Wednesday 22 October 2014

ကိုယ့်ရဲ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ညှိုးနွမ်းအောင် စော်ကားတဲ့သူကို ဒီအတိုင်းကြည့်မနေဘူးလို့ ဆိုလိုက်တဲ့ လိမ္မော်သီး

Photo: ကိုယ့်ရဲ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ညှိုးနွမ်းအောင် စော်ကားတဲ့သူကို ဒီအတိုင်းကြည့်မနေဘူးလို့ ဆိုလိုက်တဲ့ လိမ္မော်သီး
Wednesday, October 22, 2014

Rock သီချင်းတွေနဲ့ ပရိသတ်ကြား နာမည်ရလာခဲ့တဲ့ အဆိုတော် လိမ္မော်သီးဟာ သူမရဲ့ ပထမအခွေ လိမ္မော်ရောင်စိတ်ကူးများ တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးနောက် ဒုတိယတစ်ကိုယ်တော်အခွေ ဒဏ်ရာနှလုံးသား ကိုလာမယ့် ဒီဇင်ဘာလမှာ ထွက်ရှိဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ သူမဟာ လတ်တလောမှာ အိမ်ထောင်ရှိပြီးသား နာမည်ကြီး အဆိုတော်တစ်ဦးနဲ့ ချစ်ကြိုက်နေပါတယ်ဆိုတဲ့ ကောလာဟလနဲ့တွေ ထွက်ရှိနေခဲ့တာမို့ အဲ့ဒီအကြောင်းနဲ့အတူ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ

လိမ္မော်သီးရဲ့ လတ်တလော အနုပညာအကြောင်းအရင်ပြောပြပေးပါ။

လတ်တလောမှာတော့ ညီမ ဓာတ်ပုံရိုက်ဖြစ်တယ်။ ပြီးတော့ညီမရဲ့ ဒုတိယ Solo Album လေးကို ၁၂လပိုင်းလောက် ထွက်ဖြစ်အောင် ကြိုးစားနေပါတယ်။ လာမယ့်၂၄က ညီမရဲ့ မွေးနေ့ဆိုတော့ မွေးနေ့ အတွက်လည်း ပြင်ဆင်နေပါတယ်။ ရှိုးဆိုဖို့လည်း ရှိပါတယ်။

ဒုတိယအခွေမှာရော ROCK သီချင်းပုံစံမျိုးတွေပဲဖြစ်မလား။ Owntune တွေချည်းပဲလား။

ROCK ပဲဆိုတာဆိုတော့ ROCK ပုံစံပါပဲ။ ဒါပေမယ့် ဒီအခွေမှာတော့ ပရိသတ်နဲ့ သဟဇာတပိုဖြစ်မယ့်၊ မိန်းကလေး ပရိသတ်အတွက်လည်း ရည်ရွယ်ပြီး Slow Rock လေးတွေ၊ မိန်းကလေး ခံစားချက် သီချင်းလေးတွေ၊ နည်းနည်းနားအေးမယ့် သီချင်းလေးတွေ ပိုဦးစားပေးပြီး ထည့်ထားတယ်။ တကယ့် Rock စစ်စစ်သမားတွေ အတွက်လည်း Rock သီချင်းစစ်တွေပါပါတယ်။ Owntune တွေချည်းပါပဲ။

အနုပညာခံယူချက်ကရောဘယ်လို သတ်မှတ်ထားသလဲ။

ကိုယ့်အလုပ်ကိုကိုယ် ကြိုးကြိုးစားစားနဲ့ အာရုံစိုက်ပြီးတော့ လုပ်နေမယ်ဆိုရင် တစ်နေ့မှာ ကိုယ်လိုချင်တဲ့ နေရာလေးတစ်နေရာ ရလာမယ်လို့ ထင်ပါတယ်။ အတိုင်းအတာတစ်ခု ကတော့ ရလာမှာပါ။ ကိုယ့်ဘက်က ကြိုးစားနေဖို့ပဲ လိုတယ်။ ပြီးတော့ ပရိသတ်ကို စေတနာ ထားဖို့လိုတယ်။ အဘက်ဘက်က ပြည့်စုံနေမယ်ဆိုရင် ကိုယ်ကြိုးစားနေမယ်ဆိုရင် နောင်တစ်ချိန်ချိန်မှာ ကြိုးစားမှု ရလဒ်ရလာမှာပါ။ ပရိသတ်ကိုအကောင်းဆုံးတွေပဲ ချပြဖို့ အမြဲစိတ်ကူးရှိပါတယ်။

လိမ္မော်သီးရဲ့အချစ်ရေးပြောပြပေးပါလား။

လိမ္မော်သီးမှာ ချစ်သူရှိပါတယ်။ ညီမရဲ့ ချစ်သူနဲ့ အေးအေးဆေးဆေး၊ သာသာယာယာရှိပါတယ်။

ကိုယ့်ရဲ့အိမ်ထောင်ဘက် အဖြစ် ဘယ်လိုလူမျိုးကို ရွေးချယ်သွားမယ်လို့ စိတ်ကူးထားလဲ။

ကိုယ့်ကိုတကယ်ချစ်တဲ့သူဖြစ်ရမယ်။ ပြီးတော့ကိုယ့်ရဲ့အနုပညာကို နားလည်ပေးနိုင်တဲ့သူဖြစ်ရမယ်။ ကိုယ်နဲ့အကျင့်စရိုက်တူတဲ့လူဖြစ်ရမယ်။ စိတ်တူကိုယ်တူ ရှိရမယ်ပေါ့နော်။ အဲဒီလိုလူမျိုးတော့ စိတ်ကူးထားတာပါပဲ။ ဒါပေမယ့်လည်း ဖူးစာဆိုတာ ဘာမှန်းပြောလို့ မရသေးပါဘူး။

အနုပညာရှင်မှန်ရင် ကောလဟလဆိုတာ အမြဲကြုံနေရတယ်၊ ကြားနေရတော့ အဲဒီ့ကောလဟလနဲ့ ပတ်သက်ပြီး လိမ္မော်သီးအနေနဲ့ ဘယ်လိုမြင်မိသလဲ။

ကောလဟလဆိုတာ အခြေအမြစ် မရှိတဲ့လူတွေရဲ့ပါးစပ်က ပြောကြတာပါ။ ဘယ်သူကပြောတာလဲ လို့မေးကြည့်လိုက်ရင်ဘယ်သူဘယ်ဝါဆိုတာ သေချာမပြောနိုင်ဘူး။ သူများအကြောင်းကို အခြေအမြစ်မရှိပဲ ပြောချင်တဲ့သူတွေက ပြောကြတာပေါ့။ ဒါပေမယ့် တစ်ခါတလေမှာ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်လာအောင် ပြောလာတာမျိုး၊ နာမည်တပ်ပြီးတော့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်လာတာမျိုး၊ ပြောတဲ့သူဘယ်သူ လည်းဆိုတာလည်း ကိုယ်က တိုက်ရိုက်သိတဲ့ အခါမျိုးမှာ ဆိုရင်တော့ ဒါမျိုးက ကောလာဟလအစစ် မဟုတ်တော့ဘူး။ ကိုယ့်ကို ဂုဏ်သိက္ခာ ညှိုးနွမ်း စေနိုင်တာမျိုး ဖြစ်အောင် တမင်သက်သက်ကို စော်ကားတဲ့အဆင့်ပေါ့။ အဲဒါမျိုးဆိုရင်တော့ မိန်းကလေးတစ်ယောက် အနေနဲ့ ဂုဏ်သိက္ခာထိခိုက်တဲ့ အလျောက်မှာ ဘယ်သူပြောလဲဆိုတာ သိနေတဲ့ အနေအထားဆိုရင်ပေါ့။ ကိုယ့်ဘက်က ဂုဏ်သိက္ခာပိုင်းနဲ့ပတ်သက်လို့ ကာကွယ်လို့ ရတာတွေ အများကြီးရှိပါတယ်။ အဲဒါမျိုးဆိုရင်တော့ ပြန်လုပ်သင့်တယ်။ ဂုဏ်သိက္ခာထိခိုက်ရင်တော့ ကာကွယ်သင့်တယ်။ တော်ရုံတန်ရုံ ကောလာဟလကတော့ ပြန်ပြီး ဖြေရှင်းမနေပါဘူး။

လိမ္မော်သီးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ကောလာဟလသတင်း အပေါ်မှာရော ဘာပြောချင်တာရှိလဲ။

ညီမပြန်ဖြေရှင်းတာမျိုး မလုပ်ဘူး။ မလုပ်ဘူးဆိုတာက ပရိသတ်က နှစ်မျိုးနှစ်စားရှိတယ်။ တစ်ချို့ပရိသတ်က ပြောတိုင်းရုံတယ်။ လူဆိုတာကတော့ အမျိုးမျိုးရှိတယ်။ တစ်ချို့က ပြောတိုင်းရုံတယ်။ တစ်ချို့က စဉ်းစားချင့်ချိန်ပြီးမှ ယုံတယ်။ ကိုယ့်ဦးနှောက် အသိဥာဏ်နဲ့ပဲ ဆိုင်တယ်။ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိပါးလာတယ်။ ညီမကို တိုက်ရိုက်စော်ကားတဲ့သူကို ညီမဘက်က ကာကွယ်သွားမှာဖြစ်တယ်။ ဖေ့ဘွတ်ပေါ်ကနေ လေနဲ့ဖြေရှင်းတာမျိုးတွေ မလုပ်ဘူး။ အဲဒီ့နည်းလမ်းက မထိရောက်ဘူး။ ညီမတို့လို အနုပညာရှင်သမားတွေ ဘက်မှာလည်း ဂုဏ်သိက္ခာကို ထိခိုက်လာရင် ကာကွယ်နိုင်တာမျိုး လုပ်သင့်တယ်။ အခုတော့ဘာမှမပြောချင်သေးဘူး။

လိမ္မော်သီးအနေနဲ့ ကိုယ့်ရဲ့ကောလာဟလသတင်းကြားလိုက်ရတော့ စိတ်အနှောင့်အယှက် ဖြစ်မိလား။

ညီမကြားကြားချင်း အံ့သြသွားတယ်။ ပြီးတော့မှ ကိုယ်မဟုတ်ပဲ ဘာလို့အဲဒီလိုတွေပြောရတာလဲပေါ့။ အခြေအမြစ် မရှိလိုက်တာပေါ့။ ကိုယ်က အပျိုလည်းဖြစ်တယ် လေ။ နောက်ပြီး အခုချိန်မှာ အောင်မြင်တဲ့ နေရာတစ်နေရာရဖို့ ကြိုးစားနေရတဲ့သူလည်းဖြစ်တယ်။ အဲဒီ့အပေါ်မှာ ဒေါသထွက်တာပေါ့။ နောက်တော့ ကိုယ့်ဘက်က ဘာလုပ်သင့်တယ်ဆိုတာကိုခေါင်းအေးအေးနဲ့  ပြန်စဉ်းစားမိတယ်။ တိုင်ပင်ဆွေးနွေးသင့်တဲ့ သူတွေနဲ့ တိုင်ပင်ဆွေးနွေးတယ်။ အဖြေထွက်လာတယ်။ အဲဒီ့ထွက်လာတဲ့ အဖြေအတိုင်းပဲ လုပ်သွားဖို့ စိတ်ကူးထားပါတယ်။

လိမ္မော်သီးအနေနဲ့ အခုလိုမျိုးကောလဟလထွက်ခဲ့ပြီဆိုတော့ ကိုယ့်ရဲ့အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး  ထိခိုက်သွားမှာ ကြောက်တာတို့၊ ပရိသတ်အားပေးမှုလျော့သွား မှာကြောက်တဲ့စိတ်မျိုး ဖြစ်သွားလား။

အဲဒါကတော့ပြောတိုင်းယုံတတ်တဲ့သူတွေကတော့ အားပေးချင်မှ အားပေးမှာပေါ့။ အခုဒီလိုဖြစ်တာ နှစ်ရက်လောက်ပဲ ရှိဦးမယ်။ ဒီနှစ်ရက်အတွင်းမှာ ဖြစ်တဲ့ သတင်းရဲ့အောက်မှာ ဝင်ပြီးရေးကြတဲ့ သူတွေအားလုံးကလည်း ညီမရဲ့ပရိသတ်တွေ မဟုတ်ဘူး။ ညီမရဲ့မူရင်းအခွေတောင် ဝယ်ပြီး အားပေးတဲ့သူ တစ်ယောက်မှမပါဘူး။ ညီမကိုသိတောင်မသိတဲ့ သူတွေပါတယ်။ အဲဒီလိုဖြစ်တော့မှ ဘယ်သူလဲ။ဘယ်သူလဲဆိုပြီးတော့ လိုက်ကြည့်နေတဲ့ သူတွေကများတယ်။ ဘုမသိဘမသိနဲ့ဝင်ရေးပြီး သံယောင်လိုက်နေကြတဲ့ သူတွေများပါတယ်။ ဒါတွေက ပရိသတ် မဟုတ်ပါဘူး။ ညီမ ပရိသတ်က ညီမဘက်မှာရှိနေမှာပါ။ တစ်ချိန်ချိန်မှာတော့ အဖြေမှန် ကိုသိသွားကြမှာပါ။ ညီမဘက်ကတော့ လုပ်စရာရှိတာကို လုပ်နေမှာပါပဲ။ အဖြေမှန်ကိုသိသွားတဲ့ တစ်နေ့ကျရင်တော့ ညီမရဲ့ ပရိသတ်ဖြစ်ချင်လည်း ဖြစ်လာမှာပေါ့။ ညီမရဲ့ပရိသတ်တွေကတော့ အမြဲအားပေးစကား ပြောပေးကြတယ်။

ပရိသတ်ကိုပြောချင်တဲ့စကားရှိရင်ပြော ပေးပါဦး။

ညီမဘက်က အခုထွက်နေတဲ့ ကောလဟလနဲ့ပတ်သက်ပြီးတော့ အခုချိန်မှာ ပြောချင်တာ ဘာမှမရှိပါဘူး။ တစ်ချက်တော့စောင့်ကြည့်ပေးပါ။ အချိန်နည်းနည်းပေးပါ။ အနုပညာအလုပ်တွေကို လုပ်နေကျအတိုင်းပဲ ဆက်လုပ်သွားပါမယ်။ ကြိုးစားနေကျအတိုင်း ဆက်လက်ကြိုးစားနေပါတယ်။ ပရိသတ်အားလုံးကျန်းမာ၊ ချမ်းသာကြပါစေ။

Trend Myanmar
Rock သီချင်းတွေနဲ့ ပရိသတ်ကြား နာမည်ရလာခဲ့တဲ့ အဆိုတော် လိမ္မော်သီးဟာ သူမရဲ့ ပထမအခွေ လိမ္မော်ရောင်စိတ်ကူးများ တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးနောက် ဒုတိယတစ်ကိုယ်တော်အခွေ ဒဏ်ရာနှလုံးသား ကိုလာမယ့် ဒီဇင်ဘာလမှာ ထွက်ရှိဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ သူမဟာ လတ် တလောမှာ အိမ်ထောင်ရှိပြီးသား နာမည်ကြီး အဆိုတော်တစ်ဦးနဲ့ ချစ်ကြိုက်နေပါတယ်ဆိုတဲ့ ကောလာ ဟလနဲ့တွေ ထွက်ရှိနေခဲ့တာမို့ အဲ့ဒီအကြောင်းနဲ့အတူ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှား မှုတွေ အကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ လိမ္မော်သီးရဲ့ လတ်တလော အနုပညာအကြောင်းအ ရင်ပြောပြပေးပါ။

လတ်တလောမှာတော့ ညီမ ဓာတ်ပုံရိုက်ဖြစ်တယ်။ ပြီးတော့ညီမရဲ့ ဒုတိယ Solo Album လေးကို ၁၂လပိုင်းလောက် ထွက်ဖြစ်အောင် ကြိုးစားနေပါတယ်။ လာမယ့်၂၄က ညီမရဲ့ မွေးနေ့ဆိုတော့ မွေးနေ့ အတွက်လည်း ပြင်ဆင်နေပါတယ်။ ရှိုးဆိုဖို့လည်း ရှိပါတယ်။

ဒုတိယအခွေမှာရော ROCK သီချင်းပုံစံမျိုးတွေပဲဖြစ်မလား။ Owntune တွေချည်းပဲလား။
ROCK ပဲဆိုတာဆိုတော့ ROCK ပုံစံပါပဲ။ ဒါပေမယ့် ဒီအခွေမှာတော့ ပရိသတ်နဲ့ သဟဇာတပိုဖြစ်မယ့်၊ မိန်းကလေး ပရိသတ်အတွက်လည်း ရည်ရွယ်ပြီး Slow Rock လေးတွေ၊ မိန်းကလေး ခံစားချက် သီချင်းလေးတွေ၊ နည်းနည်းနားအေးမယ့် သီချင်းလေးတွေ ပိုဦးစားပေးပြီး ထည့်ထားတယ်။ တကယ့် Rock စစ်စစ်သမားတွေ အတွက်လည်း Rock သီချင်းစစ်တွေပါပါတယ်။ Owntune တွေချည်းပါပဲ။

အနုပညာခံယူချက်ကရောဘယ်လို သတ်မှတ်ထားသလဲ။
ကိုယ့်အလုပ်ကိုကိုယ် ကြိုးကြိုးစားစားနဲ့ အာရုံစိုက်ပြီးတော့ လုပ်နေမယ်ဆိုရင် တစ်နေ့မှာ ကိုယ်လိုချင်တဲ့ နေရာလေးတစ်နေရာ ရလာမယ်လို့ ထင်ပါတယ်။ အတိုင်းအတာတစ်ခု ကတော့ ရလာမှာပါ။ ကိုယ့်ဘက်က ကြိုးစားနေဖို့ပဲ လိုတယ်။ ပြီးတော့ ပရိသတ်ကို စေတနာ ထားဖို့လိုတယ်။ အဘက်ဘက်က ပြည့်စုံနေမယ်ဆိုရင် ကိုယ်ကြိုးစားနေမယ်ဆိုရင် နောင်တစ်ချိန်ချိန်မှာ ကြိုးစားမှု ရလဒ်ရလာမှာပါ။ ပရိသတ်ကိုအကောင်းဆုံးတွေပဲ ချပြဖို့ အမြဲစိတ်ကူးရှိပါတယ်။

လိမ္မော်သီးရဲ့အချစ်ရေးပြောပြပေးပါလား။
လိမ္မော်သီးမှာ ချစ်သူရှိပါတယ်။ ညီမရဲ့ ချစ်သူနဲ့ အေးအေးဆေးဆေး၊ သာသာယာယာရှိပါတယ်။

ကိုယ့်ရဲ့အိမ်ထောင်ဘက် အဖြစ် ဘယ်လိုလူမျိုးကို ရွေးချယ်သွားမယ်လို့ စိတ်ကူးထားလဲ။
ကိုယ့်ကိုတကယ်ချစ်တဲ့သူဖြစ်ရမယ်။ ပြီးတော့ကိုယ့်ရဲ့အနုပညာကို နားလည်ပေးနိုင်တဲ့သူဖြစ်ရမယ်။ ကိုယ်နဲ့ အကျင့် စရိုက်တူတဲ့လူဖြစ်ရမယ်။ စိတ်တူကိုယ်တူ ရှိရမယ်ပေါ့နော်။ အဲဒီလိုလူမျိုးတော့ စိတ်ကူး ထားတာပါပဲ။ ဒါပေမယ့်လည်း ဖူးစာဆိုတာ ဘာမှန်းပြောလို့ မရသေးပါဘူး။

အနုပညာရှင်မှန်ရင် ကောလဟလဆိုတာ အမြဲကြုံနေရတယ်၊ ကြားနေရတော့ အဲဒီ့ကောလဟလနဲ့ ပတ်သက်ပြီး လိမ္မော်သီးအနေနဲ့ ဘယ်လိုမြင်မိသလဲ။

ကောလဟလဆိုတာ အခြေအမြစ် မရှိတဲ့လူတွေရဲ့ပါးစပ်က ပြောကြတာပါ။ ဘယ်သူကပြောတာလဲ လို့မေး ကြည့် လိုက်ရင်ဘယ်သူဘယ်ဝါဆိုတာ သေချာမပြောနိုင်ဘူး။ သူများအကြောင်းကို အခြေအမြစ်မရှိပဲ ပြောချင် တဲ့ သူတွေက ပြောကြတာပေါ့။ ဒါပေမယ့် တစ်ခါတလေမှာ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်လာအောင် ပြောလာတာမျိုး၊ နာမည်တပ်ပြီးတော့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်လာတာမျိုး၊ ပြောတဲ့သူဘယ်သူ လည်း ဆိုတာလည်း ကိုယ်က တိုက်ရိုက်သိတဲ့ အခါမျိုးမှာ ဆိုရင်တော့ ဒါမျိုးက ကောလာဟလအစစ် မဟုတ်တော့ဘူး။ ကိုယ့်ကို ဂုဏ်သိက္ခာ ညှိုးနွမ်း စေနိုင်တာမျိုး ဖြစ်အောင် တမင်သက်သက်ကို စော်ကားတဲ့ အဆင့်ပေါ့။ အဲဒါမျိုးဆိုရင်တော့ မိန်းကလေးတစ်ယောက် အနေနဲ့ ဂုဏ်သိက္ခာထိခိုက်တဲ့ အလျောက်မှာ ဘယ်သူပြောလဲဆိုတာ သိနေတဲ့ အနေအထားဆိုရင်ပေါ့။ ကိုယ့်ဘက်က ဂုဏ်သိက္ခာပိုင်းနဲ့ပတ်သက်လို့ ကာကွယ်လို့ ရတာတွေ အများကြီးရှိပါတယ်။ အဲဒါမျိုးဆိုရင်တော့ ပြန်လုပ်သင့်တယ်။ ဂုဏ်သိက္ခာ ထိခိုက်ရင်တော့ ကာကွယ်သင့်တယ်။ တော်ရုံတန်ရုံ ကောလာဟလကတော့ ပြန်ပြီး ဖြေရှင်းမနေပါဘူး။

လိမ္မော်သီးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ကောလာဟလသတင်း အပေါ်မှာရော ဘာပြောချင်တာရှိလဲ။
ညီမပြန်ဖြေရှင်းတာမျိုး မလုပ်ဘူး။ မလုပ်ဘူးဆိုတာက ပရိသတ်က နှစ်မျိုးနှစ်စားရှိတယ်။ တစ်ချို့ပရိသတ်က ပြောတိုင်းရုံတယ်။ လူဆိုတာကတော့ အမျိုးမျိုးရှိတယ်။ တစ်ချို့က ပြောတိုင်းရုံတယ်။ တစ်ချို့က စဉ်းစား ချင့်ချိန်ပြီးမှ ယုံတယ်။ ကိုယ့်ဦးနှောက် အသိဥာဏ်နဲ့ပဲ ဆိုင်တယ်။ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိပါးလာတယ်။ ညီမကို တိုက်ရိုက်စော်ကားတဲ့သူကို ညီမဘက်က ကာကွယ်သွားမှာဖြစ်တယ်။ ဖေ့ဘွတ်ပေါ်ကနေ လေနဲ့ဖြေရှင်း တာမျိုးတွေ မလုပ်ဘူး။ အဲဒီ့နည်းလမ်းက မထိရောက်ဘူး။ ညီမတို့လို အနုပညာရှင် သမားတွေ ဘက်မှာလည်း ဂုဏ်သိက္ခာကို ထိခိုက်လာရင် ကာကွယ်နိုင်တာမျိုး လုပ်သင့်တယ်။ အခုတော့ ဘာမှမပြောချင်သေးဘူး။

လိမ္မော်သီးအနေနဲ့ ကိုယ့်ရဲ့ကောလာဟလသတင်းကြားလိုက်ရတော့ စိတ်အနှောင့်အယှက် ဖြစ်မိလား။
ညီမကြားကြားချင်း အံ့သြသွားတယ်။ ပြီးတော့မှ ကိုယ်မဟုတ်ပဲ ဘာလို့အဲဒီလိုတွေပြောရတာလဲပေါ့။ အခြေအမြစ် မရှိလိုက်တာပေါ့။ ကိုယ်က အပျိုလည်းဖြစ်တယ် လေ။ နောက်ပြီး အခုချိန်မှာ အောင်မြင်တဲ့ နေရာတစ်နေရာရဖို့ ကြိုးစားနေရတဲ့သူလည်းဖြစ်တယ်။ အဲဒီ့အပေါ်မှာ ဒေါသထွက်တာပေါ့။ နောက်တော့ ကိုယ့်ဘက်က ဘာလုပ်သင့်တယ်ဆိုတာကိုခေါင်းအေးအေးနဲ့  ပြန်စဉ်းစားမိတယ်။ တိုင်ပင်ဆွေးနွေးသင့်တဲ့ သူတွေနဲ့ တိုင်ပင်ဆွေးနွေးတယ်။ အဖြေထွက်လာတယ်။ အဲဒီ့ထွက်လာတဲ့ အဖြေအတိုင်းပဲ လုပ်သွားဖို့ စိတ်ကူးထားပါတယ်။

လိမ္မော်သီးအနေနဲ့ အခုလိုမျိုးကောလဟလထွက်ခဲ့ပြီဆိုတော့ ကိုယ့်ရဲ့အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး  ထိခိုက်သွားမှာ ကြောက်တာတို့၊ ပရိသတ်အားပေးမှုလျော့သွား မှာကြောက်တဲ့စိတ်မျိုး ဖြစ်သွားလား။
အဲဒါကတော့ပြောတိုင်းယုံတတ်တဲ့သူတွေကတော့ အားပေးချင်မှ အားပေးမှာပေါ့။ အခုဒီလိုဖြစ်တာ နှစ်ရက်လောက်ပဲ ရှိဦးမယ်။ ဒီနှစ်ရက်အတွင်းမှာ ဖြစ်တဲ့ သတင်းရဲ့အောက်မှာ ဝင်ပြီးရေးကြတဲ့ သူတွေ အားလုံး ကလည်း ညီမရဲ့ပရိသတ်တွေ မဟုတ်ဘူး။ ညီမရဲ့မူရင်းအခွေတောင် ဝယ်ပြီး အားပေးတဲ့သူ တစ်ယောက်မှမပါဘူး။ ညီမကိုသိတောင်မသိတဲ့ သူတွေပါတယ်။ အဲဒီလိုဖြစ်တော့မှ ဘယ်သူလဲ။ဘယ်သူလဲဆိုပြီးတော့ လိုက်ကြည့်နေတဲ့ သူတွေကများတယ်။ ဘုမသိဘမသိနဲ့ဝင်ရေးပြီး သံယောင် လိုက်နေကြတဲ့ သူတွေများပါတယ်။ ဒါတွေက ပရိသတ် မဟုတ်ပါဘူး။ ညီမ ပရိသတ်က ညီမဘက်မှာ ရှိနေမှာပါ။ တစ်ချိန်ချိန်မှာတော့ အဖြေမှန် ကိုသိသွားကြမှာပါ။ ညီမဘက်ကတော့ လုပ်စရာရှိတာကို လုပ်နေ မှာပါပဲ။ အဖြေမှန်ကိုသိသွားတဲ့ တစ်နေ့ကျရင်တော့ ညီမရဲ့ ပရိသတ်ဖြစ်ချင်လည်း ဖြစ်လာမှာပေါ့။ ညီမရဲ့ပရိသတ်တွေကတော့ အမြဲအားပေးစကား ပြောပေးကြတယ်။

ပရိသတ်ကိုပြောချင်တဲ့စကားရှိရင်ပြော ပေးပါဦး။
ညီမဘက်က အခုထွက်နေတဲ့ ကောလဟလနဲ့ပတ်သက်ပြီးတော့ အခုချိန်မှာ ပြောချင်တာ ဘာမှမရှိပါဘူး။ တစ်ချက်တော့စောင့်ကြည့်ပေးပါ။ အချိန်နည်းနည်းပေးပါ။ အနုပညာအလုပ်တွေကို လုပ်နေကျအတိုင်းပဲ ဆက်လုပ်သွားပါမယ်။ ကြိုးစားနေကျအတိုင်း ဆက်လက်ကြိုးစားနေပါတယ်။ ပရိသတ်အားလုံးကျန်းမာ၊ ချမ်းသာကြပါစေ။

Trend Myanmar 

No comments:

Post a Comment