Wednesday 22 October 2014

အီဘိုလာရောဂါ ကာကွယ်ဆေး နှစ်မျိုးကို WHO စမ်းသပ်နေ

Photo: အီဘိုလာရောဂါ ကာကွယ်ဆေး နှစ်မျိုးကို WHO စမ်းသပ်နေ
Wednesday, October 22, 2014

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က အီဘိုလာ ရောဂါ ကာကွယ်ဆေး နှစ်မျိုးကို စတင်စမ်းသပ် နေပြီလို့ ပြောပါတယ်။

Chimpanzee ကနေ ရထားတဲ့ ကာကွယ်ဆေးကို အမေရိကန်၊ ဗြိတိန်နဲ့ မာလီနိုင်ငံမှာ အနည်းငယ် စမ်းသပ်မှုလုပ်ပြီးနောက် ဒီလကုန်လောက်ကျရင် ဆွစ်ဇာလန်နိုင်ငံမှာ စမ်းသပ်မှု လုပ်မှာ ဖြစ်ပါတယ်။

VSV လို့ခေါ်တဲ့ ကာကွယ်ဆေး နောက်တစ်မျိုးကိုလည်း အမေရိကန်မှာ စမ်းသပ်မှုတွေ စတင်ပြုလုပ်နေပြီလို့ ပြောပါတယ်။

နိုင်ဂျီးရီးယားမှာ အီဘိုလာ ရောဂါ မရှိတော့ဘူး - WHO

နိုင်ဂျီးရီးယားနိုင်ငံမှာ အီဘိုလာ ရောဂါပိုး မရှိတော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၄၂ ရက်ကြား ဒါမှမဟုတ် ရောဂါပိုး ပျိုးတဲ့ ကာလ နှစ်ခုကို စောင့်ကြည့်ပြီးနောက် ရောဂါ ထပ်ဖြစ်တာ မတွေ့ရတဲ့အတွက် အခုလို ကြေညာတာ ဖြစ်ပါတယ်။

ဒါဟာ အင်မတန်ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပြီး အီဘိုလာပိုးကို နှိမ်နင်းလို့ရတယ်ဆိုတာ ကမ္ဘာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ နိုင်ဂျီးရီးယားဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအကြီးအကဲ က ပြောပါတယ်။

ဒါပေမဲ့ ဒါဟာ တိုက်ပွဲငယ် တစ်ခုကို အောင်နိုင်ခြင်းသာ ဖြစ်ပြီး အာဖရိက ဒေသမှာ အီဘိုလာပိုး ရှိနေတဲ့ကာလအတွင်း စစ်ကြီးကို အောင်နိုင်ပြီလို့ မဆိုလိုနိုင်ကြောင်း ပြောပါတယ်။

အခုလောလောဆယ် အီဘိုလာ ပိုးဟာ ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီယာရာလီယွန်နိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေပြီး အဲဒီရောဂါကြောင့် လူပေါင်း ၄၅၀၀ ကျော် သေဆုံးရပြီ ဖြစ်ပါတယ်။

မြောက်အမေရိကတိုက်က နိုင်ငံတချို့နဲ့ Caribbean ကျွန်းဆွယ်ဒေသက နိုင်ငံတွေ ပူးပေါင်းပြီးတော့လည်း သူတို့နိုင်ငံမှာ အီဘိုလာ ရောဂါ ပျံ့နှံ့လာမယ်ဆိုရင် တစ်ဦးနဲ့ တစ်ဦး ဝိုင်းဝန်းကူညီ တိုက်ဖျက်သွားမယ်လို့ သဘောတူကြပါတယ်။

သြစတြေးလျကတော့ ငွေကြေးလျူဒါန်းမှုသာ လုပ်မယ်

အီဘိုလာ တိုက်ဖျက်ရေးအတွက် သြစတြေးလျက ဒေါ်လာ ၁၈ သန်း လျူဒါန်းခဲ့ပေမယ့် စစ်သားတွေ၊ ကျန်းမာရေး အမှုထမ်းတွေကို ပို့ဆောင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အီဘိုလာ ရောဂါ ကုသပေးရင်း တစ်ယောက်ယောက်က ရောဂါ ကူးစက်ခံရမယ်ဆိုရင် သြစတြေးလျနိုင်ငံကို ပြန်သယ်လာဖို့ ခက်ခဲတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အနောက်အာဖရိကကနေ သြစတြေးလျကို ပြန်လာရတဲ့ ခရီးက ဝေးတဲ့အတွက် လုံခြုံစိတ်ချစွာ ကယ်ဆယ်နိုင်မယ့် အခြေအနေ မရှိတာကြောင့် သြစတြေးလျနိုင်ငံသားတွေကို မပို့နိုင်ဘူးလို့ သြစတြေးလျက ပြောပါတယ်။

အစိုးရက တားမြစ်တဲ့ကြားကပဲ အာဖရိကဒေသကို သွားရောက်မယ်ဆိုရင်လည်း မိမိ အလုပ်လုပ်တဲ့ အဖွဲ့အစည်းမှာ ရောဂါကူးစက်ခံရသူကို ဘယ်လို လုပ်ဆောင်ပေးသလဲ ဆိုတဲ့ စနစ် ရှိမရှိကို အရင်လေ့လာဖို့လည်း သတိပေးလိုက်ပါတယ်။

သြစတြေးလျ အစိုးရက အီဘိုလာတိုက်ဖျက်ရေးမှာ အလျူငွေထက်မက ပိုမို လုပ်ဆောင်သင့်တယ်လို့ International Crisis Group က ပြောပါတယ်။

သြစတြေးလျရဲ့ ငွေကြေးလျူဒါန်းမှုအပေါ် အထူးကျေးဇူးတင်ပေမယ့် အာဖရိက ဒေသမှာ အပြောင်းအလဲလုပ်နိုင်မယ့် လူတွေကို ပို့ဆောင်ဖို့ အရေးကြီးတဲ့အကြောင်း အဲဒီဒေသမှာ အခြေခံ အဆောက်အဦးတည်ဆောက်ရေးမှာ လိုအပ်ချက် အများအပြား ရှိသေးတဲ့အကြောင်း Jean-Marie Guehenno က ပြောသွားခဲ့ပါတယ်။

ABC Radio Australia
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အီဘိုလာ ရောဂါကာကွယ်ဆေး နှစ်မျိုးကို စတင်စမ်းသပ် နေပြီလို့ ပြောပါတယ်။

Chimpanzee ကနေ ရထားတဲ့ ကာကွယ်ဆေးကို အမေရိကန်၊ ဗြိတိန်နဲ့ မာလီနိုင်ငံမှာ အနည်းငယ် စမ်းသပ်မှုလုပ်ပြီးနောက် ဒီလကုန်လောက်ကျရင် ဆွစ်ဇာလန်နိုင်ငံမှာ စမ်းသပ်မှု လုပ်မှာ ဖြစ်ပါတယ်။

VSV လို့ခေါ်တဲ့ ကာကွယ်ဆေး နောက်တစ်မျိုးကိုလည်း အမေရိကန်မှာ စမ်းသပ်မှုတွေ စတင်ပြုလုပ်နေပြီလို့ ပြောပါတယ်။

နိုင်ဂျီးရီးယားမှာ အီဘိုလာ ရောဂါ မရှိတော့ဘူး - WHO

နိုင်ဂျီးရီးယားနိုင်ငံမှာ အီဘိုလာ ရောဂါပိုး မရှိတော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက် ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၄၂ ရက်ကြား ဒါမှမဟုတ် ရောဂါပိုး ပျိုးတဲ့ ကာလ နှစ်ခုကို စောင့်ကြည့်ပြီးနောက် ရောဂါ ထပ်ဖြစ်တာ မတွေ့ရတဲ့အတွက် အခုလို ကြေညာတာ ဖြစ်ပါတယ်။

ဒါဟာ အင်မတန်ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပြီး အီဘိုလာပိုးကို နှိမ်နင်းလို့ရတယ်ဆိုတာ ကမ္ဘာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ နိုင်ဂျီးရီးယားဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအကြီးအကဲ က ပြောပါတယ်။

ဒါပေမဲ့ ဒါဟာ တိုက်ပွဲငယ် တစ်ခုကို အောင်နိုင်ခြင်းသာ ဖြစ်ပြီး အာဖရိက ဒေသမှာ အီဘိုလာပိုး ရှိနေတဲ့ကာလအတွင်း စစ်ကြီးကို အောင်နိုင်ပြီလို့ မဆိုလိုနိုင်ကြောင်း ပြောပါတယ်။

အခုလောလောဆယ် အီဘိုလာ ပိုးဟာ ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီယာရာလီယွန်နိုင်ငံမှာ ဆက် လက်ဖြစ်ပေါ်နေပြီး အဲဒီရောဂါကြောင့် လူပေါင်း ၄၅၀၀ ကျော် သေဆုံးရပြီ ဖြစ်ပါတယ်။

မြောက်အမေရိကတိုက်က နိုင်ငံတချို့နဲ့ Caribbean ကျွန်းဆွယ်ဒေသက နိုင်ငံတွေ ပူးပေါင်းပြီးတော့လည်း သူတို့နိုင်ငံမှာ အီဘိုလာ ရောဂါ ပျံ့နှံ့လာမယ်ဆိုရင် တစ်ဦးနဲ့ တစ်ဦး ဝိုင်းဝန်းကူညီ တိုက်ဖျက်သွားမယ်လို့ သဘောတူကြပါတယ်။

သြစတြေးလျကတော့ ငွေကြေးလျူဒါန်းမှုသာ လုပ်မယ်

အီဘိုလာ တိုက်ဖျက်ရေးအတွက် သြစတြေးလျက ဒေါ်လာ ၁၈ သန်း လျူဒါန်းခဲ့ပေမယ့် စစ်သားတွေ၊ ကျန်းမာရေး အမှုထမ်းတွေကို ပို့ဆောင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အီဘိုလာ ရောဂါ ကုသပေးရင်း တစ်ယောက်ယောက်က ရောဂါ ကူးစက်ခံရမယ်ဆိုရင် သြစတြေးလျနိုင်ငံကို ပြန်သယ်လာဖို့ ခက်ခဲတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အနောက်အာဖရိကကနေ သြစတြေးလျကို ပြန်လာရတဲ့ ခရီးက ဝေးတဲ့အတွက် လုံခြုံစိတ်ချစွာ ကယ် ဆယ်နိုင်မယ့် အခြေအနေ မရှိတာကြောင့် သြစတြေးလျနိုင်ငံသားတွေကို မပို့နိုင်ဘူးလို့ သြစတြေးလျက ပြောပါတယ်။

အစိုးရက တားမြစ်တဲ့ကြားကပဲ အာဖရိကဒေသကို သွားရောက်မယ်ဆိုရင်လည်း မိမိ အလုပ်လုပ်တဲ့ အဖွဲ့အစည်းမှာ ရောဂါကူးစက်ခံရသူကို ဘယ်လို လုပ်ဆောင်ပေးသလဲ ဆိုတဲ့ စနစ် ရှိမရှိကို အရင်လေ့လာဖို့လည်း သတိပေးလိုက်ပါတယ်။

သြစတြေးလျ အစိုးရက အီဘိုလာတိုက်ဖျက်ရေးမှာ အလျူငွေထက်မက ပိုမို လုပ်ဆောင်သင့်တယ်လို့ International Crisis Group က ပြောပါတယ်။

သြစတြေးလျရဲ့ ငွေကြေးလျူဒါန်းမှုအပေါ် အထူးကျေးဇူးတင်ပေမယ့် အာဖရိက ဒေသမှာ အပြောင်းအလဲ လုပ်နိုင်မယ့် လူတွေကို ပို့ဆောင်ဖို့ အရေးကြီးတဲ့အကြောင်း အဲဒီဒေသမှာ အခြေခံ အဆောက်အဦး တည်ဆောက်ရေးမှာ လိုအပ်ချက် အများအပြား ရှိသေးတဲ့အကြောင်း Jean-Marie Guehenno က ပြော သွားခဲ့ပါတယ်။

ABC Radio Australia 

No comments:

Post a Comment