် ဖြစ်ကြောင်း ဆိုပါတယ်။ ယခု သေဆုံးသွားတဲ့ သေနတ်သမားက အီရန်နိုင်ငံသား ဖြစ်ပါတယ်။ ဝင်ရောက်စီးနင်းတဲ့ တပ်ဖွဲ့မှလည်း ကွန်မန်ဒို တစ်ဦး သေနတ်ဒဏ်ရာ ရရှိထားပေမယ့် အသက်အန္တရယ် စိုးရိမ်စရာ မရှိကြောင်း သိရပါတယ်.။

Ref: USAtoday
အောင်ခမ်း (ရိုးရာလေး)
ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်က ကော်ဖီဆိုင် အနုကြမ်းဝင်စီးတဲ့ ဖြစ်ရပ်ဟာ ၁၆ နာရီကြာချိန်မှပဲ သြစတေးလျ ကွန်မန်ဒိုတပ်ရဲ့ စစ်ဆင်ရေးနဲ့ ပြီးဆုံးသွား ပါတယ်။ အစက ငြိမ်းချမ်းစွာပဲ ဆွေးနွေး ညှိနှိုင်းသွားမယ်လို့ သြစတေးလျ အစိုးရဘက်မှ သတင်းထုတ်ပြန်ခဲ့ပြီး ယခုလို တိုက်စစ်ဆင်လိမ့်မယ်လို့ ထင်မထားတဲ့ အရေအတွက် အတော်များပါတယ်။ ဒါပေမယ့် ညသန်းခေါင် မှောင်ချိန် လျှပ်စစ်မီး အမှောင်ချပြီး မီးခိုးဗုံး ဝင်ကြဲလို့ စစ်ဆင်ရေးဆင်ခဲ့ ပါတယ်။

လက်နက်ကိုင်ထားတဲ့ အစ္စလာမစ် အကြမ်းဖမ်သမား တစ်ဦးနဲ့ ဓားစာခံ အရပ်သား ၂ ဦး သေဆုံးသွား ပါတယ်။ သတင်းများကို လေ့လာစောင့်ကြည့်မိရ သလောက် ဆိုရင် သေနတ်သမား တစ်ဦးထဲကပဲ ၁၉ ဦးလောက်ရှိတဲ့ ကော်ဖီဆိုင်ကို ဝင်အနုကြမ်းစီးခဲ့ခြင်း ဖြစ်ပါ တယ်။ သေဆုံးသူ နှစ်ဦးက အသက် ၃၀ နဲ့ ၄၀ ကြားမှာ ရှိတဲ့ မိခင် တစ်ဦးနဲ့ ဆိုင်မန်နေဂျာ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီးက နှလုံးအမော ဖောက်ပြီး သေဆုံးခဲ့တာပါ။ ဒဏ်ရာရသူ ၇ ဦး ဝန်းကျင် ရှိပြီး အချို့မှာ ခြေထောက်တွင် သေနတ်ဒဏ်ရာ ရခဲ့ပါတယ်။

ဒီအတွက် သြစတေးလျ ဝန်ကြီးရဲ့ ထုတ်ပြန်ပြောဆိုချက်က ရှင်းပါတယ်။ တိုင်းပြည်မှာ ဝင်ရောက်နေထိုင်ဖို့ နိုင်ငံရပ်ခြားသားများ အပေါ် စိတ်စေတနာကောင်း ထားပေမယ့် သူတို့မကောင်းကြဘူး။ ဒါကြောင့်မို့ နောင်ဆိုရင် တိုင်းပြည်လုံခြုံရေးနဲ့ ပက်သက်လို့ အမြင့်ဆုံး တင်းကြပ်သွားတော့မည် ဖြစ်ကြောင်း ဆိုပါ တယ်။ ယခု သေဆုံးသွားတဲ့ သေနတ်သမားက အီရန်နိုင်ငံသား ဖြစ်ပါတယ်။ ဝင်ရောက်စီးနင်းတဲ့ တပ်ဖွဲ့မှ လည်း ကွန်မန်ဒို တစ်ဦး သေနတ်ဒဏ်ရာ ရရှိထားပေမယ့် အသက်အန္တရယ် စိုးရိမ်စရာ မရှိကြောင်း သိရပါ တယ်.။

Ref: USAtoday
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment