Tuesday 16 December 2014

နိုင်ငံရေးပါတီများ ခန်းမများတွင် မဲဆွယ်ဟောပြောနိုင်ပြီ

Photo: နိုင်ငံရေးပါတီများ ခန်းမများတွင် မဲဆွယ်ဟောပြောနိုင်ပြီ
Tuesday, December 16, 2014

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများ ပြင်ပခန်းမများ တွင် ဥပ ဒေနှင့် အညီ မဲဆွယ်စည်းရုံးဟောပြောမှုများ ပြုလုပ်နိုင်ပြီ ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။

ရွေးကောက်ပွဲကျင်းပသည့် ရက်မတိုင်မီ မဲဆွယ်စည်းရုံးရန် ရက်ပေါင်းခြောက်ဆယ် သတ် မှတ်ပေးထားသော်လည်း ယင်း ရက်ပေါင်း ခြောက်ဆယ်မတိုင်မီ လက်ရှိအချိန်တွင် ပါတီများအ နေဖြင့် ပြင်ပခန်းမများ၌ မဲဆွယ် စည်းရုံးဟောပြောမှုများကို ဥပဒေ နှင့်အညီ ပြုလုပ်နိုင်ပြီဟု ပြည် ထောင်စု ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြော သည်။

‘‘ရက်ပေါင်း ခြောက်ဆယ် မဟုတ်ပါဘူး။ အခုကတည်းက စည်းရုံးပါလို့ ပြောလိုက်တယ်။ ခန်းမထဲမှာ စည်းရုံးလို့ ရပါတယ်။ ဒါအခုမှ ပြောတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လေးနှစ်လောက်က တည်းက၊ ၂၀၁၁ ဇူလိုင်လ ၂၁ ရက်လောက်ကတည်းက စည်းရုံး ရေးကို ခင်ဗျားတို့ ကပ်မှ မလုပ်ပါ နဲ့ အခုကတည်းက လုပ်ပါ၊ အခု ကတည်းက လူထုကိုစည်းရုံး၊

လူထုကို ယုံကြည်အောင်လုပ်၊ ဒေသဖွံ့ဖြိုးရေးလုပ် ဒါမှလူထုက ယုံကြည် အားကိုးမယ်။ ဒါမှသာလျှင် ရွေးကောက်ပွဲကျရင် နိုင်မယ်ပြော လိုက်တယ်’’ ဟု ဦးတင်အေးက ပြောသည်။

ပါတီများ စည်းရုံးခြင်းနှင့် ပတ်သက်၍ ညွှန်ကြားချက်ရှိ ကြောင်း၊ ပါတီရုံးအတွင်း စည်းရုံး ဟောပြောသည့်အခါမျိုးတွင် ကော်မရှင်ကို အသိပေးပြောကြားပြီး ဟောပြောစည်းရုံးနိုင်ကာ ပြင်ပ ခန်းမသို့ သွားရောက်ဟောပြော မည်ဆိုပါက သက်ဆိုင်ရာ အာ ဏာပိုင်ထံ တင်ပြကာ ခွင့်ပြုချက် တောင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာခန်းမပိုင်ရှင်၏ သဘောတူညီချက် ယူရမည်ဟု ၎င်းက ပြော သည်။

ပြင်ပခန်းမများသို့ သွား ရောက် မဲဆွယ်စည်းရုံးဟောပြော ခြင်းပြုလုပ်ပါက ငြိမ်းချမ်းစွာစု ဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေနှင့်အညီ ဆောင် ရွက်ရမည်ဟု ဦးတင် အေးက မီဒီယာများအားပြောသည်။

ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်၌ ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများတွေ့ဆုံပွဲအပြီး မီဒီယာများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၆၀ ကို မဲဆွယ်စည်းရုံးရေး ကာလအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသည်။

ယင်းရက်ပေါင်းခြောက်ဆယ်အတွင်း ရွေးကောက်ပွဲ ၀င် ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စား လှယ်လောင်းများအနေဖြင့် လူထု အား ထိတွေ့မဲဆွယ်စည်းရုံးခြင်း ကို ပြုလုပ်ရခြင်းဖြစ်ကာ ယင်းမဲ ဆွယ်စည်းရုံးခြင်းကာလမတိုင်မီ ပါတီများအနေဖြင့် မိမိတို့ပါတီ၏ မူဝါဒပိုင်းဆိုင်ရာကို ရှင်းပြခြင်းနှင့်မည်သည့်ပုဂ္ဂိုလ်များကို ကိုယ်စား လှယ်လောင်းအဖြစ် ရွေးချယ်မည်စသည့် မူဝါဒပိုင်းဆိုင်ရာ ရှင်းလင်းပွဲများကို လုပ်ဆောင်ရ ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

ယင်းသို့ ပါတီ၏ မူဝါဒပိုင်း ဆိုင်ရာ ရှင်းလင်းပွဲများကို ပြင်ပ ခန်းမတွင် ပြုလုပ်မည်ဆိုပါက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေနှင့် အညီ ဆောင်ရွက်နေရကြောင်း၊ ယင်းဥပဒေအရ ဟောပြောမည့် နေရာ၊ ပါဝင်မည့် လူဦးရေ၊ ဟောပြောမည့် အကြောင်းအရာနှင့် လူ ပုဂ္ဂိုလ်တို့ကို အုပ်ချုပ်ရေးပိုင်းထံ တင်ပြကာ ခွင့်ပြုချက်တောင်းခံ ပြီး လုပ်ဆောင်နေရခြင်းဖြစ်သည် ဟု ဒေါက်တာ အေးမောင်က ပြောသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့်နှစ် အောက်တိုဘာအကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ထားသည်။

7Day DAILY

ဒီချုပ်ပါတီရုံးရှေ့ ကြားဖြတ်ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် တွေ့ရသည့် ထောက်ခံသူများ (ဓာတ်ပုံ − အီးပီအေ)
ဒီချုပ်ပါတီရုံးရှေ့ ကြားဖြတ်ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် တွေ့ရသည့် ထောက်ခံ သူများ (ဓာတ်ပုံ − အီးပီအေ)
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ ပြင်ပခန်းမများတွင် ဥပဒေနှင့် အညီ မဲဆွယ် စည်းရုံးဟောပြောမှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားလိုက်သည်။

ရွေးကောက်ပွဲကျင်းပသည့် ရက်မတိုင်မီ မဲဆွယ်စည်းရုံးရန် ရက်ပေါင်းခြောက်ဆယ် သတ်မှတ်ပေးထား သော်လည်း ယင်း ရက်ပေါင်း ခြောက်ဆယ်မတိုင်မီ လက်ရှိအချိန်တွင် ပါတီများအ နေဖြင့် ပြင်ပခန်းမများ၌ မဲဆွယ် စည်းရုံးဟောပြောမှုများကို ဥပဒေနှင့်အညီ ပြုလုပ်နိုင်ပြီဟု ပြည် ထောင်စု ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြော သည်။

‘‘ရက်ပေါင်း ခြောက်ဆယ် မဟုတ်ပါဘူး။ အခုကတည်းက စည်းရုံးပါလို့ ပြောလိုက်တယ်။ ခန်းမထဲမှာ စည်းရုံးလို့ ရပါတယ်။ ဒါအခုမှ ပြောတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လေးနှစ်လောက်က တည်းက၊ ၂၀၁၁ ဇူလိုင်လ ၂၁ ရက်လောက်ကတည်းက စည်းရုံးရေးကို ခင်ဗျားတို့ ကပ်မှ မလုပ်ပါ နဲ့ အခုကတည်းက လုပ်ပါ၊ အခု ကတည်းက လူထုကိုစည်းရုံး၊

လူထုကို ယုံကြည်အောင်လုပ်၊ ဒေသဖွံ့ဖြိုးရေးလုပ် ဒါမှလူထုက ယုံကြည် အားကိုးမယ်။ ဒါမှသာလျှင် ရွေး ကောက်ပွဲကျရင် နိုင်မယ်ပြော လိုက်တယ်’’ ဟု ဦးတင်အေးက ပြောသည်။

ပါတီများ စည်းရုံးခြင်းနှင့် ပတ်သက်၍ ညွှန်ကြားချက်ရှိ ကြောင်း၊ ပါတီရုံးအတွင်း စည်းရုံး ဟောပြောသည့် အခါမျိုးတွင် ကော်မရှင်ကို အသိပေးပြောကြားပြီး ဟောပြောစည်းရုံးနိုင်ကာ ပြင်ပ ခန်းမသို့ သွားရောက် ဟောပြောမည်ဆိုပါက သက်ဆိုင်ရာ အာဏာပိုင်ထံ တင်ပြကာခွင့်ပြုချက် တောင်းရမည်ဖြစ်ပြီး သက်ဆိုင် ရာ ခန်းမပိုင်ရှင်၏ သဘောတူညီချက် ယူရမည်ဟု ၎င်းက ပြော သည်။

ပြင်ပခန်းမများသို့ သွား ရောက် မဲဆွယ်စည်းရုံးဟောပြော ခြင်းပြုလုပ်ပါက ငြိမ်းချမ်းစွာစု ဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေနှင့်အညီ ဆောင် ရွက်ရမည်ဟု ဦးတင်အေးက မီဒီယာများအား ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်၌ ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေး ပါတီများတွေ့ဆုံပွဲအပြီး မီဒီယာများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၆၀ ကို မဲဆွယ် စည်းရုံးရေး ကာလအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသည်။

ယင်းရက်ပေါင်းခြောက်ဆယ်အတွင်း ရွေးကောက်ပွဲ ၀င် ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စား လှယ်လောင်း များအနေဖြင့် လူထုအား ထိတွေ့မဲဆွယ်စည်းရုံးခြင်း ကို ပြုလုပ်ရခြင်းဖြစ်ကာ ယင်းမဲ ဆွယ်စည်းရုံးခြင်း ကာလမတိုင်မီ ပါတီများအနေဖြင့် မိမိတို့ပါတီ၏ မူဝါဒပိုင်းဆိုင်ရာကို ရှင်းပြခြင်းနှင့်မည်သည့်ပုဂ္ဂိုလ်များကို ကိုယ်စား လှယ်လောင်းအဖြစ် ရွေးချယ်မည်စသည့် မူဝါဒပိုင်းဆိုင်ရာ ရှင်းလင်းပွဲများကို လုပ်ဆောင်ရ ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

ယင်းသို့ ပါတီ၏ မူဝါဒပိုင်း ဆိုင်ရာ ရှင်းလင်းပွဲများကို ပြင်ပခန်းမတွင် ပြုလုပ်မည်ဆိုပါက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်နေရကြောင်း၊ ယင်းဥပဒေအရ ဟော ပြောမည့် နေရာ၊ ပါဝင်မည့် လူဦးရေ၊ ဟောပြောမည့် အကြောင်းအရာနှင့် လူပုဂ္ဂိုလ်တို့ကို အုပ်ချုပ်ရေး ပိုင်းထံ တင်ပြကာ ခွင့်ပြုချက်တောင်းခံ ပြီး လုပ်ဆောင်နေရခြင်းဖြစ်သည် ဟု ဒေါက်တာ အေးမောင်က ပြောသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့်နှစ် အောက်တိုဘာအကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပ သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ထားသည်။

7Day DAILY

No comments:

Post a Comment