Tuesday 16 December 2014

ရခိုင်ပြည်နယ် လက်ရှိတည်ငြိမ်မှုကို ဆက်ထိန်းထားရန် သမ္မတတိုက်တွန်း

ရခိုင်ပြည်နယ်တွင် ရရှိထားပြီးသော တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီးဒေ သဖွံ့ဖြိုးရေး အတွက် တိုင်းရင်း သားပြည်သူများက အစိုးရနှင့်အ တူကြိုးပမ်းသွားကြရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်က တိုက်တွန်း ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် နှစ်(၄၀)မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာ၌ နိုင်ငံ တော်သမ္မတက ရခိုင်ပြည်နယ် တွင် လူ့အဖွဲ့အစည်းနှစ်ခုအ ကြားပဋိပက္ခများဖြစ်ပေါ် ခဲ့သော် လည်း ယခုအခါတည်ငြိမ်မှုရရှိနေ ပြီဖြစ်၍ ရရှိထားသည့် တည်ငြိမ် အေးချမ်းမှုကို ဆက်လက်ထိန်း သိမ်းပြီး ဒေသဖွံ့ဖြိုးရေးအတွက် လက်တွဲကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

နှစ်(၄၀)မြောက်ရခိုင်ပြည် နယ်နေ့အခမ်းအနားကို ရန်ကုန် မြို့နှင့် စစ်တွေမြို့အပါအ၀င် ရခိုင် ပြည်နယ်ရှိ မြို့နယ်များ၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့ကြသည်။ စစ်တွေမြို့၌ ရခိုင်ပြည်နယ်နေ့ အခမ်းအနားနှင့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိသည့်အထိမ်းအမှတ်ပွဲကိုလည်း  ပူးတွဲကျင်းပခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။

‘‘အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ပြန်လည်ကျင်းပနိုင်ခဲ့တာ ဒီနှစ်က အကြီး ကျယ်ဆုံး လို့ယူဆရပါ တယ်’’ဟု စစ်တွေမြို့မိမြို့ဖအဖွဲ့ ၀င်ဦးသန်းထွန်းကပြောသည်။

ရခိုင်ပြည်နယ်နေ့အခမ်းအ နားကို ၁၉၇၅ မှ စတင်ကျင်းပခဲ့ ပြီး ၁၉၈၈နောက်ပိုင်းတွင် ကျင်းပ နိုင်ခြင်း မရှိဘဲ အစိုးရသစ်လက် ထက်၌ ပြန်လည်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂  အတွင်း အကြမ်းဖက်မှုများဖြစ် ပွားခဲ့ခြင်းကြာင့် လူဦးရေနှစ်ရာခန့် သေဆုံးပြီး တစ်သိန်းကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့သည်။ သမ္မတဦးသိန်း စိန်အစိုးရအဖွဲ့သည် ရခိုင် အရေးနှင့်ပတ်သက်၍ နိုင်ငံတကာဖိအားကို ရင်ဆိုင်နေရဆဲဖြစ် ပြီး ကုလအပါအ၀င်နိုင်ငံတကာ အသိုင်းအ၀ိုင်းကမူ ရခိုင်ပြည် နယ် ရှိမွတ်စလင်လူနည်းစုမှာ ခွဲခြား ဖိနှိပ်ခြင်းခံနေရခြင်းအပေါ် စိုးရိမ် မှုရှိနေကြောင်း မကြာခဏထုတ် ဖော်ပြောကြားခဲ့သည်။

မကြာသေးမီက အာဆီယံ ထိပ်သီး အစည်းအဝေး တက် ရောက်ရန် မြန်မာနိုင်ငံသို့လာ ရောက်ခဲ့သော ကုလသမဂ္ဂ အ တွင်းရေးမှူးချုပ်မစ္စတာဘန်ကီ မွန်းက လူနည်းစုအခွင့်အရေးကို အသိအမှတ်ပြုသည့် အနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာဟုသာဆက် လက်သုံးစွဲမည်ဟု ဖော်ထုတ် ပြောကြားခဲ့မှုကြောင့် ကန့်ကွက် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။ သမ္မတဦးသိန်းစိန်အစိုးရကမူ မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ သည် မည်သည့်အခါကမျှမရှိ ကြောင်း တရားဝင်ပြောကြားထား သည်။

7Day DAILY 

No comments:

Post a Comment