Tuesday 16 December 2014

တစ်နိုင်ငံလုံးအပစ်ရပ် ဆွေးနွေးပွဲများ ယခုနှစ်အတွင်း မဖြစ်နိုင်တော့ဟုဆို

အောက်တိုဘာအတွင်း ပြန်လည်တွေ့ဆုံရန် မူလကသဘောတူထားသည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲများ ၂၀၁၄ အတွင်း မဖြစ်နိုင်တော့ ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလနှောင်ပိုင်းက ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲ ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၏ ဆဋ္ဌမအကြိမ် ဆွေးနွေးပွဲအပြီးတွင် အောက်တိုဘာအတွင်း ပြန်လည် တွေ့ဆုံရန် သဘောတူညီ ထားခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၅ ရက်က UPWCအလုပ်အဖွဲ့နှင့် NCCT တို့ ချင်း မိုင်မြို့တွင် တွေ့ဆုံခဲ့ရာတွင် လည်း သတ္တမ အကြိမ်တရားဝင် ဆွေးနွေးပွဲအတွက်ရက်သတ်မှတ် နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ သို့သော် သတ္တမအကြိမ် ဆွေးနွေး ပွဲဖြစ် မြောက်နိုင်ရန် NCCT ကိုယ်စား လှယ်အချို့ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) မတိုင်မီ ရန်ကုန် မြို့သို့ လာရောက်၍ UPWC နှင့် ညှိနှိုင်းမည်ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

‘‘ဒီနေ့(ဒီဇင်ဘာ ၁၅) မှာ အချက်နည်းနည်း ညှိနှိုင်းနိုင် တယ်။ သတ္တမအကြိမ်ဆွေးနွေးပွဲ လုပ်ဖို့ကတော့ ဆုံးဖြတ်ချက်မကျ ဘူး။ NCCT က ညှိနှိုင်းဖို့ အဖွဲ့ တစ်ဖွဲ့ရန်ကုန်သွားဖို့ရှိတယ်’’ဟု ၎င်းကဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန် လည်ထူထောင်ရေးဗဟိုဌာန အကြီးတန်းအကြံပေးဦးလှမောင် ရွှေက သတ္တမအကြိမ် တရားဝင် ဆွေးနွေးပွဲဖြစ်မြောက်ရန် NCCT ကိုယ်စားလှယ်များနှင့် UPWC တို့ ဒီဇင်ဘာ ၂၀ ရက်ကျော်တွင် ရန် ကုန်မြို့၌ ညှိနှိုင်းမည်ဟု ပြော သည်။

‘‘အဓိကက သူတို့ကလည်း ဆွေးနွေးပွဲဆက်လုပ်ချင်တယ်။ ရန်ကုန်မှာ ဒီဇင်ဘာ ၂၅ ရက် မတိုင်မီ လုပ်ငန်း ညှိနှိုင်းပွဲအနေနဲ့ လာဆွေးနွေးမှာပါ’’ ဟု ဦးလှ မောင်ရွှေကဆိုသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးနိုင်ရန်မှာမူ ၂၀၁၄ အတွင်း မဖြစ် နိုင်တော့ ကြောင်း NCCT က ပြောသည်။

‘‘နိုင်ငံရေး၊ စစ်ရေး၊ မိုးလေ ၀သတွေကပြောင်းကုန်ပြီ။ ဆက် ညှိနှိုင်းရင်းနဲ့ ၂၀၁၄ က နိဂုံးချုပ် သွားဖို့ ရှိတယ်’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက်ပြော ကြားသည်။

UPWC နှင့် NCCT တို့ ယခင်နှစ် နိုဝင်ဘာမှစ၍ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ချုပ်ဆိုနိုင်ရန် အလွတ် သဘော အပါအ၀င်(၁၀) ကြိမ် အထက်တွေ့ဆုံဆွေးနွေးခဲ့ ပြီးဖြစ်သည်။

7Day DAILY 

No comments:

Post a Comment