Tuesday 16 December 2014

အင်းထဲတွင် ရခိုင်ရေလုပ်သားများနှင့် ဘင်္ဂါလီအချို့ ခိုက်ရန်ဖြစ်ပွား

စစ်တွေမြို့ အမှတ်(၂) ရဲစခန်းပိုင် ဗျိုင်းဖြူရွာရှိ အင်းတွင် ဒီဇင်ဘာ ၁၄ ရက်၌ ရေလုပ်သား ရခိုင်ခြောက်ဦး နှင့် ဘင်္ဂါလီ ဆယ် ဦး ခိုက်ရန်ဖြစ်ပွားကြောင်း ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

ရခိုင်ရေလုပ်သားတစ်ဦး လှံဒဏ်ရာတစ်ချက်နှင့် ဓားခုတ်ဒဏ် ရာရရှိကာ စစ်တွေမြို့ ဆေးရုံတွင် တင်ထား ရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောကြား သည်။‘‘ဖြစ်လေ့ဖြစ်ထရှိတာမျိုးပါ။ ပြဿနာ ကြီးကြီးမားမားမဖြစ် ခဲ့ဘူး။ အားလုံးအေးဆေးပါပဲ’’ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး နေမျိုးက ပြောသည်။

ဗျိုင်းဖြူရွာရှိအင်းတစ်ခုတည်းတွင် ငါးဖမ်းနေသည့် ရခိုင်လူမျိုး ခြောက်ဦးကို ဘင်္ဂါလီဆယ်ဦးခန့် က ရိုက်နှက်ခဲ့ပြီး ငါးဦးမှာ ထွက် ပြေးလာနိုင်ခဲ့ကာ ဒဏ်ရာရရှိသူမှာငါးဖမ်းကွန်ရှုပ်နေသော ကြောင့် ကျန်ခဲ့ခြင်း ဖြစ် ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

‘‘လက်မောင်းမှာ လှံနဲ့ အထိုးခံရတဲ့ ဒဏ်ရာ၊ ကျောမှာက ဓားပြားနဲ့ အရိုက်ခံရတဲ့ ဒဏ်ရာရ တယ်။ ဓားအသွား နဲ့ မထိဘဲ အ ပြားလိုက်ခတ်မိတာဆိုတော့ ဒဏ်ရာမပြင်းဘူး။ ခုဆေးရုံတင်ထား တယ်’’ဟု ၎င်းဒေသခံက ပြောသည်။

အသေးစိတ် အချက်အ လက်များကို စစ်တွေမြို့ အမှတ် (၂) ရဲစခန်းသို့ ဆက်သွယ်မေး မြန်းသော်လည်း မရခဲ့ပေ။ ထိုအမှုတွင် ကျူးလွန်သူများ လွတ် မြောက်နေဆဲဖြစ်ပြီးဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ စုံစမ်း ရှာဖွေ နေ ကြောင်း အမှတ် (၁) ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

7Day DAILY 

No comments:

Post a Comment