Tuesday 16 December 2014

အင်းစိန်ဖော့ကန်ဘူတာ အနီးတွင် သာရဝေါရထားကြိတ်ခံရသည် ဟုဆိုကာ သေဆုံးသွားသည့် အင်းစိန်ရွာမ ဆရာတော်ကြီး ဒကာရင်းဖြစ်သူ၏ သေမှု သေခင်းကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပါဝင်သော ပူးပေါင်းအဖွဲ့က မဘသ ဆရာတော်ကြီးများ၏တောင်းဆိုမှုကြောင့် ပြန်လည်စစ်ဆေးနေ

အင်းစိန် ဖော့ကန်ဘူတာအနီးတွင် သာရဝေါ ရထားကြိတ်ခံရသည်ဟုဆိုကာ သေ ဆုံးသွားသည့် အင်းစိန် ရွာမ ဆရာ တော်ကြီး၏ ဒကာရင်းဖြစ်သူ၏ သေမှုသေခင်းကိုမြို့နယ်၊ခရိုင်၊ တိုင်း ပါဝင်သော ပူးပေါင်း အဖွဲ့က မဘသ ဆရာတော်ကြီးများ၏ တောင်း ဆိုမှုကြောင့် ပြန်လည်စစ်ဆေးနေ ပြီဖြစ်ကြောင်း အင်းစိန်မြို့မ ရဲစခန်း မှ စခန်းမှူးဦးမျိုးမြင့်ကြိုင်က ပြော သည်။

ဦးမျိုးမြင့်ကြိုင်က ''ဆရာ တော်ကြီးတွေရဲ့ တောင်းဆိုမှုကြောင့် ခွင့်ပြုချက်တွေနဲ့ အလောင်းကို ထိန်ပင် ကနေ ပြန်သယ်လာတယ်။ပြီးတော့မြို့နယ်၊ ခရိုင်အဖွဲ့တွေ နဲ့ဆရာဝန်ကြီးတွေ ပါဝင်တဲ့ အထူး အဖွဲ့ဖွဲ့ပြီး စစ်ဆေး နေတယ်။ လတ် တလောတော့ စစ်ဆေးနေဆဲပါပဲ။ ရထားစက်ခေါင်းမောင်းတဲ့ သူရော၊ ခရီးသွားပြည်သူတွေကိုပါ စစ်ပြီး သွားပြီ။ သူတို့ကတော့ရထားတိုက် တယ်ဆိုပြီး ထွက်ဆိုကြတယ်။ ဒါပေမဲ့ ဆရာတော်ကြီးတွေရဲ့ တောင်းဆိုမှုတွေကြောင့် ရဲတပ်ဖွဲ့ ကနေဒီအမှုကိုအစကနေ ပြန်လည် စစ်ဆေး ရတာပါ''ဟု ပြောသည်။

ဒီဇင်ဘာ ၁၂ရက်က ရထား ကြိတ်ခံရ၍သေဆုံးသွားသူမှာ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက် မှ ဆရာတော်ကြီးဘဒ္ဒန္တတိလော ကဝံသ(မဘသ) ဗဟိုဥက္ကဋ္ဌ၏ တပည့်ရင်း ကပ္ပိယတစ်ဦးလည်း ဖြစ်၊ ပင်တိုင်ယာဉ်မောင်းတစ်ဦး လည်းဖြစ်သူ ဦးစိုးမြင့်ဖြစ်ကြောင်း၊ ၄င်းသည် ဒီဇင်ဘာ၁၂ရက် ညက သာရဝေါရထား အကြိတ်ခံရ၍ သေ ဆုံးသွားခဲ့ပြီးသေဆုံးသူ၏ ခန္ဓာ ကိုယ်ပေါ်တွင် မည်သည့်အဝတ် အစားမှ မရှိဘဲ ခြေထောက်၊ လက် နှင့် ဦးခေါင်းတို့တွင် ပြတ်ရှဒဏ်ရာ များ ပြင်းထန်စွာရရှိပြီး သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ အင်းစိန် ရွာမဆရာတော်ကြီးက ''ဦးဇင်း ရဲ့ကပ္ပိယသေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယ ဖြစ်စရာ အချက်တွေ တွေ့ရ တယ်။ အဝတ်မပါတဲ့ ကိုယ်တုံးလုံး ပုံစံနဲ့ အပိုင်းအပြတ်ဒဏ်ရာတွေရပြီး သေနေတာဆိုတော့ ရထားကြိတ် ခံရရင်တောင် အဝတ်တွေ စုတ်ပြဲ နေမယ်။ ခန္ဓာကိုယ်မှာ အဝတ်တစ် ပိုင်းတစ်စလောက်တော့ ကပ်နေရ မှာပေါ့။ သံသယဖြစ်စရာအချက် တွေရှိတယ်။ ဒါကြောင့် သက်ဆိုင် ရာအာဏာပိုင်တွေကို အကူအညီ တောင်းခံပြီး အလောင်းကို ပြန် သယ်ပြီး ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုတာပါ။ သူ အပြင်ထွက် သွားတဲ့နေ့က သူ့မိတ်ဆွေတစ် ယောက် ကားနဲ့လာခေါ်တယ်။ ပြီး တော့ သူခါတိုင်းလုပ်နေကျ အလုပ် ဖြစ်တဲ့ ရေမောင်းပြီးတော့မှ ထွက် သွားတာ။ နည်းနည်းကြာလာတော့ ကျောင်းကလူတွေက သူ့ဖုန်းကို ဆက်တော့ မကိုင်ဘူး။ အဲဒီမှာ စပြီးစုံစမ်းတော့မှ ရထားကြိတ်ပြီး သေမှန်းသိရတာ''ဟုမိန့်ကြားသည်။

ဒီဇင်ဘာ ၁၄ရက် နံနက် ၁ဝနာရီတွင် အင်းစိန်ရေခဲတိုက်မှ ဦးစိုးမြင့်၏ အလောင်းကို ထုတ်ပြီး ထိန်ပင်သုသာန်သို့ မီးသင်္ဂြိုဟ်ရန် ယူဆောင်သွားခဲ့ပြီး မီးသင်္ဂြိုဟ်ရန် ၂မိနစ်ခန့်အလိုတွင် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှ သံဃာတော် တချို့နှင့်ဦးစိုးမြင့်၏ အရင်းနှီးဆုံး မိသားစုဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့လိုက်ပါလာပြီး အ လောင်းအား အင်းစိန်ဆေးရုံ ရေခဲ တိုက်သို့ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ သေဆုံး သူ၏မိသားစုဝင်များထဲမှ တစ်ဦး ဖြစ်သည့်ကိုရန်အောင်က ''တကယ် တမ်းဆိုရင် ထိန်ပင်သုသာန်မှာ နေ့ လည်နှစ်နာရီထိုးရင် မီးသင်္ဂြိုဟ် ရမှာ။ မသင်္ဂြိုဟ်ခင်နှစ်မိနစ်လောက် အလိုမှာ ကန့်ကွက်လိုက်လို့ မီး သင်္ဂြိုဟ်ဖို့ ပျက်သွားတယ်။ အစ တုန်းကလဲ ကျွန်တော်တို့ မိသားစု ဝင်တွေက ဦးမောင်သေရတာ ရိုးရိုးတန်းတန်းတော့ လုံးဝမဖြစ်နိုင် ဘူးလို့ သံသယတွေရှိနေခဲ့တာ။ လုပ်ကြံ ခံရတာ ဖြစ်နိုင်တယ်ဆိုပြီး ယူဆနေကြတာပါ။ အခုတော့ အဖွဲ့ ဖွဲ့စစ်မယ်ဆိုတော့ ကောင်းတာပေါ့။ ရှင်းရှင်း လင်းလင်း သိသွားရတာ ပေါ့။ ဒီဇင်ဘာ ၁၅ရက် မနက် စောစောပဲ ထိန်ပင်သုသာန်က တာဝန် ရှိသူတစ်ယောက်က ဖုန်း ဆက်ပြီး ဒီနေ့ သင်္ဂြိုဟ်ဖြစ်လား ဆိုပြီး မေးတယ်။ သေဆုံးမှုနဲ့ပတ် သက်ပြီး တိကျ သေချာတဲ့ အဖြေမရ မချင်း မီးသင်္ဂြိုဟ်ဖို့ ဆိုင်းငံ့ထား ပါတယ်လို့ ပြန်ပြောလိုက်တယ်''ဟု ပြောသည်။

SMO,KMZ
Democracy Today 

No comments:

Post a Comment