Tuesday 16 December 2014

သေဒဏ် အပေးခံရတဲ့ တရုတ် ဆယ်ကျော်သက် အပြစ်ကင်း

Photo: သေဒဏ် အပေးခံရတဲ့ တရုတ် ဆယ်ကျော်သက် အပြစ်ကင်း

တရုတ်နိုင်ငံမှာ ရှားရှားပါးပါး ကိစ္စအဖြစ် လွန်ခဲ့တဲ့ ၁၈ နှစ်က အဓမ္မမှု၊ လူသတ်မှု တွေနဲ့ သေဒဏ်ပေး ကွပ်မျက်ခံခဲ့ရတဲ့ ဆယ်ကျော်သက် လူငယ် တစ်ဦးရဲ့ အမှုကို တရားရုံးက ပယ်ဖျက်လိုက်ပါတယ်။

Huugjilt ဆိုတဲ့ အဲဒီ လူငယ်ဟာ ကွပ်မျက်ခံရချိန် လွန်ခဲ့တဲ့ ၁၈ နှစ်က သူ့ အသက် ၁၈ နှစ်သာ ရှိပါသေး တယ်။

အသက် ၁၈နှစ် အရွယ် တရုတ်လူမျိုး ဟူးလ်ဂျစ် ဟာ တရားခံအစစ် မဟုတ်ဘူးလို့ တရုတ်လက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြောက်ပိုင်း မွန်ဂိုလီးယားအဆင့်မြင့် တရားရုံုးက ဒီဇင်ဘာလ ၁၅ ရက်မှာ ဝန်ခံ လိုက်ပါတယ်။

၁၉၉၆ ခုနှစ် April လမှာ ဟူးလ်ဂျစ် ကို အများသုံးသန့်စင်ခန်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှုနဲ့ လူ သတ်မှုတွေမှာ ပါဝင်ပတ်သတ်မှုရှိနေတယ်ဆိုပြီး ရုံးတင်စစ်ဆေးခဲ့ပါတယ်၊ ဟူးလ်ဂျစ်က သူ့မှာ အပြစ်မ ရှိကြောင်း အမျိုးသမီးရဲ့ငိုသံကိုကြားရလို့ သွားရောက်ကယ်တင်ဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း ဖြောင့်ချက်
ပေးခဲ့ပေမယ့်လည်း မြောက်ပိုင်းမွန်ရိုလီးယားမြို့တော်တရားရုံးက အမှုစစ်ပြီး နှစ်လအကြာမှာ သူ့ကိုသေ ဒဏ်စီရင်လိုက်ပါတယ်။

ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာတော့ တရားခံအစစ်က ပေါ်ထွက်လာခဲ့ပါတော့တယ်။

၂၀၀၅ခုနှစ်မှာ အဓမ္မမှုတွေကို ဆက်တိုက်ကျုးလွန်မှုနဲ့ဖမ်းဆီးခံခဲ့ရတဲ့ ကြိုင်ကျိဟုန် က ၁၉၉၆ခုနှစ်က အများသုံး အိမ်သာမှာ ဖြစ်ခဲ့တဲ့ အမှုမှာ တကယ့်တရားခံက သူဖြစ်တယ်လို့ ၀န်ခံသွားပါတယ်။

ဟူးလ်ဂျစ် ကိုစစ်ခဲ့တုံးက သူ့ရဲ့ထွက်ချက်တွေက သေမှုသေခင်း ဆိုင်ရာ စစ်ဆေးချက်တွေနဲ့ ကိုက်ညီမှုမ ရှိပါဘူး။ ဒါ့အပြင် သက်သေတွေလဲလုံလုံလောက်လောက်မရှိတဲ့ကြားကပဲ သူ့ကိုတရားရုံးက သေဒဏ်ပေး လိုက်ပါတယ်။

တနင်္လာနေ့မှာ ဟူးလ်ဂျစ်မှာ အပြစ်မရှိကြောင့်း တရားရုံးချုပ်က ထုတ်ပြန်လိုက်ပြီး နောက် မျက်ရည်မ ဆယ်နိုင်ဖြစ်နေတဲ့ ဟူးလ်ဂျစ် ရဲ့ မိဘတွေကို တရားသူကြီးက ဥင်္ီးညွှတ် ဝန်ချတောင်းပန်လိုက်ပါတယ်။ တရားရုံးက စာနာမှုကိုပြတဲ့အနေနဲ့ မိဘတွေကို လျော်ကြေးငွေ ယွမ် သုံးသောင်း (အမေရိကန်ဒေါ်လာ ၄၈၅၀) ကိုပေးပါတယ်။

ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ တရုတ်တရားရုံးတွေဟာ မနှစ်ကဆိုရင် လူပေါင်း ၂၄၀၀ နီးပါးသေဒဏ်စီရင်ခဲ့ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးမှာ သေဒဏ်ပေးခံရတဲ့ အမှုစုစုပေါင်းထက် တောင် များသေးတယ်လို့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအဖွဲ့ကပြောပါတယ်။

တရုတ်ပြည်မှာ ရဲက ညှင်းပန်းနှိပ်စက်ပြီး အတင်းအကြပ်ဝန်ခံခိုင်းတဲ့အမှုတွေ မကြာခနတွေ့ရှိရတယ်လို့ လည်း သူတို့ကပြောပါတယ်။

ဟူးလ်ဂျစ် အမှုဟာ ရာဇဝတ်မှု တိုက်ဖျက်ရေး စစ်ဆင် လှုပ်ရှားမှု တစ်ခု လုပ်ခဲ့စဉ် ကာလမှာ ပေါ်ပေါက် ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က အမှု အမြန် ပေါ်ပေါက်ဖို့ ဖိအားပေး ခံခဲ့ရတယ်လို့ စုံစမ်း စစ်ဆေးသူတွေက ထုတ်ဖော် ဝန်ခံထားပါတယ်။

BBC
တရုတ်နိုင်ငံမှာ ရှားရှားပါးပါး ကိစ္စအဖြစ် လွန်ခဲ့တဲ့ ၁၈ နှစ်က အဓမ္မမှု၊ လူသတ်မှု တွေနဲ့ သေဒဏ်ပေး ကွပ်မျက်ခံခဲ့ရတဲ့ ဆယ်ကျော်သက် လူငယ် တစ်ဦးရဲ့ အမှုကို တရားရုံးက ပယ်ဖျက်လိုက်ပါတယ်။
Huugjilt ဆိုတဲ့ အဲဒီ လူငယ်ဟာ ကွပ်မျက်ခံရချိန် လွန်ခဲ့တဲ့ ၁၈ နှစ်က သူ့ အသက် ၁၈ နှစ်သာ ရှိပါသေး တယ်။

အသက် ၁၈နှစ် အရွယ် တရုတ်လူမျိုး ဟူးလ်ဂျစ် ဟာ တရားခံအစစ် မဟုတ်ဘူးလို့ တရုတ်လက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြောက်ပိုင်း မွန်ဂိုလီးယားအဆင့်မြင့် တရားရုံုးက ဒီဇင်ဘာလ ၁၅ ရက်မှာ ဝန်ခံ လိုက်ပါတယ်။

၁၉၉၆ ခုနှစ် April လမှာ ဟူးလ်ဂျစ် ကို အများသုံးသန့်စင်ခန်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှုနဲ့ လူ သတ်မှုတွေမှာ ပါဝင်ပတ်သတ်မှုရှိနေတယ်ဆိုပြီး ရုံးတင်စစ်ဆေးခဲ့ပါတယ်၊ ဟူးလ်ဂျစ်က သူ့မှာ အပြစ်မ ရှိကြောင်း အမျိုးသမီးရဲ့ငိုသံကိုကြားရလို့ သွားရောက်ကယ်တင်ဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း ဖြောင့်ချက်
ပေးခဲ့ပေမယ့်လည်း မြောက်ပိုင်းမွန်ရိုလီးယားမြို့တော်တရားရုံးက အမှုစစ်ပြီး နှစ်လအကြာမှာ သူ့ကိုသေ ဒဏ်စီရင်လိုက်ပါတယ်။

ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာတော့ တရားခံအစစ်က ပေါ်ထွက်လာခဲ့ပါတော့တယ်။

၂၀၀၅ခုနှစ်မှာ အဓမ္မမှုတွေကို ဆက်တိုက်ကျုးလွန်မှုနဲ့ဖမ်းဆီးခံခဲ့ရတဲ့ ကြိုင်ကျိဟုန် က ၁၉၉၆ခုနှစ်က အများသုံး အိမ်သာမှာ ဖြစ်ခဲ့တဲ့ အမှုမှာ တကယ့်တရားခံက သူဖြစ်တယ်လို့ ၀န်ခံသွားပါတယ်။

ဟူးလ်ဂျစ် ကိုစစ်ခဲ့တုံးက သူ့ရဲ့ထွက်ချက်တွေက သေမှုသေခင်း ဆိုင်ရာ စစ်ဆေးချက်တွေနဲ့ ကိုက်ညီမှုမ ရှိပါဘူး။ ဒါ့အပြင် သက်သေတွေလဲလုံလုံလောက်လောက်မရှိတဲ့ကြားကပဲ သူ့ကိုတရားရုံးက သေဒဏ်ပေး လိုက်ပါတယ်။

တနင်္လာနေ့မှာ ဟူးလ်ဂျစ်မှာ အပြစ်မရှိကြောင့်း တရားရုံးချုပ်က ထုတ်ပြန်လိုက်ပြီး နောက် မျက်ရည်မ ဆယ်နိုင်ဖြစ်နေတဲ့ ဟူးလ်ဂျစ် ရဲ့ မိဘတွေကို တရားသူကြီးက ဥင်္ီးညွှတ် ဝန်ချတောင်းပန်လိုက်ပါတယ်။ တရားရုံးက စာနာမှုကိုပြတဲ့အနေနဲ့ မိဘတွေကို လျော်ကြေးငွေ ယွမ် သုံးသောင်း (အမေရိကန်ဒေါ်လာ ၄၈၅၀) ကိုပေးပါတယ်။

ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ တရုတ်တရားရုံးတွေဟာ မနှစ်ကဆိုရင် လူပေါင်း ၂၄၀၀ နီးပါးသေဒဏ်စီရင်ခဲ့ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးမှာ သေဒဏ်ပေးခံရတဲ့ အမှုစုစုပေါင်းထက် တောင် များသေးတယ်လို့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအဖွဲ့ကပြောပါတယ်

တရုတ်ပြည်မှာ ရဲက ညှင်းပန်းနှိပ်စက်ပြီး အတင်းအကြပ်ဝန်ခံခိုင်းတဲ့အမှုတွေ မကြာခနတွေ့ရှိရတယ်လို့ လည်း သူတို့ကပြောပါတယ်။

ဟူးလ်ဂျစ် အမှုဟာ ရာဇဝတ်မှု တိုက်ဖျက်ရေး စစ်ဆင် လှုပ်ရှားမှု တစ်ခု လုပ်ခဲ့စဉ် ကာလမှာ ပေါ်ပေါက် ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က အမှု အမြန် ပေါ်ပေါက်ဖို့ ဖိအားပေး ခံခဲ့ရတယ်လို့ စုံစမ်း စစ်ဆေးသူတွေက ထုတ်ဖော် ဝန်ခံထားပါတယ်။

BBC

No comments:

Post a Comment