Wednesday 17 December 2014

ဗီဇာအတုဖြင့် မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၄၅ ဦး ပြန်ရောက်လာ

Photo: ဗီဇာအတုဖြင့် မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၄၅ ဦး ပြန်ရောက်လာ
Wednesday, December 17, 2014

မလေးရှားနိုင်ငံသို့ ဗီဇာ အတုဖြင့် သွားရောက်ခဲ့၍ ထောင် ဒဏ် တစ်နှစ်စီချမှတ် ဖမ်းဆီးခံ ထားရပြီးနောက် လွတ်ငြိမ်းချမ်း သာခွင့်ရရှိသူများ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၅ ရက် တွင် ပြန်လည်ရောက်ရှိလာသည်။

ဒီဇင်ဘာ ၁၅ ရက် ည ၉ နာရီခန့်တွင် စုစုပေါင်း ၁၅ ဦး မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ မိသားစုများလာရောက် ကြိုဆို ခဲ့ကြသည်။

  ‘‘ဒီတစ်ခေါက်ကတော့ အချိန်နောက်ကျနေလို့ အရင်လို အိမ်တိုင်ရာရောက် လိုက်ပို့ တာမျိုးမစီစဉ်ဖြစ်ပါဘူး။ သူတို့ရဲ့မိသားစုတွေကိုပဲ အကုန်အကြောင်း ကြား ပေးထားပါတယ်’’ ဟု ခတ်ပွန်းခုနစ်ရက်သားသမီးနာရေးကူညီမှု အသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

 လွတ်ငြိမ်းချမ်းသာခွင့်ရရှိ သူများတွင် ခုနစ်ဦးမှာ တရားခံ များကို အရေးယူဆောင်ရွက်နိုင် ရန် မလေးရှားနိုင်ငံအစိုးရသက် သေအနေဖြင့် ဆောင်ရွက်ပေးရ မည်ဖြစ်သောကြောင့် တစ်ပတ် ခန့်နောက်ကျပြီးမှ ပြန်ရောက်လာ မည်ဖြစ်သည်။

ဇူလိုင် ၈ ရက်က မလေးရှား နိုင်ငံသို့  အလည်အပတ်ဗီဇာ (Visit Visa) ဖြင့် သွားရောက်ခဲ့ သော မြန်မာနိုင်ငံသား ၇၂ ဦးသည်ဗီဇာအတုများဖြစ်နေ၍ မလေး ရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖမ်း ဆီးထားသူများအနက် ဗီဇာအတု ကိုင်ဆောင်သူ ၅၂ ဦးအား သြဂုတ် ၁၂ ရက်တွင် မလေးရှား ဆီဗန်းတရားရုံးက ထောင်ဒဏ် တစ်နှစ်စီချမှတ် လိုက်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန် မာသံရုံးက အဆိုပါမြန်မာ ၅၂ ဦး ၏ ပြစ်ဒဏ်များ ပယ်ဖျက်ပေးရန် အယူခံဝင်၍ သံတမန်အချင်းချင်း ဆွေးနွေးဆောင်ရွက်ထား မှုကို သြဂုတ်အတွင်းကပင် လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်က လွတ်ငြိမ်း ချမ်းသာခွင့်  ရရှိခဲ့ခြင်းဖြစ်သည်။

ဗီဇာအတုဖြင့် သွားရောက် ခဲ့သော ၇၂ ဦးတွင် ပြစ်ဒဏ်မှ ကင်းလွတ်သူ ၂၀ ဦးကို မလေး ရှားနိုင်ငံ မြန်မာသံရုံးက စက်တင် ဘာ ၁ ရက်၌ မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။ ဗီဇာအတုများ ဖြင့် ခေါ်ဆောင်လာသူ မြန်မာအေးဂျင့် သုံးဦးအား မလေးရှား ဆီဗန်းတရားရုံးက အမိန့်ချမှတ်ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံသား ၇၂ ဦးကို စုမြတ်အေဂျင်စီက ခေါ်ဆောင် လာခြင်းဖြစ်ပြီး အဆိုပါအေဂျင်စီသည်  တရားမ၀င်လုပ်ကိုင်နေ သော အေဂျင်စီဖြစ်သည်။

7Day DAILY 

ဗီဇာအတုကိုင်ဆောင်သည့် စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည် ရောက်ရှိ လာသူများထဲမှ မြန်မာလုပ်သားတစ်ဦးနှင့် ကြိုဆိုလက်ဆောင်ပစ္စည်း ပေးအပ်နေသူများ(ဓာတ်ပုံ - ဇွဲဉာဏ်)
ဗီဇာအတုကိုင်ဆောင်သည့် စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည် ရောက်ရှိလာသူများထဲမှ မြန်မာလုပ်သား တစ်ဦးနှင့် ကြိုဆိုလက်ဆောင်ပစ္စည်း ပေးအပ်နေသူများ(ဓာတ်ပုံ - ဇွဲဉာဏ်)
မလေးရှားနိုင်ငံသို့ ဗီဇာ အတုဖြင့် သွားရောက်ခဲ့၍ ထောင် ဒဏ် တစ်နှစ်စီချမှတ် ဖမ်းဆီးခံ ထားရပြီးနောက် လွတ်ငြိမ်းချမ်း သာခွင့်ရရှိသူများ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၅ ရက် တွင် ပြန်လည်ရောက်ရှိလာသည်။

ဒီဇင်ဘာ ၁၅ ရက် ည ၉ နာရီခန့်တွင် စုစုပေါင်း ၁၅ ဦး မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ မိသားစုများလာရောက် ကြိုဆို ခဲ့ကြသည်။

  ‘‘ဒီတစ်ခေါက်ကတော့ အချိန်နောက်ကျနေလို့ အရင်လို အိမ်တိုင်ရာရောက် လိုက်ပို့ တာမျိုး မစီစဉ်ဖြစ်ပါဘူး။ သူတို့ရဲ့မိသားစုတွေကိုပဲ အကုန်အကြောင်း ကြား ပေးထားပါတယ်’’ ဟု ခတ်ပွန်းခုနစ်ရက် သားသမီးနာရေးကူညီမှု အသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်ရရှိ သူများတွင် ခုနစ်ဦးမှာ တရားခံ များကို အရေးယူဆောင်ရွက်နိုင် ရန် မလေးရှား နိုင်ငံအစိုးရသက် သေအနေဖြင့် ဆောင်ရွက်ပေးရ မည်ဖြစ်သောကြောင့် တစ်ပတ် ခန့်နောက်ကျပြီးမှ ပြန်ရောက်လာ မည်ဖြစ်သည်။

ဇူလိုင် ၈ ရက်က မလေးရှား နိုင်ငံသို့  အလည်အပတ်ဗီဇာ (Visit Visa) ဖြင့် သွားရောက်ခဲ့ သော မြန်မာ နိုင်ငံသား ၇၂ ဦးသည်ဗီဇာအတုများဖြစ်နေ၍ မလေး ရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ ဖမ်း ဆီးထားသူများအနက် ဗီဇာအတု ကိုင်ဆောင်သူ ၅၂ ဦးအား သြဂုတ် ၁၂ ရက်တွင် မလေးရှား ဆီဗန်းတရားရုံးက ထောင်ဒဏ် တစ်နှစ်စီချမှတ် လိုက်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန် မာသံရုံးက အဆိုပါမြန်မာ ၅၂ ဦး ၏ ပြစ်ဒဏ်များ ပယ်ဖျက်ပေးရန် အယူခံဝင်၍ သံတမန်အချင်းချင်း ဆွေးနွေးဆောင်ရွက်ထား မှုကို သြဂုတ်အတွင်းကပင် လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်က လွတ်ငြိမ်း ချမ်းသာခွင့်  ရရှိခဲ့ခြင်းဖြစ်သည်။


ဗီဇာအတုဖြင့် သွားရောက် ခဲ့သော ၇၂ ဦးတွင် ပြစ်ဒဏ်မှ ကင်းလွတ်သူ ၂၀ ဦးကို မလေး ရှားနိုင်ငံ မြန်မာ သံရုံးက စက်တင် ဘာ ၁ ရက်၌ မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။ ဗီဇာအတုများ ဖြင့် ခေါ်ဆောင်လာသူ မြန်မာအေးဂျင့် သုံးဦးအား မလေးရှား ဆီဗန်းတရားရုံးက အမိန့်ချမှတ်ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံသား ၇၂ ဦးကို စုမြတ်အေဂျင်စီက ခေါ်ဆောင် လာခြင်းဖြစ်ပြီး အဆိုပါအေဂျင်စီသည်  တရား မ၀င် လုပ်ကိုင်နေ သော အေဂျင်စီဖြစ်သည်။

7Day DAILY 

No comments:

Post a Comment