Tuesday 16 December 2014

ရန်ကုန်မြို့၏ မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများ ပြန်လည်သတ်မှတ်မည်

ရန်ကုန်မြို့ရှိ မြို့နယ်အလိုက် တစ်ပေပတ်လည် ဈေးနှုန်းများမှာ အချို့နေရာများ၌ အမှန်တကယ် ပေါက်ဈေးနှင့် ကွဲလွဲမှုများရှိနေသဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများအဖြစ် ပြန်လည်သတ်မှတ် သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့တွင် တစ်ပေပတ်လည်ဈေးနှုန်းသတ်မှတ်ရာ၌ လမ်းမကြီး များနှင့် အတွင်းဘက် ဈေးနှုန်းများကို တစ်ပြေးညီသတ်မှတ်ခဲ့ခြင်း၊ တန်ဖိုးဖြတ်သည့်အချိန်တွင် လက်ရှိ ပေါက်ဈေးနှင့် ကွဲလွဲမှုများရှိသည့်အတွက် လက်တွေ့တွင် အခက်အခဲများဖြစ်ပေါ်ခဲ့သည်။

“၂ဝ၁၃-၂ဝ၁၄ ခုနှစ်ကစပြီး စံနှုန်းတစ်မျိုးတည်းကို သတ်မှတ်လိုက်တော့ ဒါလည်းပဲ ရန်ကုန်မှာ ဖြစ်နေတာ ရှိပါတယ်။ လမ်းမကြီးစံနှုန်း တစ်ပေပတ်လည် လေးသိန်းဆိုပေမယ့် ဒီနေရာ၊ ဒီရပ်ကွက်ပဲ အတွင်းဘက်မှာ ဆိုရင်တော့ လေးသိန်းမရတော့ဘူး။ ဒါကြောင့်ပြီး ခဲ့တဲ့အပတ်ကပဲ ဒါကိုဆွေးနွေးခဲ့ကြပါတယ်။ အတွင်း ဘက် စံနှုန်းတွေကို လမ်းမကြီးစံနှုန်းနဲ့ သတ်မှတ်တဲ့အခါမှာ မမီဘူးပေါ့။ သူ့ရဲ့ သတ်မှတ်တဲ့စံနှုန်းက အဲဒီ စံနှုန်းကို မမီတဲ့အခါမှာကျတော့ အခွန်ဆောင်ဖို့ ခက်နေတယ်။ အဲဒီအခါကျတော့ ဒါတွေကိုဖြေရှင်း ဖို့ဆွေးနွေး ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း မြို့နယ်တွေဆိုရင် လမ်းမကြီးဆိုရင် ဘယ်လောက်၊ အတွင်းဘက်ရောက်သွားရင် ဘယ်လောက်နှုန်းဆိုတာကို သက်ဆိုင်ရာအလိုက် အကြံဉာဏ် တောင်းတာ တွေ ရောက်လာပါလိမ့်မယ်။

အတွင်းဘက်တွေမှာ ဘယ်လောက် ဖြစ်သင့်တယ်ဆိုတာ၊ မြိုနယ်အခွန်ဦးစီးဌာနမှူးနဲ့မြို့နယ်အလိုက် အိမ်ခြံမြေတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပါလိမ့်မယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့်အောင်က ပြောကြားသည်။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် တစ်ပေပတ်လည် ဈေးနှုန်း များအား ပြန်လည်ပြင်ဆင်ရာတွင် သက်ဆိုင်ရာမြို့နယ်များ၏ အချက်အလက်များကို အစိုးရမှအတည်ပြုပြီး မှသာ လုပ်ဆောင်နိုင်သည့်အတွက် လအနည်းငယ်ကြာနိုင်သည်ဟု သိရသည်။

၂ဝ၁၄-၂ဝ၁၅ ခုနှစ် တစ်ပေပတ်လည် စံနှုန်းများ၌ ဥပမာအားဖြင့် လှိုင်မြို့နယ်၊ ဓမ္မာရုံလမ်းအတွင်း တစ်ပေ ပတ်လည် တစ်သိန်းခွဲနှုန်း သတ်မှတ်ထားပြီး ပြည်လမ်းနှင့် နီးသည့်ဘက်တွင် အဆင်ပြေ သော်လည်း အင်းစိန် လမ်းဘက်ခြမ်းတွင် မူရင်းပေါက်ဈေးထက် များနေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ အသင်းမှ ဒုတိယဥက္ကဠ (၁) ဦးသန်းဦးက ပြောကြားသည်။ 

Eleven Media Group

No comments:

Post a Comment