Tuesday 16 December 2014

အပွင့်အမျိုးမျိုး ဖြစ်နေချိန်တွင် ပြည်ခိုင်ဖြိုးပါတီ မူဝါဒများ လိုက်နာရန် ပါတီဝင်များကိုပြော

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် ၁၂ ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေးအဆိုကို အ တည်ပြုပြီးနောက် ပြည်ခိုင်ဖြိုးပါ တီဝင်များအနေဖြင့် ပါတီ၏ မူဝါဒများ လိုက်နာရန် ပြည်ခိုင်ဖြိုးပါ တီဗဟိုက ထုတ်ပြန်ချက် တစ် စောင်ထုတ်ပြန်လိုက်ကြောင်း သ တင်းရရှိသည်။

‘‘ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အဆိုက ပါတီရဲ့မူ ၀ါဒအတိုင်း လုပ်တာဖြစ်တဲ့အတွက် ဒါကိုေ၀၀ါး စေမယ့် ၁၂ ပွင့်ဆိုင်တို့လိုမျိုး ထပ်မလုပ်ဖို့ ဆို လိုတဲ့သဘောပါ’’ ဟု မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

ထို့ကြောင့် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်နှင့် ရှမ်း ပြည်နယ်လွှတ်တော်တို့တွင် ၁၂ ပွင့်ဆိုင် ထောက်ခံမည့် အဆို မ တင်ဖြစ်တော့ကြောင်း သတင်းရ ရှိသည်။

‘‘ပါတီရဲ့လုပ်ငန်းဆောင် တာတွေကို ပါတီရဲ့ မူဝါဒအတိုင်း ဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့် ပါတီဝင် တွေ အားလုံးက ပါတီရဲ့ မူဝါဒတွေကို လိုက်နာဖို့ ပါ၊ စာကို ဥက္ကဋ္ဌကိုယ်စား အထွေ ထွေအတွင်းရေးမှူးက လက်မှတ် ထိုးပြီး ထုတ်တာပါ’’ ဟု ဗဟိုအ လုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး က အတည်ပြုပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်တစ်ဦးက အရေးကြီးအဆို တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ရေးကို တိုင်းရင်းသား ကိုယ်စား လှယ်များ ထပ်မံပါဝင်ရန် ၁၂ ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးရေး အဆို ကို ရန်ကုန်တိုင်းလွှတ်တော်၌ တင်သွင်းမဲခွဲရာ ပြည်ခိုင်ဖြိုး ပါတီအမတ်များက ထောက်ခံခဲ့ သဖြင့် ယင်းအဆို အောင်မြင်ခဲ့ သည်။

ရခိုင်ပြည်နယ်နှင့် ကရင် ပြည်နယ်ဝန်ကြီးချုပ်များမှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး များ၏ ၀န်ကြီးချုပ်များမှာ သက် ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး များ၏ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ များဖြစ်သည်။

7Day DAILY

No comments:

Post a Comment