Tuesday 16 December 2014

ပင်န်ဆယ်ဗေးနီးယားပြည်နယ် တွင် လူ ၆ ဦးကို ပစ်သတ်ခဲ့သည့် သေနတ်သမား လွတ်မြောက်နေဆဲ

Photo: ပင်န်ဆယ်ဗေးနီးယားပြည်နယ် တွင် လူ ၆ ဦးကို ပစ်သတ်ခဲ့သည့် သေနတ်သမား
လွတ်မြောက်နေဆဲ
Tuesday, December 16, 2014

အမေရိကန်နိုင်ငံ၊ ပင်န်ဆယ်ဗေးနီးယားပြည်နယ်ရဲ့  ဆင်ခြေဖုံး ရပ်ကွက် တစ်ခု မှာ သေနတ်သမားတစ်ယောက်က ဇနီးဟောင်း အပါအဝင် တူမဖြစ်သူနဲ့ အခြား လူ ၄ ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ရဲတွေက ပြောပါတယ်။

သေနတ်သမားက တင်္နလာနေ့ နံနက် ၄ နာရီလောက်မှာ ဇနီးဟောင်း Nicole
Stone ဘက်က မိသားစုဝင်တွေဖြစ်တဲ့ Nicole မိခင်၊ အဖွား၊ ညီမ ဖြစ်သူနဲ့ 
ယောင်္ကျားအပါအဝင် သူတို့ ရဲ့  ၁၄ နှစ်အရွယ် သမီး စုစုပေါင်း မိသားစုဝင် ၆ ဦးကို သတ်ပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုံး ပစ်ခတ်မှုက Souderton အရပ်မှာနေထိုင်တဲ့ ဇနီးဟောင်း ရဲ့ညီမဖြစ်သူ အိမ်မှာ ဖြစ်ပြီး ခယ်မဖြစ်သူ၊ ခင်ပွန်းနဲ့  တူမတို့ ကို တပြိုင်ထဲ ပစ်သတ်ခဲ့ပြီး ၁၇ နှစ် အရွယ် တူဖြစ်သူကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပေမယ့် အသက်မသေဘဲ ကျန်ခဲ့ပါတယ်။

သေနတ်သမားက ခယ်မဖြစ်သူတို့ ရဲ့  အိမ်ကို ပစ်ခတ်ပြီးနောက် Lansdale
အရပ်မှာနေထိုင်တဲ့ ယောက္ခမဟောင်း ဖြစ်ခဲ့ဖူးသူ ဇနီးဟောင်းရဲ့  မိခင်ဖြစ်သူနဲ့ 
အဖွားတို့ အိမ်ကို ဆက်သွားခဲ့ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ ပါတယ်။

နောက်ဆုံးမှာတော့ သေနတ်သမားကHarleysville မှာ နေထိုင်တဲ့ ဇနီးဟောင်းကို သူ့ အိမ်မှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

အိမ်နီးချင်းတွေကတော့ Nicole က ကလေး နှစ်ယောက်လက်ကို ဆွဲလို့ 
အိမ်အပြင်ပြေးထွက်လာပြီး အချက်ပေး ဘဲလ်ကို နှိပ်ခဲ့တယ်လို့ ဆိုပါတယ်။

မိသားစုဝင် ၆ ဦးကို သတ်ပစ်ခဲ့တဲ့ သေနတ်သမားဟာ အသက် ၃၅ နှစ်အရွယ် Bradely William Stoneလို့ ရဲတွေက အတည်ပြုလိုက်ပြီး ပစ်ခတ်မှုဖြစ်ပွားရတဲ့
အကြောင်းရင်းက ဇနီးဟောင်းနဲ့ Bradely အကြား ကလေးနှစ်ယောက်ကို သူပိုင်
ကိုယ်ပိုင် အုပ်ထိန်းခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားရင်း အငြိုးဖွဲ့  သတ်ပစ်ခဲ့တာ
ဖြစ်နိုင်တယ်လို့ ဒေသမီဒီယာတွေက အစီရင် ခံခဲ့ကြပါတယ်။

“Nicole နဲ့ Bradely တို့ ရဲ့ သားသမီးနှစ်ဦးကိုတော့ လုံခြုံစိတ်ချရတဲ့ နေရာ
တစ်ခုမှာ ရှာတွေ့ ထားပြီး သေချာစောင့်ရှောက် ထားပါတယ်။ Bradely ကတော့
လွတ်မြောက်နေဆဲမို့ နေရာအနှံ့ အပြားမှာ ရဲတွေ ပိုက်စိပ်တိုက် ရှာဖွေနေကြ
ပါတယ်။ သူ့ မှာ သေနတ်ပါသွားတာမို့ ဒေသခံတွေကိုလည်း သတိထားကြဖို့ 
မှာကြားထားပါတယ်”လို့ မောင့်ဂိုမယ်ရီ ကောင်တီရဲ့  ရှေ့ နေ Risa Vetri
Ferman က အေပီ သတင်းဌာနကို ပြောပါတယ်။

Ref: BBC
အမေရိကန်နိုင်ငံ၊ ပင်န်ဆယ်ဗေးနီးယားပြည်နယ်ရဲ့  ဆင်ခြေဖုံး ရပ်ကွက် တစ်ခု မှာ သေနတ်သမား တစ်ယောက် က ဇနီးဟောင်း အပါအဝင် တူမဖြစ်သူနဲ့ အခြား လူ ၄ ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး ထွက် ပြေး လွတ်မြောက်နေတယ်လို့ ရဲတွေက ပြောပါတယ်။

သေနတ်သမားက တင်္နလာနေ့ နံနက် ၄ နာရီလောက်မှာ ဇနီးဟောင်း Nicole Stone ဘက်က မိသားစုဝင် တွေဖြစ်တဲ့ Nicole မိခင်၊ အဖွား၊ ညီမ ဖြစ်သူနဲ့  ယောင်္ကျားအပါအဝင် သူတို့ ရဲ့  ၁၄ နှစ်အရွယ် သမီး စုစု ပေါင်း မိသားစုဝင် ၆ ဦးကို သတ်ပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုံး ပစ်ခတ်မှုက Souderton အရပ်မှာနေထိုင်တဲ့ ဇနီးဟောင်း ရဲ့ညီမဖြစ်သူ အိမ်မှာ ဖြစ်ပြီး ခယ်မ ဖြစ်သူ၊ ခင်ပွန်းနဲ့  တူမတို့ ကို တပြိုင်ထဲ ပစ်သတ်ခဲ့ပြီး ၁၇ နှစ် အရွယ် တူဖြစ်သူကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပေမယ့် အသက်မသေဘဲ ကျန်ခဲ့ပါတယ်။

သေနတ်သမားက ခယ်မဖြစ်သူတို့ ရဲ့  အိမ်ကို ပစ်ခတ်ပြီးနောက် Lansdale အရပ်မှာနေထိုင်တဲ့ ယောက္ခမဟောင်း ဖြစ်ခဲ့ဖူးသူ ဇနီးဟောင်းရဲ့  မိခင်ဖြစ်သူနဲ့  အဖွားတို့ အိမ်ကို ဆက်သွားခဲ့ပြီး သေနတ်နဲ့  ပစ်သတ်ခဲ့ ပါတယ်။

နောက်ဆုံးမှာတော့ သေနတ်သမားကHarleysville မှာ နေထိုင်တဲ့ ဇနီးဟောင်းကို သူ့ အိမ်မှာပဲ သေနတ်နဲ့  ပစ် သတ်ခဲ့ပါတယ်။

အိမ်နီးချင်းတွေကတော့ Nicole က ကလေး နှစ်ယောက်လက်ကို ဆွဲလို့  အိမ်အပြင်ပြေးထွက်လာပြီး အချက်ပေး ဘဲလ်ကို နှိပ်ခဲ့တယ်လို့ ဆိုပါတယ်။

မိသားစုဝင် ၆ ဦးကို သတ်ပစ်ခဲ့တဲ့ သေနတ်သမားဟာ အသက် ၃၅ နှစ်အရွယ် Bradely William Stoneလို့ ရဲတွေက အတည်ပြုလိုက်ပြီး ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းက ဇနီးဟောင်းနဲ့ Bradely အကြား ကလေးနှစ်ယောက်ကို သူပိုင်ကိုယ်ပိုင် အုပ်ထိန်းခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားရင်း အငြိုးဖွဲ့  သတ်ပစ်ခဲ့တာ
ဖြစ်နိုင်တယ်လို့ ဒေသမီဒီယာတွေက အစီရင် ခံခဲ့ကြပါတယ်။

“Nicole နဲ့ Bradely တို့ ရဲ့ သားသမီးနှစ်ဦးကိုတော့ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုမှာ ရှာတွေ့ ထားပြီး သေချာစောင့်ရှောက် ထားပါတယ်။ Bradely ကတော့ လွတ်မြောက်နေဆဲမို့ နေရာအနှံ့ အပြားမှာ ရဲတွေ ပိုက်စိပ်တိုက် ရှာဖွေနေကြပါတယ်။ သူ့ မှာ သေနတ်ပါသွားတာမို့ ဒေသခံတွေကိုလည်း သတိထားကြဖို့  မှာကြားထားပါတယ်”လို့ မောင့်ဂိုမယ်ရီ ကောင်တီရဲ့  ရှေ့ နေ Risa Vetri Ferman က အေပီ သတင်း ဌာနကို ပြောပါတယ်။

Ref: BBC

No comments:

Post a Comment