Wednesday 22 October 2014

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နား စခန်းအနီးတွင် အော်တိုမိုဘိုင်း ကွန်းပလတ်စ် တည်ဆောက်မည်

ရန်ကုန်− မြောက်ဥက္ကလာပမြို့ နယ်အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းအနီးရှိ မြေဧက ၂၀၀ ကျော်တွင် မြန်မာနိုင်ငံ၌မရှိ သေးသည့် အော်တိုမိုဘိုင်းကွန်း ပလတ်စ်ကို ခြောက်လအတွင်း အမြန်ဆုံး အကောင်အထည်ဖော် သွားမည်ဟု မြန်မာ့မော်တော် ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချသူလုပ်ငန်း ရှင် များ အ သင်းမှ ဒေါက်တာစိုးထွန်းက ပြောသည်။

ကားအရောင်းပြခန်းများ၊ ဝပ်ရှော့များ၊ ကားအပိုပစ္စည်း ရောင်းဝယ်ရေးစင်တာများ၊ ပြိုင် ကားကွင်းများ၊ မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းများ၊ ဟို တယ်နှင့်စားသောက်ဆိုင်များပါ တစ်စုတစ်စည်းတည်းပါဝင် မည့် အဆိုပါအော်တိုမိုဘိုင်း ကွန်းပလတ်စ်အတွက် မြေဧက ၂၀၀ ကျော်ကို အသင်းပိုင်ငွေဖြင့် ဝယ်ယူ ထားကြောင်း ဒေါက်တာစိုးထွန်းကပြောသည်။

အဆိုပါမြေနေရာတွင် ထပ် မံပူးပေါင်းပါဝင်နိုင်ရန် လက်ရှိ ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ယာဉ်ကြော ကျပ်တည်း မှုများ ဖြစ်ပေါ်နေသည်ကို ဖြေရှင်းရန် အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းနှင့် ကားအသင်း တို့ဆွေးနွေးထားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ဖွယ်ရှိသည်ဟုသိရသည်။

အဆိုပါလုပ်ငန်းများလုပ် ဆောင်နိုင်ရန် မြန်မာနိုင်ငံမော် တော်ယာဉ်တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချ သူများအသင်းက မြန်မာ့မော်တော်ယာဉ် ဖွံ့ဖြိုးမှု အများပိုင် ကုမ္ပဏီလီမိတက်ကို စတင်ဖွဲ့စည်းထားပြီး အဆိုပါ ကုမ္ပဏီက ဆောင်ရွက်ခြင်းဖြစ် သည်။

‘‘တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုတင်ပြမယ်၊ လုပ်ခွင့်ရပြီ ဆိုတာနဲ့ ခြောက်လအတွင်း စလုပ်မယ်’’ဟု ဒေါက် တာ စိုးထွန်းက ပြောသည်။

အများပိုင်ကုမ္ပဏီဖွဲ့စည်း ထားသည့်ကားအသင်းမှာ အလုပ်အမှုဆောင်ရွေးကောက်ပွဲတွင် ယခင် ဥက္ကဋ္ဌေ ဟာ င်း အပါအဝင် ဥက္ကဋ္ဌငါးဦးစလုံးကို ပြီးခဲ့သည့် ဇူလိုင်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ကားလောက အတွက် အရေးပါသည့်လုပ်ငန်းများ ဆောင်ရွက်ရေး ရှေ့ပြေးပြင်ဆင် ရန်ရည်ရွယ်ထား သည်။

7Day DAILY 

No comments:

Post a Comment